Posts

Showing posts with the label ကျမ်းပိုဒ်များ

ရှင်ယောဟန်ခရစ်ဝင် ၁ (John 1)

Image

နေ့စဉ်ကျမ်းပိုဒ်

ဖိလိပ္ပိဩ၀ါဒစာ ၂း၃ ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သော စိတ်ရှိ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။

နေစဉ်ကျမ်းချက်

ဧဖက် ၂း၈ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။

နေ့စဉ်ကျမ်းပိုဒ်

ဟေရှာယ၊ ၄၃း၁၉ ကြည့်ရှုလော့။ အမှုသစ်ကိုငါပြုမည်။ ယခုပေါ်လာလိမ့်မည်။ သင်တို့သည်အမှန်သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ်တော၌လမ်းကို၎င်း၊ လွင်ပြင်၌စီးသော ရေကို၎င်း ငါဖန်ဆင်းမည်။

နေ့စဉ် ကျမ်းပိုဒ်

ကောလောသဲဩ၀ါဒစာ ၃း၁ အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရားသခင်၏လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။

ရှင်ယောဟန် ၁၅း၎

ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။

ယနေ့အတွက် ကျမ်းပိုဒ်

ကောရိန်သုဩ၀ါဒစာ ပဌမစောင် ၁၃း၁ ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။

ယနေ့အတွက် ကျမ်းပိုဒ်

ရှင်မဿဲခရစ်ဝင်၊ ၅း၁၄-၁၆ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီင်္းခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။

နေ့စဉ်ကျမ်းပိုဒ်

ဖိလိပ္ပိဩ၀ါဒစာ ၂း၁၂ သို့ဖြစ်၍ ငါ့ချစ်တို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ်နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်၊ ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့။

ရှင်မဿဲခရစ်ဝင်၊ ၅း ၁၄ (ကျမ်းပိုဒ်များ)

Image
ရှင်မဿဲခရစ်ဝင်၊ ၅း ၁၄ ၁၄၊ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။ Matthew 5:14 KJV Ye are the light of the world. A city that is set on an hill cannot be hid.

ယနေ့အတွက် သမ္မာကျမ်းစာ

Image
သုတ္တံ၊ ၁၆း၉ ၉၊ လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။

ယနေ့အတွက် သမ္မာကျမ်းစာ

Image
သုတ္တံ၊ ၁၆း၆ ၆  ဂရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏၊၊ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏၊၊

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ဆာလံ ၉၁း၁ ၁   အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာ ဌာနတော်၌် နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။ 

ယနေ့အတွက် သမ္မာကျမ်းစာ

Image
၁ပေ၊ ၁း၃ ၃   အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန် ဖြစ်ဘွားစေ တော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ဟေရှာယ ၅၃း၃ ၃  မထီမဲ့မြင် ပြခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသောသူ ဖြစ်၏၊၊ ငြိုငြင်သောသူ၊ နာကြည်းခြင်း ဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏၊၊ သူတပါးမျက်နှာ လွှဲခြင်းကို ခံရသော သူကဲ့သို့ဖြစ်၏၊၊ မထီမဲ့မြင် ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ၊၊

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ဂလာတိ၊ ၆း၉ ၉၊ ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ကို ပြုရသောအချိန်ရှိ၏။ ဒေသနာကျမ်း။ 3:1

ယနေ့အတွက် သမ္မာကျမ်းစာ

Image
တရားဟော၊ ၃၁း၈ ၈၊ သင့်ရှေ့မှာ ထာဝရဘုရားသည်ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။    

ယနေ့အတွက် သမ္မာကျမ်းစာ

Image
၂ကော၊ ၂း၃-၄ ၃၊ သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏အရှင်တည်းဟူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ၄၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့အားသက်သာစေနိုင် မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။  

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ဂလာတိ ၅း၁၃ ၁၃၊ ညီအစ်ကိုတို့၊ သင်တို့သည်လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။