Posts

Showing posts from May 17, 2020

ထိုသခင်အတွက်

"ထိုသခင်သည် တိုးပွါးခြင်းရှိရမည်။ ငါမူကားဆုတ်ယုတ်ခြင်းရှိရမည်" ရှင်ယောဟန် ၃း၃၀ ဗတ္တိဇံဆရာယောဟန်သည် ခရစ်တော်ရှေ့၌စေလွှတ်ခြင်းကိုခံရသောသူဖြစ်သည်။ ယေရှုခရစ်တော်အတွက် လမ်းခင်းပေးသောသူဖြစ်သည်။ ယေရှုနှင့် သူ၏တပည့်တော်တို့အတူ ယုဒကျေးလက်တို့မှာ နေ၍ ဗတ္တိဇံပေးသည်ကို ယောဟန်၏တပည့်တော်များသည်ကြားသောကြောင့် သူ၏ဆရာထံသို့သွား၍ ပြောပြသည်။ ထိုအခါ ဗတ္တိဇံဆရာယောဟန်၏တုံ့ပြန်မှုသည် ဝန်ခံခြင်းနဲ့ သူ၏တပည့်များကို ပြန်၍ ပြောခဲ့သည်။ ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်း ဗတ္တိဇံဆရာယောဟန်သည် ( ရှင်ယောဟန် ၃း၂၇-၃၆ ) ၌ ဟောပြောထားသည်။ အတူတကွ ကျမ်းစာဖတ်၍ ဆင်ခြင်ကြည်ပါစို့။ ယနေ့အသက်တာ၌ ဗတ္တိဇံဆရာယောဟန်ကဲ့သို့ ယေရှုခရစ်တော်အကြောင်းကို များစွာ သက်သေခံရမည်။ ဘုရားသခင်၏သားတော်ဖြစ်ကြောင်း လူသားများကို အပြစ်ငရဲမှ ကယ်တင်သောအရှင်ဖြစ်ကြောင်းကို လောကီလူသားများကို ကျွန်ုပ်တို့သည် များစွာသက်သေခံရန်အထူးလိုအပ်နေပေသည်။ အတိုက်အခံများစွာဖြင့် တုန့်ပြန်နေသောလည်း ဗတ္တိဇံဆရာယောဟန်ကဲ့သို့ ယေရှုခရစ်တော်အကြောင်းကို သက်သေခံချက်များဖြင့် ကျွန်ုပ်တို့သည်လည်း ဟောပြောသက်သေခံနေရမည်ဖြစ်သည်။ အဘယ်ကြောင့်နည်း ထာဝရဘုရားသခင်ကို ယု

သစ္စာစောင့်၍

"သစ္စာစောင့်၍ဖြောင့်မတ်သောလူမျိုးဝင်ပါစေ။ စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့်အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။" (ဟေရှာယ ၂၆း၃) ဘဝမှာခက်ခဲပြဿနာရင်ဆိုင်လာရတဲ့အခါ ဘုရားသခင်အပေါ် ဘယ်လောက်သစ္စာစောင့်၊သစ္စာရှိသလဲ ဘုရားသခင်သူသည်စိတ်ဝင်စားသည်။ ကျမ်းစာထဲ၌ ဘုရားသခင်အပေါ်သစ္စာရှိသောသူများစွာတွေ့ရသည်။ ထိုသစ္စာရှိသောသူများထဲတွင် ကျွန်ုပ်တို့ပါဝင်နေရမည်။ သစ္စာရှိသောသူ ယောဘအကြောင်းကိုလည်း များစွာဆင်ခြင်နိုင်ပါသည်။ နောက် ယနေ့တွင် ဒံယေလ၏ သစ္စာစောင့်ခြင်းကို ဆင်ခြင်မိမယ်ဆို ကျွန်ုပ်တို့၏ ဘဝခက်ခဲပြဿနာရင်ဆိုင်မှုများသည် အလွန်လွယ်ကူနေပေလိမ့်မည်။ ဒံယေလအနာဂတ္တိကျမ်း ၆ တခန်းလုံးဖတ်ကြည့်၍ ခွန်အားယူကြပါစို့။ (ကိုယ်ပိုင်ကျမ်းစာအုပ်ဖွင့်၍ဖတ်ရှုပါ)။ ဒံယေလအနာဂတ္တိကျမ်း ၆ တခန်းလုံးကို ဖတ်ရှုပြီနောက် ဒံယေလ၏တွေ့ကြုံသော အခက်အခဲကို တွေ့ရပေမည် သူ၌ရွေးချယ်ရမည် ရှင်ဘုရင်အမိန့်နှင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ထိုမိတ်သဟာယဖွဲ့ခြင်းသည် တနေ့ကို သုံးကြိမ်ဖြစ်သည်။ ရှင်ဘုရင်အမိန့်ကို ရက်သုံးဆယ်အတွင်း တနေ့ကို သုံးကြိမ်ဆန့်ကျင့်ခဲ့သည်။ ထိုကြောင့် ဒံယေလ ခြင်္သ