Posts

Showing posts from April 23, 2017

ဇာတ်လမ်း (၇)

ဇာတ်လမ်း (၇) ကမ္ဘာကိုရေလွှမ်းမိုးခြင်းဖြင့် စီရင်တော်မူခြင်း ကမ္ဘာဦးကျမ်း ၇း၁-၇,၁၁-၁၇,၂၂-၂၄                 ၁ ထိုနောက် ထာဝရဘုရားသခင်သည် နောဧကို တစ်ဖန်မိန့်တော်မူပြန်သည်ကား ဤ ကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ် ကြောင်းကို ငါသိမြင်သည်ဖြစ်၍ သင်၏အိမ်သူ အိမ်သားအပေါင်းတို့နှင့်တကွ သင်္ဘောထဲသို့ဝင် ကြလော့။ ၂ မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပြတ် ဆက်နွယ်စေခြင်းငှါ စင်ကြယ်သောသားမျိုး၊ တစ်မျိုးတစ်မျိုးတွင် အထီးအမခုနှစ်စုံစီ၊ မစင် ကြယ်သောသားမျိုးတစ်မျိုးတွင်လည်း အထီးအမနှစ်စုံစီ၊ ၃ မိုဃ်းကောင်းကင်ငှက်၊ တစ်မျိုးတစ်မျိုးတွင်လည်း အထီးအမခုနှစ်စီ အသီးသီးတို့ကို သိမ်းယူရမည်။ ၄ အ ကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင် အရက်လေးဆယ်ပတ်လုံးမြေကြီး ပေါ်သို့ မိုဃ်းရွာစေမည်။ ငါ ဖန်ဆင်းသောသတ္တ၀ါအပေါင်းတို့ကို၊ မြေကြီးမျက်နှာ ပေါ်မှ ငါပယ်ရှင်းမည်ဟု ထာဝရဘုရားမှာထားတော်မူ၏။ ၅ မှာထားတော်မူသည်အ တိုင်းလည်း နောဧပြုလေ၏။ ၆ မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။ ၇ ရေလွှမ်းမိုးခြင်းဘေးကြောင့် နောဧသည် မိမိသား၊ မယား၊ ချွေးမများနှင့်တကွ သင်္ဘောထဲသို့ဝင်ကြ

ဖြောင့်မတ်သူတစ်ဦးကို ရှာဖွေတော်မူသည်

ဇာတ်လမ်း (၆) ဖြောင့်မတ်သူတစ်ဦးကို ရှာဖွေတော်မူသည် ကမ္ဘာဦးကျမ်း ၆း၅-၉ , ၁၃-၁၄ , ၂၂ ၅ မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ် မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင် သိမြင်တော်မူလျှင်၊ ၆ မြေ ကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍ နှလုံးတော်ပူပန်လျက်ရှိ တော်မူ၏။ ၇ ထာဝရဘုရားကလည်း ငါဖန် ဆင်းသောလူကို၎င်း၊ လူမှစ၍သားများ ဘွား တတ်သော တိရစ္ဆာန်များ၊ မိုးကောင်းကင် ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှ ငါသုတ် သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ ၈ နောဧမူကား ထာဝရဘုရားစိတ်တော်နှင့် တွေ့ သောသူဖြစ်သတည်း။           ၉ နောဧအတ္ထုပ္ပတ္တိဟူမူကား နောဧ သည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင် သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူ သွားလာ၏။ ၁၃ ထိုအခါ ဘုရားသခင်သည် နောဧအား မိန့်တော်မူသည်ကား၊ သတ္တ၀ါအပေါင်းတို့ ၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မ အမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ်မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ၁၄ ဂေါဖရသစ်သားဖြင့်၊ သင်္ဘောကိုကိုယ်ဘို့တည်

ရုန်းကန်ခြင်းမရှိသောအသက်တာ

ဝိညာဉ်ရေးတန်ခိုးဟာစည်းလုံးခြင်းနဲ့ သဟဇာတရှိခြင်းအားဖြင့် သက်ရောက်လာပါတယ် ==============================           စည်းလုံးညီညွတ်ခြင်းနဲ့ သဟဇာတရှိခြင်းမရှိဘဲ စစ်မှန်တဲ့ ၀ိညာဉ်ရေးရာတန်ခိုးမရှိနိုင်ပါ။ တမန်တော်ဝတ္ထုထဲက ယုံကြည်သူတွေရဲ့ အသက်တာထဲမှာ ကြီးမားတဲ့တန်ခိုးထင်ရှားခဲ့ပါတယ်။ အခန်းကြီးနှစ်က တန်ခိုးထွက်လာရတဲ့အကြောင်းအရင်းကို ဖော်ပြပါတယ်။ “ထိုသူတို့သည်လည် ဗိမာန်တော် ၌ နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍” (၂း၄၆) သူတို့မှာ တူညီတဲ့ရူပါရုံ၊ တူညီတဲ့ပန်းတိုင်ရှိကြတယ်။ ပြီးတော့ စိတ်နှလုံးတညီတညွတ်တည်း ဘုရားသခင်ကိုအသံလွှင့်လျက် ဆုတောင်းကြပါတယ် (၄း၂၄)။             သူတို့ဟာ သဘောချင်းတူလျက် ဆုတောင်းခဲ့ကြပါတယ်(တမန်၊၄း၂၄)။ တညီတညွတ်တည်း အသက်ရှင်ခဲ့ကြပါတယ်(တမန်၊ ၂း၂၄)။ အချင်းချင်း ဂရုစိုက်ခဲ့ကြပါတယ်(၂း၂၆)။ အချင်းချင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းခဲ့ကြတယ် (တမန်၊၄း၃၄) ပြီးတော့ သူတို့ဟာ ယုံကြည်ခြင်းနဲ့အသက်ရှင်ခဲ့ကြတယ်(တမန်၊၄း၃၁)ကနဦးအသင်းတော်ဟာ စည်းလုံးခြင်းရှိတဲ့အတွက်ကြောင့် တန်ခိုးနိမိတ်လက္ခဏာထင်ရှားတဲ့အကြောင်း တမန်တော်ဝတ္ထုထဲမှာ ဖော်ပြပါတယ်။ ဒါပေမယ့် အသင်းတော်မှာရှိတဲ့တန်ခိုးဟာ လျော့ကျလာပါတယ်။ အသင်းေ