Posts

Showing posts with the label အသက်တာဆိုင်ရာ

ထိုသခင်အတွက်

"ထိုသခင်သည် တိုးပွါးခြင်းရှိရမည်။ ငါမူကားဆုတ်ယုတ်ခြင်းရှိရမည်" ရှင်ယောဟန် ၃း၃၀ ဗတ္တိဇံဆရာယောဟန်သည် ခရစ်တော်ရှေ့၌စေလွှတ်ခြင်းကိုခံရသောသူဖြစ်သည်။ ယေရှုခရစ်တော်အတွက် လမ်းခင်းပေးသောသူဖြစ်သည်။ ယေရှုနှင့် သူ၏တပည့်တော်တို့အတူ ယုဒကျေးလက်တို့မှာ နေ၍ ဗတ္တိဇံပေးသည်ကို ယောဟန်၏တပည့်တော်များသည်ကြားသောကြောင့် သူ၏ဆရာထံသို့သွား၍ ပြောပြသည်။ ထိုအခါ ဗတ္တိဇံဆရာယောဟန်၏တုံ့ပြန်မှုသည် ဝန်ခံခြင်းနဲ့ သူ၏တပည့်များကို ပြန်၍ ပြောခဲ့သည်။ ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်း ဗတ္တိဇံဆရာယောဟန်သည် ( ရှင်ယောဟန် ၃း၂၇-၃၆ ) ၌ ဟောပြောထားသည်။ အတူတကွ ကျမ်းစာဖတ်၍ ဆင်ခြင်ကြည်ပါစို့။ ယနေ့အသက်တာ၌ ဗတ္တိဇံဆရာယောဟန်ကဲ့သို့ ယေရှုခရစ်တော်အကြောင်းကို များစွာ သက်သေခံရမည်။ ဘုရားသခင်၏သားတော်ဖြစ်ကြောင်း လူသားများကို အပြစ်ငရဲမှ ကယ်တင်သောအရှင်ဖြစ်ကြောင်းကို လောကီလူသားများကို ကျွန်ုပ်တို့သည် များစွာသက်သေခံရန်အထူးလိုအပ်နေပေသည်။ အတိုက်အခံများစွာဖြင့် တုန့်ပြန်နေသောလည်း ဗတ္တိဇံဆရာယောဟန်ကဲ့သို့ ယေရှုခရစ်တော်အကြောင်းကို သက်သေခံချက်များဖြင့် ကျွန်ုပ်တို့သည်လည်း ဟောပြောသက်သေခံနေရမည်ဖြစ်သည်။ အဘယ်ကြောင့်နည်း ထာဝရဘုရားသခင်ကို ယု...

သစ္စာစောင့်၍

"သစ္စာစောင့်၍ဖြောင့်မတ်သောလူမျိုးဝင်ပါစေ။ စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့်အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။" (ဟေရှာယ ၂၆း၃) ဘဝမှာခက်ခဲပြဿနာရင်ဆိုင်လာရတဲ့အခါ ဘုရားသခင်အပေါ် ဘယ်လောက်သစ္စာစောင့်၊သစ္စာရှိသလဲ ဘုရားသခင်သူသည်စိတ်ဝင်စားသည်။ ကျမ်းစာထဲ၌ ဘုရားသခင်အပေါ်သစ္စာရှိသောသူများစွာတွေ့ရသည်။ ထိုသစ္စာရှိသောသူများထဲတွင် ကျွန်ုပ်တို့ပါဝင်နေရမည်။ သစ္စာရှိသောသူ ယောဘအကြောင်းကိုလည်း များစွာဆင်ခြင်နိုင်ပါသည်။ နောက် ယနေ့တွင် ဒံယေလ၏ သစ္စာစောင့်ခြင်းကို ဆင်ခြင်မိမယ်ဆို ကျွန်ုပ်တို့၏ ဘဝခက်ခဲပြဿနာရင်ဆိုင်မှုများသည် အလွန်လွယ်ကူနေပေလိမ့်မည်။ ဒံယေလအနာဂတ္တိကျမ်း ၆ တခန်းလုံးဖတ်ကြည့်၍ ခွန်အားယူကြပါစို့။ (ကိုယ်ပိုင်ကျမ်းစာအုပ်ဖွင့်၍ဖတ်ရှုပါ)။ ဒံယေလအနာဂတ္တိကျမ်း ၆ တခန်းလုံးကို ဖတ်ရှုပြီနောက် ဒံယေလ၏တွေ့ကြုံသော အခက်အခဲကို တွေ့ရပေမည် သူ၌ရွေးချယ်ရမည် ရှင်ဘုရင်အမိန့်နှင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ထိုမိတ်သဟာယဖွဲ့ခြင်းသည် တနေ့ကို သုံးကြိမ်ဖြစ်သည်။ ရှင်ဘုရင်အမိန့်ကို ရက်သုံးဆယ်အတွင်း တနေ့ကို သုံးကြိမ်ဆန့်ကျင့်ခဲ့သည်။ ထိုကြောင့် ဒံယေလ ခြင်္သ...

