Posts

Showing posts from April 30, 2017

အပြစ်ဒုစရိုက်တို့ကို စွန့်ပစ်ကြပါစို့

အခန်း (၁၀) အပြစ်ဒုစရိုက်တို့ကို စွန့်ပစ်ကြပါစို့ (ဟေဗြဲ၊ ၁၂း၁-၂) ====================================             “အပြစ်ဒုစရိုက်တို့ကို စွန့်ပစ်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ဒေသနာတစ်ပုဒ်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေဗြဲ၊၁၂း၁-၂) ဖြစ်ပါသည်။             အဲဂုတ္တုပြည်နှင့်နို့နှင့်ပျားရည်စီးသော ခါနာန်ပြည်အကြားတွင် ဣသရေလလူတို့သည် သဲကန္တာရကို ကျော်ဖြတ်ရန်ရှိသည်။ များစွာသော သူတို့သည် စာတန်၏ထောင်ချောက် ထဲသို့ ကျရောက်ကာ ဆုံးရှုံးခြင်း၊ သေခြင်းနှင့် ရင်ဆိုင်ကြသည်။ (၁ကော၊၁၀း၁-၁၃)၌ စာတန်၏ထောင်ချောက်နှင့်ပတ်သက်၍ အချက်လေးချက်တင်ပြထားသည်။             ကျွန်ုပ်တို့သည် ဆီးတားပိတ်ပင်သောအရာနှင့် အလွယ်တကူညိုစွန်းနိုင်သည့်အပြစ်ဟူသမျှတို့ကို တွန်းလှန်ဖယ်ရှားနိုင်ရန်အတွက်၎င်း၊ ယုံကြည်ခြင်းကို အဦးစီရင်၍ ပြည့်စုံ တော်မူသော ယေရှုကို စေ့စေ့ကြည့်နိုင်ရန်အတွက်၎င်း၊ သဲကန္တာရနှင့်တူသော ဤလောကကြီးတွင် အောင်မြင်သော အသက်တာ၌ ယုံကြည်ခြင်းဖြင့် အသက်ရှင်နိုင်ရန်အတွက်၎င်း၊ ဣသရေလလူတို့အားကျဆင်းစေသည်။ နတ်ဆိုး၏ထောင်ချောက်သည် မည်သည့်ထောင်ချောက်မျိုးဖြစ်သည်ကို၎င်း ယခုကြည့်ကြပါစို့။             ထိုသို့ဆိုသော်

သေသောသူ၊ ပြန်ရှင်သောသူ၊ ချည်နှောင်ခြင်းကိုခံသောသူ နှင့် ဖြေလွှတ်ခြင်းကိုခံရသောသူ

အခန်း (၉) သေသောသူ၊ ပြန်ရှင်သောသူ၊ ချည်နှောင်ခြင်းကိုခံသောသူ နှင့် ဖြေလွှတ်ခြင်းကိုခံရသောသူ (ယော၊ ၁၁း ၄၃-၄၄) ====================================             “သေသောသူ၊ ပြန်ရှင်သောသူ၊ ချည်နှောင်ခြင်းကိုခံသောသူနှင့် ဖြေလွတ်ခြင်းကိုခံသောသူတို့ခံစားရသော ဘုရားသခင်၏ကျေးဇူးတော်” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ယော၊၁၁း၄၃-၄၄) ဖြစ်ပါသည်။             ယနေ့တွင် ကမ္ဘာ၌လူဦးရေ သန်းပေါင်းခြောက်ထောင်ရှိပါသည်။ သူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ ရပ်နေကြပါက ဘုရားသခင်သည် တစ်ယောက်နှင့်တစ်ယောက်မည်သို့ခွဲခြားမည်နည်း။ ကျွန်တော်အလွန်သိမြင်လိုသည်။             ချစ်သော …   သောတရှင်များခင်ဗျား             ဘုရားသခင်သည် လူတို့ကို လေးမျိုးခွဲခြားမည်ဖြစ်သည်။ ၎င်းတို့မှာ သေသောသူ၊ ပြန်ရှင်သောသူ၊ ချည်နှောင်ခြင်းကိုခံသောသူနှင့် ဖြေလွှတ်ခြင်းကိုခံရသောသူဟူ၍ဖြစ်သည်။ မည်သည့်အမျိုးအစားကို သိပြီး ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော သောအသက်တာ၌ အသက်ရှင်ကြရန်ဖြစ်သည်။             ပထမအနေနှင့် -   သေသောသူအကြောင်းနှင့် ပတ်သက်၍ ပြောလိုပါသည်။          

ဇာတ်လမ်း (၁၀)

ဇာတ်လမ်း (၁၀) အာဗြံ အဲဂုတ္တုသို့ သွားသည်။ ကမ္ဘာဦးကျမ်း ၁၂း၁၀-၂၀           ၁၀ ထိုနောက်၊ခါနာန်ပြည်၌အစားခေါင်း ပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသော ကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌တည်းခို ခြင်းငှါသွားလေ၏။ ၁၁ အဲဂုတ္တုပြည်နှင့်နီးသော အခါ မိမိမယားစာရဲကို သင်သည် အဆင်းလှ သောမိန်းမဖြစ်သည်ကို ငါသိ၏။ ၁၂ အဲဂုတ္တုလူ တို့သည် သင့်ကို မြင်သောအခါ ဤမိန်းမ သည် သူ၏မယားဖြစ်၏ဟုဆိုလျက် ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာပေးလိမ့် မည်။ ၁၃ သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကို ပြောပါလော့။ သို့ပြောလျှင် သင့် အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာရလိမ့် မည်ဟုဆို၏။           ၁၄ အာဗြံသည် အဲဂုတ္တုပြည်သို့ ရောက်သောအခါ၊ သူ၏မယားသည်အလွန် အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ၏။ ၁၅ ဖါရောဘုရင်၏ မှူးတော်မတ် တော်တို့လည်းမြင်၍ ရှေ့တော်၌ချီးမွမ်းပြီးလျှင် နန်းတော်သို့သွင်းရကြ၏။ ၁၆ ဖါရော ဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊နွား၊မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များနှင့်ကြွယ်ဝ၏။ ၁၇ ထာဝရဘု ရားသည် အာဗြံ၏မယားစာရဲ