စစ်မှန်သောနောင်တစိတ်နှင့် =-=-=-=-=-=-=-=-=-= တရားဒေသနာ ---------------- လောကကြီးထဲတွင် လူကောင်းရှိသလို လူမိုက်၊ လူဆိုးများလည်း ရှိကြပါသည်။ မိသားစုတစ်စု၌ ဖြောင့်မတ်သူ၊ လူကောင်းအများ ရှိနေပြီးမှ ဆိုးမိုက်နေသူ တစ်စုံတစ်ဦးပါလာပါက တစ်မိသားစုလုံး စိတ်မချမ်းသာနိုင်ကြပါ။ ယနေ့ လောကကြီးထဲတွင် ဘုရားရှိသည်ဟု ယုံကြည်ပြီး စိတ်နှလုံးအတွင်းမှ အလေးထားအသက်ရှင်နေကြသူ အများရှိကြသလို၊ ဘုရားမရှိဟု ခံယူပြီး တရားကိုသာ အာရုံစိုက်၍ တရားနောက်ကို လိုက်နေကြသူများလည်း ရှိကြပါသည်။ တရားဟူသည် သစ္စာစကားဖြစ်၍ မိမိလုပ်သည့်အတိုင်း အကျိုးခံစားနိုင်စရာဖြစ်သော်လည်း တရား၌ အသက်မရှိ။ ဘုရားရှင်ဟူမူကား မေတ္တာနှင့်တွဲဖက်၍ ရှင်သန်နေသော ပုဂ္ဂိုလ်တော်မြတ်ဖြစ်ပေသည်။ ဘုရားရှင်ထံမှ မေတ္တာနှင့် မထိုက်မတန် ခွင့်လွှတ်ခြင်းကျေးဇူးကို ကျွန်ုပ်တို့ခံစားရနိုင်ပါသည်။ စစ်မှန်သောနောင်တစိတ်နှင့် ဘုရားရှင်သည် ကောင်းမြတ်သောအရှင်ဖြစ်ကြောင်း မည်သူမျှငြင်းဆန်ကြမည်မဟုတ်။ အချို့က ဤအချက်အပေါ်တွင် စောဒက တက်ကြသည်။ ဘုရားရှင်သည် ကောင်းမြတ်သောအရှင်ဖြစ်သောကြောင့် ဆိုးချင်သလောက်ဆိုး၊ မိုက်ချင်သလောက်မိုက်နေသူများ အပြစ်ဝန်ချ တောင်းပန်ရုံမျှဖြင့် ခွင့်လွှတ်ပြီး...