Posts

Showing posts with the label တရားဒေသနာ

ကားတိုင်နောက်မှ သခင့်စကား

Image
#PASTIRRUPERTTHAUNG

ချိုးသောလက်၊ ကျသောဓါး (Sayar Titus Thway)

Image

ဘာတောင်းသလဲထက် ဘာကြောင်းတောင်းရတာလဲ

Image

ဘုရားသားမှန်လျှင်

Image

အခက်အခဲမှ အခွင့်အရေး

Image

ဥပဇ္ဈာယ်ဆရာအသံကြားတတ်အောင် ဥပေက္ခာပြုတာခံရတာပါ

Image

စစ်မှန်သောနောင်တစိတ်နှင့် (တရားဒေသနာ)

စစ်မှန်သောနောင်တစိတ်နှင့် =-=-=-=-=-=-=-=-=-= တရားဒေသနာ ---------------- လောကကြီးထဲတွင် လူကောင်းရှိသလို လူမိုက်၊ လူဆိုးများလည်း ရှိကြပါသည်။ မိသားစုတစ်စု၌ ဖြောင့်မတ်သူ၊ လူကောင်းအများ ရှိနေပြီးမှ ဆိုးမိုက်နေသူ တစ်စုံတစ်ဦးပါလာပါက တစ်မိသားစုလုံး စိတ်မချမ်းသာနိုင်ကြပါ။ ယနေ့ လောကကြီးထဲတွင် ဘုရားရှိသည်ဟု ယုံကြည်ပြီး စိတ်နှလုံးအတွင်းမှ အလေးထားအသက်ရှင်နေကြသူ အများရှိကြသလို၊ ဘုရားမရှိဟု ခံယူပြီး တရားကိုသာ အာရုံစိုက်၍ တရားနောက်ကို လိုက်နေကြသူများလည်း ရှိကြပါသည်။ တရားဟူသည် သစ္စာစကားဖြစ်၍ မိမိလုပ်သည့်အတိုင်း အကျိုးခံစားနိုင်စရာဖြစ်သော်လည်း တရား၌ အသက်မရှိ။ ဘုရားရှင်ဟူမူကား မေတ္တာနှင့်တွဲဖက်၍ ရှင်သန်နေသော ပုဂ္ဂိုလ်တော်မြတ်ဖြစ်ပေသည်။ ဘုရားရှင်ထံမှ မေတ္တာနှင့် မထိုက်မတန် ခွင့်လွှတ်ခြင်းကျေးဇူးကို ကျွန်ုပ်တို့ခံစားရနိုင်ပါသည်။ စစ်မှန်သောနောင်တစိတ်နှင့် ဘုရားရှင်သည် ကောင်းမြတ်သောအရှင်ဖြစ်ကြောင်း မည်သူမျှငြင်းဆန်ကြမည်မဟုတ်။ အချို့က ဤအချက်အပေါ်တွင် စောဒက တက်ကြသည်။ ဘုရားရှင်သည် ကောင်းမြတ်သောအရှင်ဖြစ်သောကြောင့် ဆိုးချင်သလောက်ဆိုး၊ မိုက်ချင်သလောက်မိုက်နေသူများ အပြစ်ဝန်ချ တောင်းပန်ရုံမျှဖြင့် ခွင့်လွှတ်ပြီး...

ကိုယ်နှင့်စပ်ဆိုင်သောသူအစစ် (ဒေသနာ)

