Posts

Showing posts from May 21, 2017

ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ

(၄) မျက်နှာသာရရှိစေမယ့် စိတ်ထားကို မွေးမြူပါ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းကြီးပေး၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာစောင့်မတော်မူလိမ့်မည်။ (ဆာ၊ ၅း၁၂)                   ဣသရေလလူမျိုးတွေရဲ့ ဒုတိယမြောက်ရှင်ဘုရင်ဒါဝိဒ်ဟာ ကြီးမြတ်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ ဒါပေမယ့် သူဟာ အမှားများစွာကျူးလွန်ခဲ့တယ်။ ဗာသရှေဘနဲ့ပြစ်မှားပြီး သူ့ခင်ပွန်း ဥရိယကို စစ်မြေပြင်မှာ စွန့်ပစ်ထားပြီး သေစေဖို့ ကြံစည်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ခဲ့ပါစေ။ သူဟာ နောင်တရပြီး ခွင့်လွတ်ခြင်းကို တောင်းခံတဲ့အခါ ဘုရားသခင်က သူ့ကို ခွင့်လွှတ်ပြီး ဘ၀သစ်ကိုစတင်ခွင့်ပြုလိုက် ပါတယ်။ ကျမ်းစာထဲမှာ ဒါဝိဒ်နဲ့ပတ်သက်ပြီး ဒီလိုမှတ်တမ်းတင်ခဲ့ပါတယ်။           “ထိုသူအား သက်သေခံတော်မူလျက် စိတ်နှလုံး၌ညီညွတ်သည်ဖြစ်၍ ငါ့ အလိုကိုပြည့်စုံမည့်သူ၊ ယေရှဲ၏သား ဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။” (တမန်၊ ၁၃း၂၂)။           ဒီလောက်အပြစ်ကြီးတဲ့သူက ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ဒါဝိဒ်ဟာ သူကျူးလွန်ခဲ့တဲ့အရာ၊ သူ့ရဲ့အမှားတွေကို မျက်မှောက်မပြုခဲ့တာတော့မဟုတ်ဘူး။ ဘုရားသခင်ရဲ့စကားကို သူငြင်းဆန်မိတဲ့အခါ ဒါမှမဟုတ် မှားယွင်းတဲ့ရွေးခ

အပြစ်ဒုစရိုက်တို့ကို စွန့်ပစ်ကြပါစို့

အခန်း (၁၀) အပြစ်ဒုစရိုက်တို့ကို စွန့်ပစ်ကြပါစို့ (ဟေဗြဲ၊ ၁၂း၁-၂) ====================================             “အပြစ်ဒုစရိုက်တို့ကို စွန့်ပစ်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ဒေသနာတစ်ပုဒ်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေဗြဲ၊၁၂း၁-၂) ဖြစ်ပါသည်။             အဲဂုတ္တုပြည်နှင့်နို့နှင့်ပျားရည်စီးသော ခါနာန်ပြည်အကြားတွင် ဣသရေလလူတို့သည် သဲကန္တာရကို ကျော်ဖြတ်ရန်ရှိသည်။ များစွာသော သူတို့သည် စာတန်၏ထောင်ချောက် ထဲသို့ ကျရောက်ကာ ဆုံးရှုံးခြင်း၊ သေခြင်းနှင့် ရင်ဆိုင်ကြသည်။ (၁ကော၊၁၀း၁-၁၃)၌ စာတန်၏ထောင်ချောက်နှင့်ပတ်သက်၍ အချက်လေးချက်တင်ပြထားသည်။             ကျွန်ုပ်တို့သည် ဆီးတားပိတ်ပင်သောအရာနှင့် အလွယ်တကူညိုစွန်းနိုင်သည့်အပြစ်ဟူသမျှတို့ကို တွန်းလှန်ဖယ်ရှားနိုင်ရန်အတွက်၎င်း၊ ယုံကြည်ခြင်းကို အဦးစီရင်၍ ပြည့်စုံ တော်မူသော ယေရှုကို စေ့စေ့ကြည့်နိုင်ရန်အတွက်၎င်း၊ သဲကန္တာရနှင့်တူသော ဤလောကကြီးတွင် အောင်မြင်သော အသက်တာ၌ ယုံကြည်ခြင်းဖြင့် အသက်ရှင်နိုင်ရန်အတွက်၎င်း၊ ဣသရေလလူတို့အားကျဆင်းစေသည်။ နတ်ဆိုး၏ထောင်ချောက်သည် မည်သည့်ထောင်ချောက်မျိုးဖြစ်သည်ကို၎င်း ယခုကြည့်ကြပါစို့။             ထိုသို့ဆိုသော်

ကမ္ဘာဦးကျမ်းကိုလေ့လာခြင်း ဇာတ်လမ်း (၁၂)

ဇာတ်လမ်း (၁၂) လောတကို အာဗြံ ကယ်ဆယ်ခြင်း ကမ္ဘာဦးကျမ်း ၁၄း၈-၁၂, ၁၄-၁၆, ၁၈-၂၄           ၈ ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီး၊ အာဓမောမင်းကြီး၊ ဇေဘိုင် မင်းကြီး၊ ဇောရတည်းဟူသော ဗေလာမင်းကြီးတို့သည် ချီထွက်၍၊ စိဒ္ဒိမ်ချိုင့်၌စစ် ပြိုင်ကြ၏။ ၉ ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီး တိဒလ၊ ရှိနာ မင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီး အာရုတ်တည်းဟူသော မင်းကြီးလေးပါးနှင့် မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။ ၁၀ စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့်ပြည့်သော တွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည် ပြေး၍ ထိုတွင်းများ၌ ကျ သေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။ ၁၁ အောင်သောမင်းတို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့၌ရှိသမျှသောဥစ္စာနှင့်မြို့ရိက္ခာရှိသမျှတို့ကိုယူ၍ သွားကြ ၏။ ၁၂ သောဒုံမြို့၌နေသော အာဗြံအစ်ကို့သား လောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။           ၁၄ အာဗြံသည် မိမိအစ်ကို့သားကို ဖမ်းသွားကြောင်းကို ကြားလျှင် မိမိအိမ်၌ ဖွား၍ သွန်သင်သောလူသုံးရာတဆယ်ရှစ်ယောက်တို့ကိုစီရင်၍ ဒန်မြို့တိုင်အောင် လိုက်လေ၏။ ၁၅ ညဥ့်အခါ မိမိလူတို့ကိုခွဲ၍တိုက်စေသဖြင့် လုပ်ကြံပြီးလျှင် ဒမာ သက်မြို