Posts

Showing posts with the label အသက္တာဆိုင္ရာ

သစ္စာစောင့်၍

"သစ္စာစောင့်၍ဖြောင့်မတ်သောလူမျိုးဝင်ပါစေ။ စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့်အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။" (ဟေရှာယ ၂၆း၃) ဘဝမှာခက်ခဲပြဿနာရင်ဆိုင်လာရတဲ့အခါ ဘုရားသခင်အပေါ် ဘယ်လောက်သစ္စာစောင့်၊သစ္စာရှိသလဲ ဘုရားသခင်သူသည်စိတ်ဝင်စားသည်။ ကျမ်းစာထဲ၌ ဘုရားသခင်အပေါ်သစ္စာရှိသောသူများစွာတွေ့ရသည်။ ထိုသစ္စာရှိသောသူများထဲတွင် ကျွန်ုပ်တို့ပါဝင်နေရမည်။ သစ္စာရှိသောသူ ယောဘအကြောင်းကိုလည်း များစွာဆင်ခြင်နိုင်ပါသည်။ နောက် ယနေ့တွင် ဒံယေလ၏ သစ္စာစောင့်ခြင်းကို ဆင်ခြင်မိမယ်ဆို ကျွန်ုပ်တို့၏ ဘဝခက်ခဲပြဿနာရင်ဆိုင်မှုများသည် အလွန်လွယ်ကူနေပေလိမ့်မည်။ ဒံယေလအနာဂတ္တိကျမ်း ၆ တခန်းလုံးဖတ်ကြည့်၍ ခွန်အားယူကြပါစို့။ (ကိုယ်ပိုင်ကျမ်းစာအုပ်ဖွင့်၍ဖတ်ရှုပါ)။ ဒံယေလအနာဂတ္တိကျမ်း ၆ တခန်းလုံးကို ဖတ်ရှုပြီနောက် ဒံယေလ၏တွေ့ကြုံသော အခက်အခဲကို တွေ့ရပေမည် သူ၌ရွေးချယ်ရမည် ရှင်ဘုရင်အမိန့်နှင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ထိုမိတ်သဟာယဖွဲ့ခြင်းသည် တနေ့ကို သုံးကြိမ်ဖြစ်သည်။ ရှင်ဘုရင်အမိန့်ကို ရက်သုံးဆယ်အတွင်း တနေ့ကို သုံးကြိမ်ဆန့်ကျင့်ခဲ့သည်။ ထိုကြောင့် ဒံယေလ ခြင်္သ...

ယုံကြည်သောစိတ်မပျက်စေခြင်းငှါ

      သင်၏ယုံကြည်သောစိတ်မပျက်စေခြင်းငှါ ငါသည်သင့်အဘို့ဆုတောင်းလေပြီ။ သင်သည်သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကိုတည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊ ရှင်လုကာ ၂၂း ၃၂        ယနေ့ကျွန်ုပ်တို့အသက်တာတွင် ပြန်လည်ဆင်ခြင်အောက်မေ့လိုက်လျှောက်ရမည့်အချက်တစ်ခုမှာ ကျွန်ုပ်တို့ ရင်းနှီးသောမိတ်ဆွေများအတွက် သတိရဆုတောင်းပေးပြီလား။ အများအားဖြင့် ဆုတောင်းပေးကြသည်မှာအမှန်ပေ။ သို့သော် သူ၏ယုံကြည်ခြင်းခိုင်မြဲဖို့ ဆုတောင်းပေးရမည်။ လူတိုင်းသည် စုံစမ်းခြင်းကို တွေ့ကြုံကြရမည် စုံစမ်းခြင်းကို အောင်မြင်ခြင်းသည် သော့ချက်သည် ယုံကြည်ခြင်းဖြစ်ပေသည်။ ထိုသို့သော် ယုံကြည်ခြင်းအတွက် သခင်ယေရှုသည် ပေတရုအတွက်ဆုတောင်းပေးသည်ကို သမ္မာကျမ်းအားဖြင့်တွေ့ရသည်။ "သင်၏ယုံကြည်သောစိတ်မပျက်စေခြင်းငှါ ငါသည်သင့်အဘို့ဆုတောင်းလေပြီ။" ယေရှုခရစ်တော်ပြောခဲ့သည်။ နောက်ဆက်ပြောခဲ့သည်မှာ " သင်သည်သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်" ဟုဖြစ်သည်။ ကျွန်ုပ်တို့၏မိတ်ဆွေညီအစ်မောင်နှမများအတွက် သူတို့စုံစမ်းခြင်းနှင့်ရင်ဆိုင်နေရချိန် ကျွန်ုပ်တို့အဘယ်ကဲ့သို့အားပေးမည်နည်း။ ပြစ်တင်မည်လော...

