Posts

Showing posts from March 19, 2017

ဖန်ဆင်းခြင်းသတ္တမနေ့

ဖန်ဆင်းခြင်းသတ္တမနေ့ - ငြိမ်ဝပ်စွာနေခြင်းရုပ်ပုံတစ်ခု           ဘုရားသခင်ဟာ ဖန်ဆင်းခြင်းအလုပ်ကို ပြီးအောင်လုပ်ကိုင်ပြီးစီး၍ ငြိမ်ဝပ် စွာနေလိုက်ပါတယ်။ ဘုရားအလိုတော်အတိုင်း အမှုပြီးစီးခြင်းမရောက်မချင်း ဘာ အရာမျှငြိမ်ဝပ်ချမ်းသာမရနိုင်ပါဘူး။           ဘုရားလူတွေအတွက်လည်း ငြိမ်ဝပ်ချမ်းသာရှိနေပါတယ်။ ယေရှုပြောခဲ့ တယ်။ “ ၂၈ ၀န်လေ၍ပင်ပန်သောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်း သာပေးမည်။ ၂၉ ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါ သည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာ ခြင်းကိုရလိမ့်မည်။”(မဿဲ ၁၁း၂၈-၂၉)။ ယေရှုဟာ ဘုရားသခင်အလိုတော်ထမ်း ဆောင်ဖို့ရောက်လာတာဖြစ်တယ်။ “ ၁၀ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ် တော်ကို တစ်ခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ ၏။ ၁၄ အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရ စေခြင်းငှါ၊ တစ်ခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။”(ဟေဗြဲ ၁၀း၁၀၊၁၄)           ဘုရားသခင်ဟာ ဖန်ဆင်းခြင်းအမှုတော်ကို ပြီးစီးအောင် ဆောင်ရွက်ခဲ့သ လို ယေရှုဟာလည်း ရွေးနှုတ်ခြင်းအမှုကို ပြီးစီးအောင် လုပ်ဆောင်ပြီးတ

ဖန်ဆင်းခြင်းတတိယနေ့

ဖန်ဆင်းခြင်းတတိယနေ့ - ရှင်ပြန်ထမြောက်သော ဘ၀ ရုပ်ပုံကားတစ်ချပ် ဖန်ဆင်ခြင်းတတိယနေ့မှာ ကုန်းမြေကို ဖန်ဆင်း၍ ဆက်ပြီးမျိုးစေ့ပါလျှက် သစ်သီး မျိုးဖြစ်တဲ့ သစ်ပင်များပေါက်စေပါတယ်။ ယေရှုဟာ တစ်ကြိမ်မှာ သူ့ကိုသူသစ်သီး သစ်ပင်၏မျိုးစေ့နဲ့ တူညီကြောင်း ပြောဖူးပါ တယ်။ “မြေ၌ကျသော စပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင် မူကား များစွာသောအသီးကို သီးတတ်၏” (ယော ၁၂း၂၄ ခ )။ ယေရှုပြောနေတာက သူသေရမယ်။ ဒါမှ များစွာသော လူတွေရဲ့ ဘ၀အသစ်တွေကို ယူတင်ပေးနိုင်မယ်။ ဒီလိုဆိုတော့ သေခြင်းက အသက်ရှင်ခြင်း အရင်ကျနေတယ်။ သေသွားတဲ့ကယ်တင်ရှင်ဆိုတာ ဘယ်လူတစ်ယောက်ကိုမျှ အသက်ရှင်အောင် မကယ်နိုင်သလို ဖြစ်ပါသော်လည်း ကယ်တင်ရှင်ဟာ “ကျမ်းစာ လာသည်အတိုင်း” သုံးရက်မြောက်နေ့၌တစ်ဖန်ထမြောက်တော်မူခဲ့တာဟာ -- ဘုရားသခင်၏ အကြံ အစည်တော်၌အလုံးစုံသော အကြောင်းဖြစ်တယ်။ (၁ကော ၁၅း ၄)။           ယေရှု အသက်ရှင်နေတယ်။ (ယောဟန် ၁၄း၁၉ ခ )မှာ ယေရှုပြောခဲ့တယ်။ “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။” နောက်ဆုံးသောနေ့မှာ ကျွန်ုပ်တို့တစ်ဖန် အသက်ရှင်နေရလိမ့်မယ် (၀ိညာဏခန္ဓာ ကိုယ်နဲ့ထမြော

သင့်ကိုယ်သင်ဘယ်သူလို့ထင်နေသလဲ

အပိုင်း (၃) သင့်ကိုယ် ​ သင် ​ ဘယ် ​ သူလို့ထင် ​​ နေသလဲ။ "အ ​ ကြောင်းမူကား၊ငါတို့သည် ​ အ ​ သွေးအသားရှိ ​ သောရန် ​ သူတို့နှင့်ဆိုင် ​ ပြိုင် ​ တိုက် ​ လှန် ​ ရကြသည် ​ မဟုတ် ​ ။ အထွဋ် ​ အမြတ် ​ တို့နှင့်၎င်း အာဏာစက် ​ တို့နှင့်၎င်း၊ ​ လောကီ ​ မှောင် ​ မိုက် ​ ၌ အစိုးတရပြုလုပ် ​​ သောမင်းတို့နှင့်၎င်း၊ မိုး ​ ကောင်းကင် ​ နတ် ​ ဆိုးတို့နှင့်၎င်း ဆိုင် ​ ပြိုင် ​ တိုက် ​ လှန် ​ ရကြ၏။"           ဒီကျမ်းပိုဒ် ​ ထဲကစကားလုံး ​ တွေကိုဆင် ​ ခြင် ​ ကြည့်ပါအုံး။... ကျမ်းစာတစ် ​ အုပ် ​ လုံးထဲကအ ​ ရေးကြီးဆုံး စကားလုံး ​ တွေပါဘဲ။ ဒါ ​ ကြောင့် စာအုပ် ​ ထဲမှာ လည်း ဒီစကားလုံး ​ တွေက ပျံ့နှံ့လွမ်းမိုး ​ နေရတာဖြစ် ​ တယ် ​ ။ သင့် ရဲ့စဉ်းစား ​ တွေး ​ ခေါ်မှု ​ တွေကတန် ​ ခိုးရှိတယ် ​ ။ အဲဒါ ​ တွေက သင့်ဦး ​ နှောက် ​ ထဲက ပုံရိပ် ​​ တွေ၊ သ ​ ဘောသကန် ​​ တွေသက် ​ သက် ​ ပဲမဟုတ် ​ ပါဘူး။ ဒါ ​ တွေက သင် ​ ဟာဘယ် ​ လိုပုဂ္ဂိုလ် ​ မျိုးလဲ၊ ပြီး ​ တော့ဘယ် ​ လိုပုဂ္ဂိုလ် ​ များဖြစ် ​ လာမလဲဆိုတာကို အဆုံးအ ဖြတ် ​​ ပေး ​ နေတဲ့အရာ ​ တွေဖြစ် ​ ပါတယ် ​ ။ ဒ