Posts

Showing posts from June 25, 2017

အသက်တာနှင့် နားလည်သိတတ်မှု

အခန်း (၁၁) ယုံကြည်ခြင်းဖြင့် အသက်ရှင်နည်း (ဟေဗြဲ၊ ၁၁း၁-၆) ====================================             “ယုံကြည်ခြင်းဖြင့် အသက်ရှင်နည်း” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ ယနေ့အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေဗြဲ၊၁၁း၁-၆) ဖြစ်ပါသည်။             ယနေ့ လူတို့သည် သိပ္ပံပညာနှင့် ဆင်ခြင်တွေးခေါ်ခြင်းကြီးစိုးသောခေတ်၌ အသက်ရှင်နေရကြသည်။ ၎င်းသည် လူကိုဗဟိုပြုသော ယုံကြည်ချက်များ၌သာ အခြေပြုသည့် သိပ္ပံ ပညာ၏ ဆင်ခြင်တွေးခေါ်ခြင်း အစွမ်းတို့ဖြင့် ကောင်းကင်ဘုံကို တည်ဆောက်လုနီးပါး အမှောင်ဖုံးသော အ၀ိဇာအောက်ရှိလူကို ဗဟိုပြုသော ယဉ်ကျေးမှု၌ ဖခင်များစွာရှိနေသည်။ သို့ ဖြစ်သော်လည်း ယနေ့လောကကြီးသည် မုန်းတီးခြင်း၊ မယုံကြည်ခြင်းစသည်တို့ဖြင့် လွှမ်းမိုးနေသည်။ လောကကမ္ဘာကြီး၏ အပြစ်ဒုစရိုက်သည် အထွဋ်အထိပ်သို့ ရောက်နေပါသည်။ သေခြင်းတရားသည် နေရာတကာ၌ ချောင်းမြောင်းနေသည်။             ၎င်းသည် အကျိုးအဆက်အဖြစ် လူသည် မိမိ အသက်ရှင်ရခြင်း၏ ...

တစ်နှစ်တာ သမ္မာကျမ်းစာ

Image
သောကြာ၊ ပတ်စဉ် ၂၊ အာဗြဟံသို့ပဋိညာဉ် ========= §   လောတ အဖမ်းခံရခြင်း                                                  က ၁၄း၅-၁၃ §   အာဗြဟံ လောတအား ကယ်ထုတ်ခြင်း                               ၁၄း၁၄-၁၆ §   အာဗြဟံနှင့်သောဒုံဘုရင်                                                ၁၄း၁၇၊ ၂၁-၂၄ §   အာဗြဟံနှင့် မေလခိဇဒက်     ...

ကမ္ဘာဦးကျမ်းကို လေ့လာခြင်း (၁၅)

ဇာတ်လမ်း (၁၅) အရေဖျားလှီးခြင်းဟာဘုရားပဋိညာဉ်အမှတ်အသား ကမ္ဘာဦးကျမ်း ၁၇း ၁ - ၅, ၁၀, ၁၅ - ၁၆, ၂၃           ၁ ထိုနောက် အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘု ရားသည် အာဗြံအား ထင်ရှားတော်မူ၍ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာသွားလာ၍ စုံလင်ခြင်းရှိလော့။ ၂ ငါ၏ပဋိညာဉ်ကို သင်နှင့်ငါပြုမည်။ သင့် ကို ငါ အလွန်များပြားစေမည်ဟု မိန့်တော်မူ၏။ ၃ အာဗြံသည်လည်း ပြပ်ဝပ်လျင် ဘု ရားသခင်က၊ ၄ ငါပြုသောပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ ၅ နောက်တဖန် သင်၏အမည်ကို အာဗြံဟု မခေါ်ရ။ သင်၏အ မည်ကို အာဗြဟံ ဟုခေါ်ရ၏။ အကြောင်းမူကား ငါသည် သင့်ကို များစွာသောလူအ မျိုးတို့၏အဘအရာ၌ ခန့်ထားပြီ။. . . ၁၀ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအ နွယ်သည် ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား သင်တို့တွင် ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။. . ၁၅ တဖန်ဘုရားသခင်က သင် ၏ မယားစာရဲကိုမူကား၊ စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာ ဟူသောအမည် ဖြင့် ခေါ်ရ၏။ ၁၆ သူ့ကိုငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင်အားသားကို ပေးမည်။ အကယ်စင်စစ် သူ့ကို ကောင်းကြီး...