ချိုးသောလက်၊ ကျသောဓါး (Sayar Titus Thway)

Image

ရုန်းထွက်ပါ

၁ပေ၊ ၂း၈ ထိုဖြောင့်မတ်သောသူသည် မတရားသောသူတို့တွင်နေစဉ်အခါ၊ သူတို့၏မတရားသောအမှုများကို နေ့တိုင်းမပြတ်မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သောစိတ်နှလုံးကို ပြင်းစွာညှင်းဆဲရ၏။ သောဒုံနှင့်ဂေါမောရမြို့ကို ရွေးချယ်ခဲ့သော လောတ၏အသက်တာ၌ ဘုရား၏ပြညွှန်မှုထက် ကိုယ့်စိတ်သဘောအတိုင်းမြင်ရသည့်အတိုင်း ရွေးချယ်ခဲ့သည်အတွက် မတရားသောအမှုများနှင့်ပြည့်နှက်နေသော သောဒုံနှင့်ဂေါမောရမြို့ မတရားသောအကျင့်များကို မမြင်ချင်အဆုံးမြင်တွေ့နေရသည် လောတသည် မြောင့်မတ်စွာအသက်ရှင်သောလည်း ပတ်ဝန်းကျင်သည် မိုးခါးရေသောက်သူများဖြစ်နေသောကြောင့် ကိုယ်တိုင်လည်း သောက်လာရသည်။ မတရားသော အမှု ပျက်စီးခြင်းမှ ဘုရားသခင်ကယ်နှုတ်သည့်တိုင် လောတမိသားစု ဖင့်နွှဲနေသော ထာဝရဘုရားသနားတော်မူသောကြောင့် မြို့ပြင်သို့ရောက်ခဲ့သည်။ ဘုရားသခင်ပြညွှန်သော ဒေသ၊ လမ်း၊ ကို မရွေးချယ်ပဲ ကိုယ်၏ တပ်မက်မှုဖြင့် လျှောက်လှမ်းနေမည်ဆိုလျှင် ကောင်းစားခြင်းခံစားရကောင်းခံစားရမည် သို့သော် ထိုတပ်မက်မှု၏ရွေးချယ်မှု နောက်ကွက် ဆိုးကျိုးများ၌​ရုန်းထွက်နိုင်ဖို့ လိုအပ်ပေမည်။ လောတ သမီးနှစ်ယောက်နှင့် လွတ်မြောက်လာသော်လည်း မတရားသောအကျင့်များသည် ကပ်ပါလာခဲ့သည်။ သင်၏ပတ်ဝန်းကျင်၌ မတရ...

ထိရောက်သော ဧ၀ံဂေလိလုပ်ငန်း (သင်ခန်းစာ)

Loading...

လိမ်လည်လှည့်ဖြားသူ"စာတန်" (သင်ခန်းစာ ၁-၃) အတွဲ ၁

Image
[ Zawgyi ]  သင်ခန်းစာလေ့လာနည်းပုံစံ ⇒ 👉 ဖတ်မည် 👈 ⇷⇸⇷⇸⇷⇸⇷⇸⇷⇸ လိမ်လည်လှည့်ဖြားသူ                                                      သင်ခန်းစာ “စာတန်”                                                                        ၁ - ၃ သူသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါလာသည် သင်ခန်းစာခေါင်းစီး - မြေဆီလွှာကိုပြုပြင်ပေါင်းသင်ခြင်း       ...

အခန်း (၅) ကျွန်ုပ်တို့အောင်မြင်ရခြင်း၏ အခြေခံအကြောင်းရင်း

အခန်း (၅) ကျွန်ုပ်တို့အောင်မြင်ရခြင်း၏ အခြေခံအကြောင်းရင်း             ဆက်လက်၍ ကျွန်ုပ်ရှင်းပြလိုသည့်အရာမှာ အလွန်အရေးကြီးသည့်အချက် တစ်ခု ဖြစ်သည်။ ၎င်းမှာ ၀ိညာဉ်ရေးရာတိုက်ပွဲ၌ အောင်ပွဲရရှိမှုကို အာမခံချက်ပေးသည့်အချက် ပင်ဖြစ်သည်။ ကော၊ ၂း၁၃-၁၅ ၌ ရှင်ပေါလုက ကျွန်ုပ်တို့ကိုယ်စား လက်ဝါးကပ်တိုင်တွင် ခရစ်တော်အသေခံခြင်းအားဖြင့် ယုံကြည်သူများအတွက် ဘုရားသခင် ဆောင်ရွက်ပေး သောအရာကို ဖော်ထားပါသည်။ “ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေးဖျားလှီးခြင်းကို မခံသောအဖြစ်၌၎င်း၊ သေလျက်ရှိ နေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍ သင်တို့အပြစ် ရှိသမျှတို့ကို လွှတ် တော်မူ၏။ ငါတို့နှင့်ဆန့်ကျင့်ဘက်ဖြစ်သော ၀ိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှ ရိုက်ထားလျက် ငါတို့စပ်ကြားထဲက ပတ်ရှင်းတော်မူပြီး၊ အထွဋ် အမြတ်အာဏာစက်များကို လုယူလျှင် ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီး” (ကော၊ ၂း ၁၃-၁၅)။             ပထမဦးစွာ သတိပေးလိုသည်မှာ ဤအချက်ကို ယုံကြည်သူတို့ ...

