Posts

Showing posts from March 5, 2017

Download

Image
ကိုယ်စားပြုဆုတောင်းအမှုတော်ဆောင်ခြင်း၏ သဘောတရား   Download

Download

Image
ခွင့်လွတ်ခြင်း Download

Download

Image
ဒုတိယမွေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် Download

ဒေါက်တာဒေးဗစ်ယုံကီချို

အခန်း (၂) ဘုရားသခင်အထံတော်၌ ရှေးဦးစွာအစေခံပါ (ယေဇကျေ၊ ၄၄း ၁၅ - ၁၈) “ဘုရားသခင်အထံတော်၌ ရှေးဦးစွာ အစေခံပါ” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါသည်။ အခြေပြုရမည့် ကျမ်းပိုဒ်မှာ (ယေဇကျေ၊ ၄၄း၁၅-၁၈) ဖြစ်ပါသည်။ သင်းအုပ်ဆရာတစ်ယောက်သည် တနင်္ဂနွေဝတ်ပြုအစီအစဉ်၌ ဝေငှရန် တရားဟောချက်တစ်ပုဒ်ကို အပြင်းအထန်ပြင်ဆင်နေသည်။ ထို အချိန်၌ သူ၏သားငယ်သည် ကြားဝင်ပြီး လာရောက်စကားပြောသည်။ သားငယ်လေးထွက်သွားစေရန်အတွက် သင်းအုပ်ဆရာသည် က မ္ဘာမြေပုံတစ်ပုံကို မဂ္ဂဇင်းစာအုပ်တစ်အုပ်မှ ဆွဲဖြဲလိုက်သည်။ ထိုမြေပုံကို တစစီဖြစ်အောင်ဆုတ်ဖြဲကာ “အစိတ်အပိုင်းတစ်ခုစီကို ဆက်နိုင် သည့်အခါကျမှပြန်လာပါ”ဟု သူ့သားငယ်အားပြောလိုက်ပြီး၊ သင်းအုပ်ဆရာသည် သူ့သားအားတံခါးကို ညွှန်ပြ၍ထွက်ခိုင်းလိုက်သည်။ မကြာမှီ သူ၏သားပြန်လာကာ မှန်ကန်စွာဖြင့် ဆက်ထားသည့် ကမ္ဘာမြေပုံကို သူဖခင်အားပေးလိုက်သည်။ သင်းအုပ်ဆရာက “အံ့ဩစွာ ဖြင့် ဘယ်လိုပြန်ဆက်နိုင်တာလဲ”ဟု မေးရာ “ဖေဖေ့မြေပုံနောက်ကြောမှာ ပုံတူတစ်ခုရှိတယ်။ ပုံတူကို ဆက်ရန် လွယ်တယ်။ တဖက်လှန် ပြီး ဆက်လိုက်တာ မြေပုံထွက်လာတယ်”ဟုဆို၏။ ထိုအချိန်၌ပက် သင်းအုပ်ဆရာ၏ စိတ်ထဲ၌ အလင်းတစ်ခုရရှိလာသည်။...

