Posts

Showing posts from May 10, 2020

စိတ်ပါကိုယ်ရောက်

"ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ၊ စိတ်ပါကိုယ်ရောက်ဧကန်အမှန် ချစ်ကြကုန်အံ့။ ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၃း၁၈"                 ယနေ့တွင် စကားကိုအလွန်တကူပြောတတ်လာကြသည် အလွန်တကူ ကတိတွေပေး၍ ပြောတတ်လာကြသည်။ အသက်ငယ်ငယ်ရွယ်ရွယ်များရှိသေးသော ကလေးများပင် ရည်းစားထားတတ်လာကြသည်။ ချစ်တယ်ဆိုတဲ့စကားလုံးကို သေချာနားလည်စွာအဓိပ္ပါယ်မဖွင့်ဆိုတတ်ပေမဲ့လည်း အလွယ်တကူပင် နင့်ကိုငါချစ်တယ်ဆို၍ ရည်းစားစကားပြောတတ်ကြလေသည်။ ယနေ့တွေ့မြင်နေရသော ပတ်ဝန်းကျင်တွင်လည်း တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ပြော၍ နောက်ကွယ်၌ ဖောက်ပြန်နေကြသော သူများစွာရှိလာပေသည်။ လမ်းမှာတွေ့၍ နှုက်ဆက်စကားပြောပြီကာ နောက်ကွယ်ရောက်ကာ အပြစ်ပြောကြသည်မှာ မနည်းပေ။ ပြုံးရွှင်သောမျက်နှာဖြင့် ဖော်ရွေနေသောလည်း စိတ်ထဲ၌ မုန်းတီးနေသော စိတ်ကူးများရှိနေပေသည်။ ဟန်ဆောင်လိမ်ညာနေသော အသက်တာဖြင့် အသက်ရှင်နေသော လောကကြီး၌ စိတ်ပါကိုယ်ရောက်ဧကန်အမှန် ချစ်ကြကုန်အံ့၊ ဟု တိုက်တွန်းနှိုးဆော်နေသောသူများကိုပင် အရူး အပိုအလုပ်တွေဟူ၍ မြင်လာကြသည်။ ဟန်ဆောင်လိမ်ညာခြင်းများသည် မကောင်းဟု သိနေသောလည်း မလွန်ဆန်နိုင်သော အကြောင်းပြချက်များဖြင့် အသက်တာ၌စစ်မှန်သောချစ်ခြင်

ယုံကြည်သောစိတ်မပျက်စေခြင်းငှါ

      သင်၏ယုံကြည်သောစိတ်မပျက်စေခြင်းငှါ ငါသည်သင့်အဘို့ဆုတောင်းလေပြီ။ သင်သည်သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကိုတည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊ ရှင်လုကာ ၂၂း ၃၂        ယနေ့ကျွန်ုပ်တို့အသက်တာတွင် ပြန်လည်ဆင်ခြင်အောက်မေ့လိုက်လျှောက်ရမည့်အချက်တစ်ခုမှာ ကျွန်ုပ်တို့ ရင်းနှီးသောမိတ်ဆွေများအတွက် သတိရဆုတောင်းပေးပြီလား။ အများအားဖြင့် ဆုတောင်းပေးကြသည်မှာအမှန်ပေ။ သို့သော် သူ၏ယုံကြည်ခြင်းခိုင်မြဲဖို့ ဆုတောင်းပေးရမည်။ လူတိုင်းသည် စုံစမ်းခြင်းကို တွေ့ကြုံကြရမည် စုံစမ်းခြင်းကို အောင်မြင်ခြင်းသည် သော့ချက်သည် ယုံကြည်ခြင်းဖြစ်ပေသည်။ ထိုသို့သော် ယုံကြည်ခြင်းအတွက် သခင်ယေရှုသည် ပေတရုအတွက်ဆုတောင်းပေးသည်ကို သမ္မာကျမ်းအားဖြင့်တွေ့ရသည်။ "သင်၏ယုံကြည်သောစိတ်မပျက်စေခြင်းငှါ ငါသည်သင့်အဘို့ဆုတောင်းလေပြီ။" ယေရှုခရစ်တော်ပြောခဲ့သည်။ နောက်ဆက်ပြောခဲ့သည်မှာ " သင်သည်သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်" ဟုဖြစ်သည်။ ကျွန်ုပ်တို့၏မိတ်ဆွေညီအစ်မောင်နှမများအတွက် သူတို့စုံစမ်းခြင်းနှင့်ရင်ဆိုင်နေရချိန် ကျွန်ုပ်တို့အဘယ်ကဲ့သို့အားပေးမည်နည်း။ ပြစ်တင်မည်လော၊ ဆုတောင်းပေးမည်လော။ ပေတ