Posts

Showing posts from August 6, 2017

နေ့စဉ် ဘုရားသခင်၏အသံတော်ကို ကျမ်းစာဖက်ခြင်းဖြင့် နားထောင်ခြင်း

Image
ဆုတောင်းခြင်း (၅) သုတ္တံကျမ်း၊ ၁၄း၂၉-၃၃။ ၂၉၊ စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ ၃၀၊ ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။ ၃၁၊ ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေသောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။ ၃၂၊ မတရားသောသူသည် မတရားဖြင့် ပြုစဉ်အခါ၊ လှဲခြင်းကိုခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။ ၃၃၊ ဥာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ်၏။ မိုက်သောသူတို့၏အထဲ၌ရှိသောအရာမူကား၊ ထင်ရှားတတ်၏။ သုတ္တံကျမ်း၊ ၂၈း၉ ၉၊ တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာ ဘွယ်ဖြစ်၏။

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ဧဖက်၊ ၁း၇ ၇၊ ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ ၂

၂       ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့ လုပ်ဆောင်ပုံ             ကျွန်တော်တို့ အသက်ရှင်လှုပ်ရှားကြရာတွင် ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းတို့၏ လုပ်ဆောင်ပုံမှာ အမှုမဲ့အမှတ်မဲ့ မဟုတ်သလို ကြိုတင်ဟောပြောခြင်း မပြုနိုင်သော အမှုမ ဟုတ်ပါ။ ဤအမှုနှစ်ခုကို ဆန့်ကျင်သော ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့၏လုပ်ဆောင်ပုံ မှာ အနိစ္စထာဝရမပြောင်းမလဲသော နိယာမတရားလည်း ဖြစ်နေပေသည်။ လူ့သမိုင်းကို ပုံ သွင်းလာသော အစွမ်းသတ္တိနှစ်မျိုးရှိရာ ၎င်းတို့မှာ မြင်နိုင်သောအစွမ်းသတ္တိနှင့် မမြင်နိုင် သောအစွမ်းသတ္တိတို့ဖြစ်ကြပါသည်။ အဖြစ်အပျက်တစ်ခုမှ ပေါ်ထွန်းလာသည့် အကျိုး သည် သတ်မှတ်သောအရာမှ ထိုအစွမ်းသတ္တိနှစ်ခုအကြား အားပြိုင်မှုကြောင့် ဖြစ်ပါသည်။ မျက်မြင်နှင့် သဘာဝကျသောအရာတို့ကိုသာ အာရုံပြုမိလျှင် သဘာဝမကျသော ဧကန် အမှန်ဖြစ်သည့်အရာများ မည်ကဲ့သို့ဖြစ်လာသည်ကို ရှင်းပြနိုင်မည်မဟုတ်ပါ။             ကျွန်တော်တို့သည် ဤသဘာဝရုပ်လောကတွင် ကျင်လည်ကြသည်။ အဘယ် ကြောင့်ဆိုသော် တစ်ရက်ပြီးတစ်ရက်ဆိုသလို လောကီအရေးတွင် နှစ်မြုပ်နေကြသည်။ လူ အမြောက်အမြားသည် ဤလောကအတွက် ဘာတွေဖြစ်နေကြသည်ကိုပင် အကျွမ်းမ၀င် ကြပါ။ သို့ဖြစ်သည့်တိုင် ရုပ်လောကအပြင် မျက်စြိ

နေ့စဉ် ဘုရားသခင်၏အသံတော်ကို ကျမ်းစာဖက်ခြင်းဖြင့် နားထောင်ခြင်း

Image
ဆုတောင်းခြင်း (၄) ဆာလံ၊ ၈၈း၁-၂ ၁၊ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညဥ့် မပြတ်အော်ဟစ်ပါ၏။ ၂၊ အကျွန်ုပ်ပြုသောပဌနာသည် အထံတော်သို့ ၀င်ပါစေသော။ အော်ဟစ်သံကို နားထောင်တော်မူပါ။ ဆာလံ၊ ၅၅း၁၆-၁၇ ၁၆၊ ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍၊ ထာဝရဘုရားသည် ကယ်တင်တော်မူမည်။ ၁၇၊ ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော်မူမည်။ ဆာလံ၊ ၁၄၃း၁ ၁၊ အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုကြား၍၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ။ သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြောတော်မူပါ။

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ရှင်ယောဟန် ၁၀း၁၀ ၁၀၊ သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် သတ်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။  

