Posts

Showing posts from April 26, 2020

ကောင်းသောအဘို့ကိုရွေးယူခြင်း

Image
လောကတွင်အသက်ရှင် နေထိုင်သာအခါ အဘယ်သို့သောအရာသည် ကျွန်ုပ်တို့အတွက်အရေးကြီးဆုံးဖြစ်သနည်း။ လောကတွင် လူသားတိုင်းသည်ဝမ်းရေးအတွက်အဓိကထား ဖွေရှာအသက်ရှင်ကြသည်။ တရားကိုကိုယ့်ရဲ့အားလက် သောအချိန်တစ်ခု၌ ရှာ ဖွေအားထုတ်တတ်ကြသည်။ ဘုရားသခင်၏နိုင်ငံတော်အတွက် ကျွန်ုပ်တို့များစွာပါဝင်ဆက်ကပ်ကြသည်။ ပေးလှူခြင်း၎င်း၊ လုပ်အားဖြင့်၎င်း၊ အဖက်ဖက်တွင် တထောင့်တနေရာဖြင့် ပါဝင်ဆက်ကပ် နေကြသည်။ သို့သော် ဘုရားသခင်နှင့်မိတ်သသာယဖွဲ့ခြင်း၌ အချိန်ပေးမှုနည်း‌ပါး ပေသည်။ (လုကာ ၁ဝး၄၁-၄၂  ယေရှုက၊ မာသ၊မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်းကိုခံရ၏။ မာရိမူကား၊ ကောင်း သောအဘို့ကိုရွေးယူပြီ၊ ထိုအဘို့ကိုအဘယ်မျှမနှုတ်မယူရာဟု မိန့်တော်မူ၏။) ထိုနှုတ်ကပတ် တော်ကျမ်းပိုဒ်၌ "များစွာသာအမှု" နှင့် ‌"ကောင်း သောအဘို့" ဆိုတာ တွေ့၍ ဆင်ခြင်မိမည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် အသင်း တော်အတွက် သာသနာလုပ်ငန်းအတွက် အဘယ်သို့ပြင်ဆင်ဆောင်ရွက်မည် ဆက်ကပ်မည်ဟု၍ စိတ်အားထက်သန်ကြပေသည်။ ထိုအမှုအရာများဖြင့် တွေးပူ၍ဝန်ထုတ်ဝန်ပိုးဖြစ်လာပေသည်။ ထိုနောက် ဘုရားထံမှ ဆက်လက်လုပ်နိုင်ရန် ခွန်အား တောင်းခံကြ‌ ပေသည်။ ကျွန်ုပ်တ

စိုးရိမ်ခြင်း

Image
အဘယ်အချိန်တွင် စိုးရိမ်မှုအရှိဆုံးနည်း။ ဘဝ၏ပြဿနာများသည် မနိုင်ဝန်ဖြစ်လာသောအချိန် ဖြေရှင်းနိုင်သာနည်းလမ်းမစဉ်းစားရတော့အချိန်များ၌ စိုးရိမ်မှုသည်ထွက်ပါ်လာသည်။ ဘဝနဲ့ရင်း၍ဖြစ်ပေါ်လာသော စိုးရိမ်မှုကြီးကို သင်ဘယ်လို ဖြေရှင်းမည်နည်း။  နှုတ်ကပတ် တော်သမ္မာကျမ်းစာ၌ (ရှင်လုကာ ၈း၄၀-၅၆) တွင် တရားစရပ်မှူး ယာဣရု နှင့် တတယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသာအမျိုးသမီးအကြောင်းကို ဆင်ခြင်ကြည့်ရာ၌ သခင်ယေရှုက ထိုသူနှစ်ဦးဖြစ်သည့် ယာဣရုနှင့်အမျိုးသမီးတို့ကို ပြောသည့်စကား၌ (လုကာ ၈း၄၈ - ကိုယ် တော်ကလည်း ငါ့သမီး မစိုးရိမ်နှင့် သင်၏ယုံကြည်ခြင်းသည် သင်အနာကို ငြိမ်းစေပြီ ငြိမ်ဝပ်စွာ သွား လော့ဟု မိန့်တော်မူ၏။) ထိုအမျိုးသမီးသည် သူ၏ရောဂါပျောက်ကင်းဖို့အတွက် တဆယ်နှစ်နှစ်ပတ်လုံး ဥစ္စာရှိသ မျှအကုန်ခံ၍ ဆေးသမားများစွာကုသခဲ့သာလည်း မပျောက်ကင်းခဲ့ပါ။ ထိုကြောင့် ယခုတကြိမ်တွင် ယေရှုခရစ်တော်၏သတင်းတော်ကြား၍ ‌ယေရှု၏အဝတ်ပန်းပွါးကို တို့ရင် ရောဂါ ပျောက်မည်ဟု ယုံကြည်ကာကြိုးစားတို့ထိခဲ့သည်။ ထိုရလဒ်သည် တဆယ်နှစ်နှစ်မပျာက်သော ရောဂါ ထိုအချိန်၌ပျောက်ကင်းသွားသည်။ တရားစရပ်မှူးမှာလည်း မြော်လင့်ချက်ဖြင့်သွားခေါ်ခဲ့သည် သို့သော် လမ်းတဝက