အသက်တာဆိုင်ရာ

ရန်တွေ့ခြင်းကို မြင်အောင် ဖွင့်ပြခြင်း ============================== ရန်တွေ့ခြင်းဥာဉ်ဆိုးမှာ နေရာတကာကို လှည့်လည်ဖို့ ငရဲပြည်ကနေပေးအပ် တဲ့ တာဝန်တစ်ရပ်ရှိတယ်။ အဲဒီ ၀ိညာဉ်ဆိုးကို လူ့မျက်စိနဲ့မမြင်ရဘူး။ ဒါပေမဲ့ သူဟာ အမှန်တကယ် တည်ရှိတယ်ဆိုတာကိုတော့ သိနိုင်ပါတယ်။ ခိုက်ရန်ဖြစ်ပွားခြင်းကို အဘိဓာန်ထဲမှာ ဒီလိုတွေ့ရပါတယ်။ "တိုက်ခိုက်ခြင်း၊ မုန်းတီးခြင်း၊ မကြာခဏ ဆိုးဆိုးရွားရွား ပဋိပက္ခဖြစ်ခြင်း၊ ခါးခါးသီးသီး သဲ ကြီးမဲကြီး ရန်ဖြစ်ခြင်း၊ ပြိုင်ဘက်တွေအကြားမှာ ရုန်းကန်ခြင်း၊ အငြင်းပွားခြင်း" ခိုက်ရန်ဖြစ်ပွားခြင်းနဲ့ပတ်သက်ပြီး အခြားဖော်ပြချက်တွေက “ငြင်းခုံခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ဆူညံစွာ ငြင်းခုံရာ၌ ပါဝင်ခြင်း၊ စကားရည်လုခြင်း၊ လှုံ့ဆော်ခြင်း၊ အုပ်စုဖွဲ့ခြင်း” စတာတို့ဖြစ်သည်။           လူတော်တော်များများတို့ဟာ ရန်တွေ့ခြင်းဥာဉ်ဆိုးရဲ့ဖျက်ဆီးခြင်းအောက်မှာ အသက်ရှင်ကြပါတယ်။ ဒါပေမယ့် သူတို့မှာရှိတဲ့ ပြဿနာရဲ့အရင်းခံ ဇစ်မြစ်ကို မသိကြဘူး။ တချို့က နတ်ဆိုးတွေဟာ ဖျက်ဆီးခြင်းရဲ့ နောက်ကွယ်မှာ ရှိတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမယ့် စာတန်ရဲ့ဝင်ပေါက်ကိုမသိကြပြန်ဘူး။ ဒါေ...

ဒေါက်တာဒေးဗစ်ယုံကီချို (၁)

အခန်း (၁) အသက်တာနှင့် နားလည်သိတတ်မှု (ယော၊ ၈း၁-၁၁) “အသက်တာနှင့် နားလည်သိတတ်မှု” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝေငှလိုပါသည်။ ယနေ့အခြေပြုမည့် ကျမ်းပိုဒ်မှာ (ယော၊ ၈း၁ - ၁၁) ဖြစ်ပါသည်။ ယေရှုအတွက် လူသည် အမွန်မြတ်ဆုံးဖြစ်ပါသည်။ လူတို့သည် ဥပဒေများ စနစ်များထက်ပို၍ တန်ဘိုးထားသည်။ ထို့ကြောင့် ပြိုလဲသော သူများအတွက် ယေရှုသည် မိမိအသက်တာကို ပူဇော်ရခြင်း ဖြစ်ပါသည်။ တစ်နေ့သော် နံနက်စောစောအချိန်တွင် ယေရှုသည် လူထုကြီးကို ဗိမာန်တော်၌ သွန်သင်ဆုံးမနေစဉ် ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့ သည် အမျိုးသမီးတစ်ယောက်ကို ခေါ်လာကြကာ “ဆရာ -   ဤအမျိုးသမီးသည် မတရားသောမေထုန်ပြုနေစဉ်မှာပင် တွေ့မိပါ၏။ မော ရှေ၏ ပညတ်တော်အရ ထိုအမျိုးသမီးအား ကျောက်ခဲနှင့်ပစ်သတ်ရန် ဖြစ်ပါသည်။   ယခု ကိုယ်တော်မည်သို့ပြုမည်နည်း” ဟုဆိုကြ၏။ ယေရှုသည် ခါးကိုညွတ်ကာ လက်ညှိုးတော်ဖြင့် မြေကြီးပေါ်စတင်၍ စာရေးလိုက်သည်။ ထိုသူတို့သည် မိမိတို့၏အခွင့်အရေးအတွက် ပညတ်တော်ကို အသုံးပြုကြသည်နှင့်အညီ ကိုယ်တော်သည် လက်ညှိုးတော်ဖြင့် ထို ပညတ်တော်ကို ရေးသားရခြင်းဖြစ်ကောင်းဖြစ်နိုင် သည်။ ထိုပညတ်တော်ကို ရေးသားပြီးနောက် ယေရှုသည် ကိုယ်ကိုလှန်...