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ မည်ကဲ့သို့ ကူးပြောင်းမည်နည်း။ နိဒါန်း           ကမ္ဘာနိုင်ငံအသီးသီးသို့ ခရီးထွက် အမှုတော်ဆောင်ရင်း အမှောင့်ပယောကို မျက်မြင်ကိုယ်တွေ့ဖြစ်လာခြင်းအား အဓိကတုံ့ပြန်ချက်နှစ်ချက်ကို မှတ်သားမိပါသည်။ အနောက်နိုင်ငံများတွင် ကာလကြာမြင့်စွာ ယထာဘူတကျသော အတွေးအခေါ်၊ သိပ္ပံပညာ ဖြင့် အရာရာကို ချဉ်းကပ်ခြင်းတို့ဖြင့် လွှမ်းမိုးခဲ့ပြီး အာရုံငါးပါးမှ လက်ခံသိရှိသောအရာမှာ တစ်ပါး မည်သည့်အရာကိုမဆို လူအများက လက်ခံကြပါသည်။             နောက်တစ်ဖက်တွှုမူ အနောက်နိုင်ငံမဟုတ်သော ကမ္ဘာ့နိုင်ငံအနှံအပြားရှိမြို့ကြီး ပြကြီးများတွင် ဖြစ်စေ၊ တောရွာဇနပုဒ်တို့တွင်ဖြစ်စေ၊ လူအများဆုံး၏ အာရုံတွင် အမှောင့် ပယောဂ၏ ပမာဏတစ်ခုတည်းရှိနေသည်မှာ တွေးတောယူဆချက်သက်သက်မဟုတ်ပါ။ လုံးဝမသိနားမလည်ခြင်းထက် သိရှိခြင်းကသာ၍ကောင်းသည်ထားဦး၊ နေ့စဉ်နှင့်အမျှ ဤ အမှောင့်ပယောဂအမှန်တကယ်ဖြစ်လာမည်ကို ကြောက်ရွံ့တုန်လှုပ်သောသူ အမြောက် အမြားရှိလေတော့သည်။ ကောင်းသောအလားအလာသဘောဖြင့် ပြောမည်ဆိုလျှင် ဤ အယူသည်းသောသူတို့သည် ထိုအချုပ်အနှာင်ထဲမှ လွှတ်မြောက်စေရန် ဘုရားသခင်၏ တန်းခိုးတော်ကို ယုံကြည်လက်ခံလွယ်သည့်အခြေအနေတွင

နေ့စဉ် ဘုရားသခင်၏အသံကို ကျမ်းစာဖက်ခြင်းဖြင့် နားထောင်ခြင်း

Image
ဆုတောင်းခြင်း (၃)  = = = = = = =  ယေရမိ ၄၂း၁-၁၂ ၁၊ ထိုအခါ ကာရာသား ယောဟနန်၊ ဟောရှဲသား ယေဇနိ အစရှိသော တပ်မှူးရှိသမျှနှင့် လူအကြီးအငယ်အပေါင်းတို့သည် ပရောဖက် ယေရမိထံသို့ ချဉ်းကပ်၍ ၂ ၊ အကျွန်ုပ်တို့သည် အထက်ကများသော်လည်း ယခုကိုယ်တော်မြင်သည်အတိုင်း အနည်းငယ်သာ ကျန်ကြွင်းပါသည်ဖြစ်၍၊ ၃၊ အကျွန်ုပ်တို့သနားတော်ခံသောစကားကို မပယ်ပါနှင့်။ အကျွန်ုပ်တို့ သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့အားပြတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွန်ုပ်တို့အဘို့ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။  ၄၊ ပရောဖက်ယေရမိကလည်း ငါကြား၏။ သင်တို့ပြောသည်အတိုင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အားဆုတောင်းမည်။ ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသမျှတို့ကို ပြန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မ၀ှက်ဟုပြောဆို၏။ ၅၊ သူတို့ကလည် ကိုယ်တော်ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထား တော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ ထာဝရဘုရားသည် အကျွန်ုပ်တို့၌ မှန်ကန်၍ သစ္စာစောင့်သော သက်သေဖြစ်တော်မူစေသတည်း။  ၆၊ အကျွန်ုပ်တို့သည် အကျွန်ု

Am I Looking to God?

Image
AM I LOOKING TO GOD?           “Look to Me, and be saved . . .” (Isaiah 45:22). D o we expect God to come to us with His blessings and save us? He says, “Look to Me, and be saved . . . .” The greatest difficulty spiritually is to concentrate on God, and His blessings are what make it so difficult. Troubles almost always make us look to God, but His blessings tend to diver our attention elsewhere. The basic lesson of the Sermon on the Mount is to narrow all your interests until your mind, heart, and body are focused on Jesus Christ. “Look to Me . . . .”             Many of us have a mental picture of what a Christian should be, and looking at this image in other Christians’ lives becomes a hindrance to our focusing on God. This in not salvation—it is not simple enough. He says, in effect, “Look to Me and you are saved,” not “Your will be saved someday.” We will find what we are looking for if we will concentrate on Him. We get distracted from God and irr