Posts

Showing posts from January 20, 2019

Time With Holy Spirit

Image

OCEANS (Hillsong instrumental cover) MALIN

Image

ရုန်းထွက်ပါ

၁ပေ၊ ၂း၈ ထိုဖြောင့်မတ်သောသူသည် မတရားသောသူတို့တွင်နေစဉ်အခါ၊ သူတို့၏မတရားသောအမှုများကို နေ့တိုင်းမပြတ်မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သောစိတ်နှလုံးကို ပြင်းစွာညှင်းဆဲရ၏။ သောဒုံနှင့်ဂေါမောရမြို့ကို ရွေးချယ်ခဲ့သော လောတ၏အသက်တာ၌ ဘုရား၏ပြညွှန်မှုထက် ကိုယ့်စိတ်သဘောအတိုင်းမြင်ရသည့်အတိုင်း ရွေးချယ်ခဲ့သည်အတွက် မတရားသောအမှုများနှင့်ပြည့်နှက်နေသော သောဒုံနှင့်ဂေါမောရမြို့ မတရားသောအကျင့်များကို မမြင်ချင်အဆုံးမြင်တွေ့နေရသည် လောတသည် မြောင့်မတ်စွာအသက်ရှင်သောလည်း ပတ်ဝန်းကျင်သည် မိုးခါးရေသောက်သူများဖြစ်နေသောကြောင့် ကိုယ်တိုင်လည်း သောက်လာရသည်။ မတရားသော အမှု ပျက်စီးခြင်းမှ ဘုရားသခင်ကယ်နှုတ်သည့်တိုင် လောတမိသားစု ဖင့်နွှဲနေသော ထာဝရဘုရားသနားတော်မူသောကြောင့် မြို့ပြင်သို့ရောက်ခဲ့သည်။ ဘုရားသခင်ပြညွှန်သော ဒေသ၊ လမ်း၊ ကို မရွေးချယ်ပဲ ကိုယ်၏ တပ်မက်မှုဖြင့် လျှောက်လှမ်းနေမည်ဆိုလျှင် ကောင်းစားခြင်းခံစားရကောင်းခံစားရမည် သို့သော် ထိုတပ်မက်မှု၏ရွေးချယ်မှု နောက်ကွက် ဆိုးကျိုးများ၌​ရုန်းထွက်နိုင်ဖို့ လိုအပ်ပေမည်။ လောတ သမီးနှစ်ယောက်နှင့် လွတ်မြောက်လာသော်လည်း မတရားသောအကျင့်များသည် ကပ်ပါလာခဲ့သည်။ သင်၏ပတ်ဝန်းကျင်၌ မတရ