ကိုယ်နှင့်စပ်ဆိုင်သောသူအစစ် (လုကာ၊ ၁၀း ၂၅ - ၃၇) ==================================== “ကိုယ်နှင့်စပ်ဆိုင်သောသူအစစ်” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (လုကာ၊ ၉း၂၅-၃၇) ဖြစ်ပါသည်။ သမ္မာကျမ်းစာထဲ၌ လူတစ်ယောက်သည် ယေရုရှလင်မြို့သို့ သွားရာ ဓားပြတို့၏လက်သို့ကျရောက်သွားပြီး သူ၏အ၀တ်အစား များကို ချွတ်ကြကာ သူ့ကို ရိုက်နှက်ကြ၏။ သေလုနီးပါးရှိသောအခါ၌ စွန့်ပစ်ထားကြသည်။ ထို့နောက် လူသုံးယောက်တို့သည် ထိုနေရာ သို့ ရောက်ကြကာ တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်သွားကြသည်ဟုဆို၏။ ယဇ်ပုရောဟိတ်တစ်ပါးသည် အခြားလမ်းတစ်ဘက်မှနေ၍ သူ့ကို ကျော်သွားသည်။ လေ၀ိလူတစ်ယောက်လည်း ထိုနည်းအ တိုင်းကျော်သွားသည်။ သို့သော်လည်း ရှမရိလူတစ်ယောက်သည် ထိုလူရှိရာသို့ ရောက်လာသည်။ ထိုရှမာရိလူသည် သူ၏အနာများကို စည်းပေးပြီးလျှင် စရပ်တစ်ခုသို့ဆောင်သွားပြုစုသည်။ ဤသုံးယောက်အနက်မည်သူသည် ဓားပြလက်ထဲသို့ ကျရောက်သည့် သူနှင့်စပ် ဆိုင်သောသူသည် ဖြစ်သနည်း။ လူသုံးယောက်ကို မိတ်ဆက်ပေးပြီးနောက် စစ်မှန်သော ကိုယ်နှင့်စပ်ဆိုင်သောသူသည် မည်သူဖြစ် ကြောင်းနှင့် ပတ်သက်၍ ကျွန်တော် ဟောပြောလိုပါသည်။ ပထမဦးဆုံး ထ...

ယုံကြည်ခြင်းဖြင့်အသက်ရှင်နည်း (ဒေသနာ)

Image
ယုံကြည်ခြင်းဖြင့် အသက်ရှင်နည်း (ဟေဗြဲ၊ ၁၁း၁-၆) ==================================== “ယုံကြည်ခြင်းဖြင့် အသက်ရှင်နည်း” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ ယနေ့အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေဗြဲ၊၁၁း၁-၆) ဖြစ်ပါသည်။ ယနေ့ လူတို့သည် သိပ္ပံပညာနှင့် ဆင်ခြင်တွေးခေါ်ခြင်းကြီးစိုးသောခေတ်၌ အသက်ရှင်နေရကြသည်။ ၎င်းသည် လူကိုဗဟိုပြုသော ယုံကြည်ချက်များ၌သာ အခြေပြုသည့် သိပ္ပံ ပညာ၏ ဆင်ခြင်တွေးခေါ်ခြင်း အစွမ်းတို့ဖြင့် ကောင်းကင်ဘုံကို တည်ဆောက်လုနီးပါး အမှောင်ဖုံးသော အ၀ိဇာအောက်ရှိလူကို ဗဟိုပြုသော ယဉ်ကျေးမှု၌ ဖခင်များစွာရှိနေသည်။ သို့ ဖြစ်သော်လည်း ယနေ့လောကကြီးသည် မုန်းတီးခြင်း၊ မယုံကြည်ခြင်းစသည်တို့ဖြင့် လွှမ်းမိုးနေသည်။ လောကကမ္ဘာကြီး၏ အပြစ်ဒုစရိုက်သည် အထွဋ်အထိပ်သို့ ရောက်နေပါသည်။ သေခြင်းတရားသည် နေရာတကာ၌ ချောင်းမြောင်းနေသည်။ ၎င်းသည် အကျိုးအဆက်အဖြစ် လူသည် မိမိ အသက်ရှင်ရခြင်း၏ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်ကို မသိခြင်းပင်ဖြစ်သည်။ မိမိအပေါ်၌ ပျက်ဆီးခြင်းကျရောက်စေပြီး ဘ၀ကို အဆုံးသတ်စေမည့် စစ်ကို ကြောက်ရံွ့ ကာ တုန်လှုပ်ကြသည်။ ထိုသို့ အခြေအနေ ရောက်သောအခါ စိုးရိမ်ကြောက်ရံွ့ ခြင်း ကင်းပြီး ကြွယ်ဝသောအသ...

