Posts

Showing posts from May 7, 2017

ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ

၂ အဆီးအတားတွေကို ဖျက်ဆီးပစ်လိုက်ပါ လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ (၂ကော၊၅း၁၇)                   တစ်ခါက “ဖီးလ်လစ်” ဆိုတဲ့ အမျိုးသမီးဟာ အသက်(၁၆)နှစ်အရွယ်မှာ ကိုယ်ဝန်ရတဲ့အတွက် ကျောင်းကနေအထုတ်ခံရတယ်။ လူတကာရဲ့အထင်အမြင် သေးခြင်း၊ ခွဲခြားဆက်ဆံခြင်းကို ခရတယ်။ ဒါပေမယ့် ဖီးလ်လစ်က “ငါ့သားသမီး တွေကို ဒီလိုနိမ့်ကျတဲ့အသက်တာမျိုးလက်ဆင့်မကမ်းနိုင်ဘူး။ ငါ့ရဲ့ဘ၀ကို ထူးခြား အောင် ငါလုပ်ရမယ်။ ငါ့အတွက် ဘုရားသခင်ပြင်ဆင်တဲ့ရည်မှန်းချက်ကို ပြည့်စုံ အောင် ငါဖြည့်ဆည်းရမယ်။ ဘုရားသခင်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာဖို့ ငါတက် လှမ်းမယ်” လို့ ၀န်ခံခဲ့တယ်။ သူရဲ့နှလုံးသားထဲမှာ “ဖြစ်နိုင်တယ်၊ တတ်နိုင်တယ်” ဆိုတဲ့အောင်စိတ်ကို ဖွံ့ဖြိုးလာအောင်သူ့ကိုယ်သူအားပေးမြှင့်တင်လိုက်တယ်။ “ဖြစ်လာမှာမဟုတ်ဘူး”ဆိုတဲ့ ပျော့ညံ့တဲ့အတွေးအခေါ်ကို ငြင်းပယ်ခဲ့တယ်။           ဖီးလ်လစ်ဟာ သူ့ကို ထုတ်ခဲ့တဲ့ကျောင်းမှာပဲ ထမင်းစားလက်မှတ် လိုက် ကောက်ရတဲ့အလုပ်ကို ရရှိတယ်။ လစာအနည်းငယ်ပဲရရှိပေမယ့် အဲဒီအလုပ်အ တွက် ကျေးဇူးတင်ခဲ့ပါတယ်။ ဘုရားသခင်က

ပုံစံခွက်ထဲက ထွက်ဖို့အချိန်ကျပြီ

(၁) သာ၍တိုးပွားတဲ့အသက်တာ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက် သာ၍ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့သွား၍ (ယော၊ ၁၄း၁၂)                   ကျွန်ုပ်ဟာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့မိသားစုထဲမှာ ကြီးပြင်း လာရတဲ့အတွက် ကောင်းချီးမင်္ဂလာခံစားရပါတယ်။ ကျွန်ုပ်မှာ စံတင်လောက်တဲ့ မိဘဘိုးဘွားတွေရှိခဲ့တယ်။ ကျွန်ုပ်ရဲ့မိခင်နဲ့ဖခင်ဟာ လောကမှာ ဘ၀ပေါင်းများစွာ ကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်ုပ်ရဲ့ မိဘနှစ်ပါးရဲ့ ပြီးစီးအောင်မြင်ခဲ့တဲ့အရာ တွေအတွက် ဂုဏ်ယူဝမ်းမြောက်လို့မဆုံးပါဘူး။ ဒါပေမဲ့ သူတို့ဆီကနေ ကျွန်ုပ် လက်ခံရရှိတဲ့အမွေ၊ ဆက်လက် ဆက်ခံလုပ်ဆောင်ရမဲ့ အမှုတော်အတွက် ကျွန်ုပ် ကျေနပ်ရောင့်ရဲမှာမဟုတ်ဘူး။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ဘိုးဘွားတွေထက် လက်ရှိ ကျွန်ုပ်တို့ကို ပိုပြီးတော့ တိုးပွားစေချင်တယ်။ ကျွန်ုပ်တို့အယောက်စီတိုင်း ကို ပိုပြီးတော့ ကောင်းချီးခံစားစေချင်တယ်။ သူ့ရဲ့မေတ္တာ၊ သူ့ရဲ့ကောင်းမြတ်ခြင်း တွေနဲ့ သူ့ရဲ့လောကကြီးအပေါ်လွှမ်းမိုးခြင်တွေကို ကျွန်ုပ်တို့ကို ပိုပြီးခံစားစေချင် တယ်။ သူကသင့်ကို လက်ရှိနေရာ

ကမ္ဘာဦးကျမ်းကိုလေ့လာခြင်း ဇာတ်လမ်း (၁၁)

ဇာတ်လမ်း (၁၁) အာဗြံ နှင့် လောတ လမ်းခွဲခြင်း ကမ္ဘာဦးကျမ်း ၁၃း၁-၁၅           ၁ အာဗြံသမီးမောင်နှံတို့သည်လည်း လောတနှင့်တကွ မိမိတို့ရှိသမျှသောဥစ္စာကိုယူ ၍ အဲဂုတ္တုပြည်မှထွက်သွားသဖြင့်၊ ခါနာန်ပြည် တောင်ပိုင်းသို့ ရောက်ကြ၏။ ၂ ထိုအခါ အာဗြံ သည် သိုး၊နွား စသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း၊ အလွန်ရတတ်၏။ ၃ တဖန်တောင်ပိုင်းမှ ခရီးသွား ၍ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌ အထက်ကတဲကို ဆောင်၍၊ ၄ ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏နာမတော်ကို ပတ္တနာပြု၏။ ၅ အာဗြဟံနှင့် လိုက်လာသောလောတ သည်လည်း သိုး၊နွားများနှင့် တဲအများရှိသဖြင့်၊ ၆ ထိုလူနှစ်ဦးတို့သည် အတူနေခြင်း ငှါ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်းမနေနိုင်ကြ။ ၇ အာဗြံ၏ နွားကျောင်းသား၊ လောတ၏နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထို အခါ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌နေကြသတည်း။ ၈ အာ ဗြံကလည်း ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက် ငါနှင့်သင်၌၎င်း၊ ငါ့နွားကျောင်းသား တို့နှင့် သင့်နွားကျောင်းသားတို့၌၎င်း ခိုက်ရန်မရှိပါစေနှင့်။ ၉ မြေတပြင်လုံးသည် သင့်ေ