စိတ်ပါကိုယ်ရောက်

"ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ၊ စိတ်ပါကိုယ်ရောက်ဧကန်အမှန် ချစ်ကြကုန်အံ့။ ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၃း၁၈"                 ယနေ့တွင် စကားကိုအလွန်တကူပြောတတ်လာကြသည် အလွန်တကူ ကတိတွေပေး၍ ပြောတတ်လာကြသည်။ အသက်ငယ်ငယ်ရွယ်ရွယ်များရှိသေးသော ကလေးများပင် ရည်းစားထားတတ်လာကြသည်။ ချစ်တယ်ဆိုတဲ့စကားလုံးကို သေချာနားလည်စွာအဓိပ္ပါယ်မဖွင့်ဆိုတတ်ပေမဲ့လည်း အလွယ်တကူပင် နင့်ကိုငါချစ်တယ်ဆို၍ ရည်းစားစကားပြောတတ်ကြလေသည်။ ယနေ့တွေ့မြင်နေရသော ပတ်ဝန်းကျင်တွင်လည်း တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ပြော၍ နောက်ကွယ်၌ ဖောက်ပြန်နေကြသော သူများစွာရှိလာပေသည်။ လမ်းမှာတွေ့၍ နှုက်ဆက်စကားပြောပြီကာ နောက်ကွယ်ရောက်ကာ အပြစ်ပြောကြသည်မှာ မနည်းပေ။ ပြုံးရွှင်သောမျက်နှာဖြင့် ဖော်ရွေနေသောလည်း စိတ်ထဲ၌ မုန်းတီးနေသော စိတ်ကူးများရှိနေပေသည်။ ဟန်ဆောင်လိမ်ညာနေသော အသက်တာဖြင့် အသက်ရှင်နေသော လောကကြီး၌ စိတ်ပါကိုယ်ရောက်ဧကန်အမှန် ချစ်ကြကုန်အံ့၊ ဟု တိုက်တွန်းနှိုးဆော်နေသောသူများကိုပင် အရူး အပိုအလုပ်တွေဟူ၍ မြင်လာကြသည်။ ဟန်ဆောင်လိမ်ညာခြင်းများသည် မကောင်းဟု သိနေသောလည်း မလွန်ဆန်နိုင်သော အကြောင်းပြချက်များဖြ...