ပြုပြင်ပြောင်းခြင်းအသက်တာ

Image
ယေရှုသည် တန်ဖိုးအပြည့်ပေးချေခဲ့ပြီ   ခရစ်တော်၌အတိအလင်းဖော်ပြသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အကြောင်းကို ရုပ်လုံးပေါ်စေရန် “အနှိုင်းမဲ့”ဟူသောစကားလုံးကို တမင်တကာရွေး ချယ်ခဲ့ပါသည်။           သမာရိုးကျစကား အသုံးအနှုန်းနှင့် ဘာသာရေးဝေါဟာရများကို တမင် ရှောင်လွှဲခြင်းဖြင့် ကျယ်ဝန်းလှသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်းကို သဘောပေါက်ရန် သင့်ကို တစ်နည်းတစ်ဖုံ နှိုးဆွရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။           ယေရှုသည် ကျွန်ုပ်တို့ကို ကယ်နုတ်ရန် အဖိုးအခ မည်မျှပေးတော်မူခဲ့ သည်ကို တိုင်းတာရန် စံချိန်စံနှုန်းအဖြစ် ဥပမာစကားနှစ်ရပ်ဖြင့် ဆွေးနွေးခဲ့ပြီးဖြစ်ပါ သည်။ ၎င်းဥပမာစကားနှစ်ရပ်မှာ လယ်၌ဝှက်ထားသော ဘဏ္ဍာနှင့် မြတ်သောပုလဲ တို့ဖြစ်ပါသည်။ ဤနှိုင်းယှဉ်မှုတစ်ခုစီတွင် ၀ယ်ယူသူသည် တန်ဖိုးရှိသောအရာကို ၀ယ်ယူနိုင်ရန် မိမိ၌ရှိသမျှအားလုံး ရောင်းထုတ်ခဲ့ပါသည်။ ရှိသမျှပစ္စည်း အကုန် ရောင်းထုတ်ရလောက်အောင် ဈေးကြီးသည်။ ကျွန်ုပ်တို့ကို ရွေးနုတ်ရန် ယေရှု သည် ရှိသမျှကို စွန့်တော်မူခဲ့ပါသည်။    ...

ပြုပြင်ပြောင်းလဲသောအသက်တာ

Image
 မြတ်သောပုလဲ         ဘုရားသခင်၏အကြောင်းအရာခပ်သိမ်းသည် ကျွန်ုပ်တို့ တွေးတောနိုင် သော အတိုင်းအတာထက် ကြီးမြတ်တော်မူသည်။ ကိုယ်တော့်အကြောင်းထက် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာက သာ၍ကြီးမြတ်တော်မူသည်။ ဘုရားသခင်၏ ဇာ တိပကတိပင်လျှင် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည်။ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာတော်အကြောင်းဖော်ပြရန် “အနှိုင်းမဲ့” စကားလုံးကို ရွေးချယ်ပါသည်။ သုံး လေ့သုံးထမရှိသော စကားလုံး၊ ဘာသာရေးအာဘော်မဟုတ်သော ဝေါဟာရကို တမင်တကာ ရွေးချယ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ပုံတူဆင်တူယိုးမှား အထပ်ထပ်ကူးယူခြင်းကို မနှစ်ခြိုက်သောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏ မေတ္တာတော်သည် အနှိုင်းမဲ့ဖြစ်ပါသည်။           ကျွန်ုပ်တို့ ပုထုဇဉ်လူသား၏ မေတ္တာတရားသည် တိမ်ကောလှပါသည်။ ကပ်စေးနှဲနှမြောတွန့်တိုတတ်သည်။ အတ္တဆန်လွန်းသည်။ သို့သော် ဘုရားသခင် ၏ မေတ္တာတော်သည် ဤကဲ့သို့မဟုတ်ပါ။ ဘုရားသခင်၏ မေတ္တာတော်သည် ကြီး မားလှပါသည်။ အတိုင်းမရှိ၊ ဘောင်မရှိ၊ အလွန်အကျွံတရားလွန်သည်။ (ဧဖက်၊ ၃း၁၄-၁၉)မှ ရှင်ပေါလု၏ ဆုတောင်းပတ္ထနာကို ပြန်လည်သတိရကြရန်-   ...