Posts

Showing posts from June 4, 2017

ကမ္ဘာဦးကျမ်းကိုလေ့လာခြင်း (၁၃)

ဇာတ်လမ်း (၁၃) အာဗြံအတွက် ဘုရားပဋိညာဉ်ပေးခြင်း ကမ္ဘာဦးကျမ်း ၁၅း၁,၅-၁၈           ၁ ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့် ထာ ၀ရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ ရောက်၍ အချင်းအာဗြံမစိုးရိမ်နှင့်။ ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန် ကြီးလှ၏ဟု မိန့်တော်မူလျှင်။ ၅ အာဗြံကို ပြင်သို့   ထုတ်ဆောင်တော်မူ၍ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေ တွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့် တော်မူ၏။ ၆ အာဗြံဥည် ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။           ၇ တစ်ဖန် ငါသည် ဤပြည်ကို သင်အမွေခံစရာဘို့ သင့်အားပေးလိုသောငှါ ခါလဒဲပြည်သားတို့နေသောဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရားဖြစ် သည်ဟု မိန့်တော်မူလျှင်၊ ၈ အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်အမွေခံရမည် ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ၏။ ၉ ထာဝရဘုရားကလည်း သုံးနှစ်အသက်ရှိသော နွားမတစ်ကောင်၊ သုံးနှစ်အသက်ရှိသောဆိတ်မတကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတစ်ကောင်၊ ချိုးတစ်ကောင်၊ ခိုသငယ်တစ်ကောင် တို့ကို ငါဘိ

သဘာဝကပ်ဘေးအလွန် (စူနာမီကပ်ဘေးအလွန်)

Image
သဘာဝကပ်ဘေးအလွန် (စူနာမီကပ်ဘေးအလွန်) “ ဘေးအန္တရာယ်ကျရောက်ချိန်တွင် ခရစ်ယာန်များက မည်သို့တုံ့ပြန်ရမည်ကို သမ္မာကျမ်းစာဖြင့် ဆင်ခြင်ခြင်း” ဤစာစောင်ကိုရေးသားသူ ဆရာကြီး Ajith Fernando သည် သမ္မာကျမ်းစာသင်ကြားပို့ချသူ ဆရာတစ်ပါးဖြစ်ပြီး လူအများ၏ချစ်ခင်လေးစားမှုကို ခံရသူဖြစ်သည်။ “ သီရိလင်္ကာနိုင်ငံ ခရစ်တော်အတွက်လူငယ်အဖွဲ့” ၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး Our Daily Bread Ministries ၏ ဒေသန္တရသာသနာ့လုပ်ငန်းဆိုင်ရာ ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ပါဝင်အစေခံနေ၏။ Ajith သည် သီရိလင်္ကာကျွန်းနိုင်ငံကို ချစ်မြတ်နိုးသည့် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်သည်။ ထိုကျွန်းကို “ စူနာမီ” ဟုခေါ်သည့် ဧရာမလှိုင်းလုံးကြီးများက ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရက်စက်စွာ ရိုက်ခတ်ဖျက်ဆီးသွားခဲ့သည်။ ဤစာအုပ်ပါအကြောင်းအရာများမှာ ထိုကပ်ဘေးကြီးခံရပြီးနောက် စူနာမီကို တုံ့ပြန်သောသဘောနှင့် ရေးသားခဲ့သည့် Ajith ၏ ခံစားချက်များဖြစ်သည်။ PDF စာအုပ်ဖြင့် ဖတ်ရှုရန် .......... View PDF =========================== PDF စာအုပ်ကို ရယူရန်    .......... Download PDF

ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ

အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ပါနဲ့ ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ဘုန်းဖြစ်တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက်ရှိပါ၏။ (ဆာလံ၊ ၈၉း၁၇)                   တစ်ခါက ဒီဇယ်စက်အမျိုးစားထုတ်လုပ်ရောင်းချတဲ့ဆိုင်ကြီးတစ်ခုမှာ နှစ်ပေါင်း အတန်ကြာမတရားခွဲခြားဆက်ဆံရတဲ့ စက်ဆရာတစ်ယောက်ကို တွေ့ဆုံခဲ့ရတယ်။ သူဟာ လုပ်ဖော်ဆောင်ဖက်တွေရဲ့အမျိုးမျိုးပြက်ရယ်ပြုခြင်းကို အမြဲခံစားရတယ်။ သူဟာ အားလုံးထဲမှာ အတော်ဆုံး စက်ပြင်သမားဖြစ်တယ်။ ဒါပေမဲ့ လုပ်သက်(၇)နှစ်ကြာလာတဲ့ တိုင် လစာတိုးမြှင့်ခြင်းမခံရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ကြီးကြပ်ရေးမှူးက သူ့ကို မကြိုက်တဲ့အတွက်ဖြစ်တယ်။             သူဟာ ခါးသီးနိုင်ပါတယ်။ အလုပ်ထွက်ပြီး အခြားအလုပ်တစ်ခုကို ရှာဖွေနိုင်ပါ တယ်။ လောကကြီးကို အရွဲ့တိုက်နိုင်ပါတယ်။ ဒါပေမဲ့ သူအဲဒီလိုမလုပ်ခဲ့ဘူး။ အကောင်း ဆုံးဖြစ်ဖို့ ဆက်လက်ကြိုးပမ်းခဲ့တယ်။ ကြီးကြပ်ရေးမှူးကျေနပ်အောင်လုပ်ဖို့ မလိုဘူး။ ဘုရားသခင်ကိုကျေနပ်အောင်လုပ်ဖို့ပဲလိုတယ်ဆိုတာကို သူသိတယ်။             တစ်နေ့မှာ အလုပ်ရှင်က သူ့ကို ခေါ်တွေ့ပါတယ်။ အလုပ်ရှင်နဲ့သူတစ်ခါမှ မျက်နှာ ချင်းဆို

ယုဒရှကာရုတ် – အမှောင်၏သား

Image
ယုဒရှကာရုတ် – အမှောင်၏သား ယုဒရှကာရုတ် မည်သို့များ ဖြစ်သွားပါသနည်း။ ခရစ်တော်နှင့်အနီးဆုံးတွင် (၃)နှစ်တာ အတူနေထိုင်သွားလာခဲ့သူဖြစ်ပါလျက် သူ၏အကောင်းဆုံးမိတ်ဆွေ ခရစ်တော်ကို အဘယ်ကြောင့် သစ္စာဖောက်ရက်နိုင်ရသနည်း။ ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးရာသင်ယူမှုတွင် ယုဒရှကာရုတ်အကြောင်းသည် အရေးပါသည်။ ကျွန်ုပ်တို့၏အကျိုးအလို့ငှာ သူ၏ မျှော်လင့်ချက်များ၊ အိပ်မက်များ၊ မှားယွင်းသော လုပ်ဆောင်မှုအားလုံးတို့ကို မှတ်တမ်းတင်ထားသည်။ သူ့ကိုဝန်းရံခဲ့သော အမှောင်သည် ကျွန်ုပ်တို့အားလုံးအတွက် အသိတရားအလင်းဖြစ်ခဲ့သည်။ သူ၏၀မ်းနည်းကြေကွဲခြင်းနှင့်နောင်တများက ကျွန်ုပ်တို့ကို ဘုရားသခင်၏မေတ္တာနှင့် နီးကပ်စေခဲ့သည်။ ယုဒရှကာရုတ်၏ အသက်တာအကြောင်းသည် ကျွန်ုပ်တို့၌ရှိသော လူ့ဇာတိအားနည်းမှုကိုလည်းကောင်း၊ အလင်းထဲ၌ပင် ပုန်းကွယ်တည်ရှိနေသော အမှောင်၏အန္တရာယ်ကိုလည်းကောင်း နားလည်ရန်အတွက် အထောက်အကူပေးနိုင်ကြောင်း Our Daily Bread Ministries သုတေသန အယ်ဒီတာဆရာကြီး ဒဲနစ် ဖစ်ရှာ က  ယုဒရှကာရုတ် – အမှောင်၏သား တွင် ဖော်ပြထားပါသည်။ PDF စာအုပ်ဖြင့် ဖတ်ရှုနိုင်ရန် .........  View PDF ============================= PDF စာအုပ်ဖြင့် ရယူ

ကမ္ဘာဦးကျမ်းကိုလေ့လာခြင်း

ကမ္ဘာဦးကျမ်းကိုလေ့လာခြင်း အပတ်စဉ် ၀ိညာဉ်ခွန်အား Page တွင် ဖော်ပြနေသော ကမ္ဘာဦးကျမ်းကိုလေ့လာခြင်း သင်ခန်းစာများကို PDF ဖြင့် ဖတ်ရှုနိုင်ပြီးဖြစ်ပါတယ် PDFစာအုပ်ဖြင့် ရယူလိုပါက ......(1). Download PDF အပေါ်က link ဖြင့်အဆင်မပြေပါက .....(2) Download PDF