စစ်မြေပြင်နှင့် စစ်လက်နက်များ

အခန်း (၄) စစ်မြေပြင်နှင့် စစ်လက်နက်များ             ၀ိညာဉ်တိုက်ပွဲနှင့် ဆက်နွယ်နေသည့်အရာနှစ်ခုကို ဆက်ပြီးကြည့်ကြပါစို့။ ပထမအရာမှာ ကျွန်ုပ်တို့အသုံးပြုသော လက်နက်စုံဖြစ်ပြီး၊ ဒုတိယအရာမှာ တိုက်ပွဲဖြစ်ပွား သော စစ်မြေပြင်ဖြစ်သည်။ ဤအရာနှစ်မျိုးစလုံးကို ကောရိန္တုဩ၀ါဒစာဒုတိယစောင် ၁၀း၃-၅ တွင် ဖော်ပြထားပါသည်။ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ကျင်လည်သော်လည်း၊ ဇာတိပကတိ အလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။ ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိကပတိလက်နက်မဟုတ်၊ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ပယ်ဖျက် နိုင်သောလက်နက်ဖြစ်၏။” (၂ကော၊ ၁၀း၃-၄)             ရှင်ပေါလုပြောသည်မှာ ကျွန်ုပ်တို့သည် လူ့ဇာတိ၌ ကျင်လည်နေထိုင်ကြပြီး စစ်ပွဲ တစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြပါသည်။ ထိုစစ်ပွဲသည် ဇာတိပကတိစစ်ပွဲမဟုတ်ကြောင်း ပြောပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အသုံးပြုသော လက်နက်သည် စစ်ပွဲ၏သဘောသဘာဝ နှင့် သက်ဆိုင်ရမည်ဖြစ်သည်။ အကယ်၍ တိုက်သောစစ်ပွဲသည် သွေးသားလက်နက်များ ကို အသုံးပြုကြရ...

ကောင်းကင်တမန်များ၏တိုက်ပွဲ

အခန်း (၃) ကောင်းကင်တမန်များ၏တိုက်ပွဲ             ဒံယေလအနာဂတ္တိကျမ်းသည် ၀ိညာဉ်တိုက်ပွဲ၏ တိကျသော ဥပမာတစ်ခုဖြစ်ပြီး စာတန်နိုင်ငံရှိသည့်နေရာကိုလည်း မီးမောင်းထိုးပြသွားပါသည်။ အမှန်အားဖြင့် ကောင်း ကင်တမန်များ၏ တိုက်ပွဲတစ်ခုကို ဖော်ပြထားခြင်းဖြစ်သည်။ ဒံယေလအခန်းဘကီး ၁၀ ၌ ဖော်ပြထားသည့်အတိုင်း ဒံယေလသည် ဣသရေလလူမျိုးများ လွတ်မြောက်ရေးအတွက် သုံးပတ်လုံးလု့း အစာရှောင်ပြီး ဘုရားသခင်ထံမှ ရှင်းလင်းသော ဖော်ပြချက်ကို အပြင်း အထန် တောင်းခံခဲ့ပါသည်။ သုံးပတ်ကုန်လွန်သော် ကောင်းကင်တမန်တစ်ပါးက ဒံယေလ ထံသို့ ဆုတောင်းချက်အဖြေကို သယ်ဆောင်လာပါသည်။ ကောင်းကင်တမန်သည် ကြီးမား မြင့်မြတ်ပြီး တန်ခိုးတော်နှင့်ပြည့်ဝသောကြောင့် ဒံယေလနှင့်အတူရှိသော လူများအားလုံး ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ရပါသည်။ ဒံယေလ တစ်ဦးတည်း ကျန်ရှိပြီး ဘုရားသခင် ၏ ဗျာဒိတ်တော်စကားကို ကြားခဲ့ရပါသည်။ ဒံယေလ၊ ၁၀း ၂-၆ ၂ “ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ့်တစ်ရက်တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏” ၃ “အရက်နှစ်ဆယ့်တစ်ရက်မစေ့မှီ မြိန်သောမုန့်ကိုမစား၊ အမဲသားနှင့်စပျစ်ရည်ကို မမြည်း။ ဆီလိမ်းခြင်းကို...