ကောင်းသောအဘို့ကိုရွေးယူခြင်း

Image
လောကတွင်အသက်ရှင် နေထိုင်သာအခါ အဘယ်သို့သောအရာသည် ကျွန်ုပ်တို့အတွက်အရေးကြီးဆုံးဖြစ်သနည်း။ လောကတွင် လူသားတိုင်းသည်ဝမ်းရေးအတွက်အဓိကထား ဖွေရှာအသက်ရှင်ကြသည်။ တရားကိုကိုယ့်ရဲ့အားလက် သောအချိန်တစ်ခု၌ ရှာ ဖွေအားထုတ်တတ်ကြသည်။ ဘုရားသခင်၏နိုင်ငံတော်အတွက် ကျွန်ုပ်တို့များစွာပါဝင်ဆက်ကပ်ကြသည်။ ပေးလှူခြင်း၎င်း၊ လုပ်အားဖြင့်၎င်း၊ အဖက်ဖက်တွင် တထောင့်တနေရာဖြင့် ပါဝင်ဆက်ကပ် နေကြသည်။ သို့သော် ဘုရားသခင်နှင့်မိတ်သသာယဖွဲ့ခြင်း၌ အချိန်ပေးမှုနည်း‌ပါး ပေသည်။ (လုကာ ၁ဝး၄၁-၄၂  ယေရှုက၊ မာသ၊မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်းကိုခံရ၏။ မာရိမူကား၊ ကောင်း သောအဘို့ကိုရွေးယူပြီ၊ ထိုအဘို့ကိုအဘယ်မျှမနှုတ်မယူရာဟု မိန့်တော်မူ၏။) ထိုနှုတ်ကပတ် တော်ကျမ်းပိုဒ်၌ "များစွာသာအမှု" နှင့် ‌"ကောင်း သောအဘို့" ဆိုတာ တွေ့၍ ဆင်ခြင်မိမည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် အသင်း တော်အတွက် သာသနာလုပ်ငန်းအတွက် အဘယ်သို့ပြင်ဆင်ဆောင်ရွက်မည် ဆက်ကပ်မည်ဟု၍ စိတ်အားထက်သန်ကြပေသည်။ ထိုအမှုအရာများဖြင့် တွေးပူ၍ဝန်ထုတ်ဝန်ပိုးဖြစ်လာပေသည်။ ထိုနောက် ဘုရားထံမှ ဆက်လက်လုပ်နိုင်ရန် ခွန်အား တောင်းခံကြ‌ ပေသည်။ ကျွန်ုပ်တ...

စိုးရိမ်ခြင်း

Image
အဘယ်အချိန်တွင် စိုးရိမ်မှုအရှိဆုံးနည်း။ ဘဝ၏ပြဿနာများသည် မနိုင်ဝန်ဖြစ်လာသောအချိန် ဖြေရှင်းနိုင်သာနည်းလမ်းမစဉ်းစားရတော့အချိန်များ၌ စိုးရိမ်မှုသည်ထွက်ပါ်လာသည်။ ဘဝနဲ့ရင်း၍ဖြစ်ပေါ်လာသော စိုးရိမ်မှုကြီးကို သင်ဘယ်လို ဖြေရှင်းမည်နည်း။  နှုတ်ကပတ် တော်သမ္မာကျမ်းစာ၌ (ရှင်လုကာ ၈း၄၀-၅၆) တွင် တရားစရပ်မှူး ယာဣရု နှင့် တတယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသာအမျိုးသမီးအကြောင်းကို ဆင်ခြင်ကြည့်ရာ၌ သခင်ယေရှုက ထိုသူနှစ်ဦးဖြစ်သည့် ယာဣရုနှင့်အမျိုးသမီးတို့ကို ပြောသည့်စကား၌ (လုကာ ၈း၄၈ - ကိုယ် တော်ကလည်း ငါ့သမီး မစိုးရိမ်နှင့် သင်၏ယုံကြည်ခြင်းသည် သင်အနာကို ငြိမ်းစေပြီ ငြိမ်ဝပ်စွာ သွား လော့ဟု မိန့်တော်မူ၏။) ထိုအမျိုးသမီးသည် သူ၏ရောဂါပျောက်ကင်းဖို့အတွက် တဆယ်နှစ်နှစ်ပတ်လုံး ဥစ္စာရှိသ မျှအကုန်ခံ၍ ဆေးသမားများစွာကုသခဲ့သာလည်း မပျောက်ကင်းခဲ့ပါ။ ထိုကြောင့် ယခုတကြိမ်တွင် ယေရှုခရစ်တော်၏သတင်းတော်ကြား၍ ‌ယေရှု၏အဝတ်ပန်းပွါးကို တို့ရင် ရောဂါ ပျောက်မည်ဟု ယုံကြည်ကာကြိုးစားတို့ထိခဲ့သည်။ ထိုရလဒ်သည် တဆယ်နှစ်နှစ်မပျာက်သော ရောဂါ ထိုအချိန်၌ပျောက်ကင်းသွားသည်။ တရားစရပ်မှူးမှာလည်း မြော်လင့်ချက်ဖြင့်သွားခေါ်ခဲ့သည် သို့သော် လမ်...

နာခံမှု

ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ထိုသခင်ကို ငါသိ၏ဟုပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသာကိုသုံးသောသူြဖစ်၍ ထိုသူ၌သစ္စာမရှိ။ ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် သခင်၌ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။ ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။ ၁ ယော 2:3‭-‬6