ကောင်းမွန်တင့်တယ်စွာ ဘ၀အဆုံးသတ်ခြင်း

Image
ကောင်းမွန်တင့်တယ်စွာ ဘ၀အဆုံးသတ်ခြင်း လွန်လေသောနှစ်အနည်းငယ်ခန့်က ပြင်ပမှ ခြိမ်းခြောက်မှုအခက်ပြဿနာများထက် စာရိတ္တရေးရာနှင့် ၀ိညာဉ်ရေးရာတို့ကို စွန့်ပယ်မှုများ များပြားလာခြင်းကြောင့် အသင်းတော်အတွက်အခြေအနေများသည် ခက်ခဲလာပါသည်။ ထိုအခြေနေများကြောင့် အာရုံနှောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေသူများ၊ စိတ်ပျက်နေသူများ၊ အခြေအနေမှန်ကို အမှန်အတိုင်းသိမြင်လာသူများ စသည်တို့ကိုစောင်မကူညီရန် ယခုအချိန်ထက်ကောင်းသည့်အချိန် မရှိပြီ။ ဘ၀၌ ကောင်းမွန်စွာအဆုံးသတ်ရန် အရေးကြီးကြောင်း – ထိုပန်းတုံးတိုင်ထားရန် လူတို့ကို သတိပေးရန်၊ ယခုအချိန်ထက်ကောင်းသောအချိန် မရှိပြီ။ ကိုယ်တွေ့ဥပမာများဖြင့် သူ့ပညာဗဟုသုတများကို RBC မှ အကြီးတန်းသုတေသီ အယ်ဒီတာ Herb Vander Lugt က  ကောင်းမွန်တင့်တယ်စွာ ဘ၀အဆုံးသတ်ခြင်း  စာအုပ်တွင် စုစည်းတင်ဆက်ပေးထားပါသည်။   PDF ဖြင့် ၀င်ရောက်ဖတ်ရှုရန် ...... View PDF ============================ PDF ကို download ရယူရန် ........ Download PDF

ဘာသာတရားလော၊ ခရစ်တော်လော

Image
ဘာသာတရားလော၊ ခရစ်တော်လော ဘာသာတရားလော၊  ခရစ်တော်လော၊ မည်သို့သောခြားနားမှုရှိသဖြင့် … ခြားနားချက် ပြုလုပ်လောက်ပါရဲ့လား။ သို့မဟုတ်ပါက ယင်းအချက်သည် စကားလုံးမျှသာလော။ ၈၅% သော အမေရိကန်ပြည်သူပြည်သားတို့သည် ဘာသာအယူဝါဒ၌ သက်ဝင်ယုံကြည်ကြောင်း လေ့လာချက်စစ်တမ်းက အားရကျေနပ်ဖွယ်ကောင်းပါသလား။ သခင်ယေရှု လောက၌အသက်ရှင်စဉ်က ဘာသာတရားကို ထိန်းသိမ်းစောင့်ရှောက်ကြသည့် ဘာသာရေးဝါဒီများ၏မုန်းတီးခြင်းကို ခံခဲ့ရသည်ဟူသော အမှန်တရားအောက်၌ ဘာသာရေးအား ပြန်လည်ဆန်းစစ်ရန် မသင့်သလော။ ခရစ်တော်ကို ယုံကြည်ခြင်းနှင့် ဘာသာတရားတို့အကြား အခြေခံကျသော ကွဲပြားခြားနားမှုရှိသည်ဟု ယုံကြည်သိမြင်ချက်ဖြင့် ဤစာအုပ်ငယ်ကလေးအား Mart DeHaan က ရေးသားလိုက်ခြင်းဖြစ်၏။ ခရစ်တော်ဘုရား ဤမြေပေါ်၌ အသက်ရှင်ခဲ့စဉ်က ဖာရိရှဲတို့၏အကြောင်းကို လေ့လာခြင်းဖြင့် ခရစ်တော်ကိုယုံကြည်ခြင်းနှင့် ဘာသာတရားအကြား ကွာခြားချက်ကိုသာမက မိမိအကြောင်းကို အတွင်းကျကျသိမြင်လာကြမည်ဖြစ်တော့သည်။ PDF ၀င်ရောက်ဖတ်ရှုရန် ........ View PDF ========================== Download ရယူလိုပါက ......... Download PDF