Posts

Showing posts from October 8, 2017

မှောင်ရိပ်အောက်မှ အလင်းသို့

၉      မှောင်ရိပ်အောက်မှ အလင်းသို့             ပြီးခဲ့သောအခန်းက သွန်သင်ချက်များကို သင်လိုက်နာလျှင် မမြင်နိုင်သော နယ်နိ မိတ်တစ်ခုကို သင်ကျော်လွှားခဲ့ပါပြီ။ ကွဲပြားခြားနားသော အရင်းအမြစ်မျိုးစုံမှ ကျိန်ခြင်းမျိုးစုံ တို့၏ အမှောင်ရိပ်အောက်တွင် နယ်ပယ်တစ်ခုလုံးကို သင်နောက်ကျော်ပေးခဲ့ပါပြီ။ သင်၏ ရှေ့တွင် ဘုရားသခင်၏ကောင်းချီးမင်္ဂလာအဖြာဖြာနှင့် ထိန်လင်းနေသော နယ်ပယ်သည် အတားအဆီးမရှိ ပွင့်လျက်ရှိနေပါသည်။             ခရစ်တော်အားဖြင့် သင်သည် အမွေခံရပါသည်။ သို့သော် ထိုအမွေကို သင်ခံစား ရန် သင်ကိုယ်တိုင် စူးစမ်းရှာဖွေတောင်းဆိုမှရပါမည်။ (တရား၊ ၂၈း၂-၁၃)တွင် မောရှေဖော် ပြခဲ့သော ကောင်းချီးမင်္ဂလာပေါင်းချုပ်ကို ပြန်လေ့လာကြည့်ရအောင်။             ချီးမြှောက်ခြင်း      ကြီးပွားချမ်းသာခြင်း             ကျန်းမာခြင်း        အောင်ပွဲခံခြင်း             မျိုးပွားခြင်း          ဘုရားသခင်ရှေ့တော်တွင် မျက်နှာရခြင်း             ဤစကားများကို ထပ်ဆိုကာ ဤအမွေများကို သင့်အား အကောင်အထည်ဖော် စေရန် ဘုရားသခင်အား တောင်းလျှောက်ပါ။ ဤအမွေခံခြင်းတစ်ခုစီအတွက် ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည် ယုံကြည်ခြင်းကို အသန့်

လွတ်ကျွတ်ရန် ခြေလှမ်းခုနစ်လှမ်း

၈      လွတ်ကျွတ်ရန် ခြေလှမ်းခုနစ်လှမ်း             ကယ်တင်ခြင်းဟူသော စကားလုံးသည် ကျွန်တော်တို့အသက်ရှင်သန်ရေးတွင် ဘုရားသခင် လုပ်ဆောင်လိုသော လုပ်ဆောင်စရာဟူသမျှကို ပေါင်းစပ်ထားခြင်းဖြစ်ပါ သည်။ ဂရိဘာသာစကား Sozo ကို ဓမ္မသစ်ကျမ်းတွင် အမျိုးမျိုးအဓိပ္ပါယ်ပြန်ဆိုခြင်းကြောင့် ဤကယ်တင်ခြင်းလုပ်ဆောင်မှုတစ်ခုလုံးကို တစ်မျိုးတစ်ဖုံ မှေးမှိန်စေခဲ့ပါသည်။ Sozo ကို ပုံမှန်အားဖြင့် “ကယ်တင်”ဟု ပြန်ဆိုပါသည်။ သို့သော် အပြစ်ဖြေလွှတ်ခြင်းထက် ကျော်လွန်၍ တစ်မျိုးတစ်မည် အသုံးပြုသောနေရာများစွာရှိနေပါသည်။             ယခု ဥပမာတစ်ခုပြမည်ဆိုလျှင် Sozo စကားလုံးကို လူများအနာရောဂါငြိမ်းစေ သည့်အမှုများတွင် အသုံးပြုသည်။ နတ်ဆိုးများ၏လက်မှ ကယ်လွှတ်သည့်အမှုနှင့် လူသေ ကို ပြန်ရှင်စေသည့်အမှုတို့တွင်လည်း Sozo စကားလုံးကို အသုံးပြုသည်။ လာဇရုကိစ္စတွင် အသည်းအသန် ဖျားနာရာမှ ပြန်လည်ကျန်းမာခြင်းကို ဖော်ပြရန် အသုံးပြုသည်။ (၂တိ၊ ၄း၁၈)တွင် သခင်ဘုရား၏မကောင်းသောအမှုရှိသမျှတို့မှ ကယ်နုတ်၍ ကောင်းကင်နိုင်ငံ တော်သို့တိုင်အောင် မစပို့ဆောင်မည့်အကြောင်းကို ဖော်ပြရာတွင်လည်း ရှင်ပေါလုသည် ဤစကားလုံးကို အသုံးပြုခဲ့ပါသည်။             ကယ်တင်ခြင်း၏ လုပ်ရပ်ဟူ