Posts

Showing posts from August 13, 2017

နေ့စဉ် ဘုရားသခင်၏အသံတော်ကို ကျမ်းစာဖက်ခြင်းဖြင့် နားထောင်းခြင်း

Image
ဆုတောင်းခြင်း (၈) ၁တိ၊ ၂း၁-၄ ၁၊ ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ ၂၊ ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေးဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွန်းသွေးဆောင်၏။ ၃၊ အကြောင်းမူကား၊ ထိုသို့သော အမှုသည် ကောင်းသောအမှုဖြစ်၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားနှစ်သက်တော်မူသောအမှုလည်းဖြစ်၏။ ၄၊ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။ ၁တိ၊ ၂း၈ ၈၊ သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောကျာ်းတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက်ကိုချီ၍၊ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။ ၁တိ၊ ၄း၎-၅ ၄၊ ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ ၅၊ ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ်လျက်ရှိကြ၏။

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ဖိလိပ္ပိ၊ ၄း၉ ၉၊ သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။    

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)

ကျိန်ခြင်း၏ အရင်းအမြစ်             ကျိန်ခြင်းတိုင်းတွင် အကြောင်းတစ်ခုခုရှိစမြဲဟု ရှောလမုန်က (သု၊ ၂၆း၂) တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။ စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဧရက်သည်လည်း ပျံသွားသကဲ့သို့ ထိုနည်းတူ အကြောင်းမရှိသောကျိန်ခြင်းသည် မသင့်မရောက်တတ်။             ဤအခြေခံမူကို နှစ်ဖက်ချွန် အသုံးချနိုင်ပါသည်။ တစ်ဘက်တွင် ကျိန်ခြင်းသည် အကြောင်းမရှိလျှင် ထိရောက်မှုမရှိသလို၊ တစ်ဘက်တွင် ဆန့်ကျင်ဘက် မှန်ကန်ပါသည်။ ကျိန်ခြင်းရှိသည့်အကြောင်းတရားကို အတိအကျဖော်ထုတ်ဖို့ရန် သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ပိုင်းခြားသိတတ်ရန် လိုအပ်ပါသည်။ သီးခြားပြဿနာတစ်ခုစီအတွက် အကြောင်းတရားကို ဖော်ထုတ်နိုင်ပါက ထိရောက်စွာ ရင်ဆိုင်နိုင်ပါလိမ့်မည်။             ဤအပိုင်းသည် ကျွန်တော်တို့၏ အသက်ရှင်သန်မှုကို ဒုက္ခဝေဒနာရောက်စေ တတ်သော အဓိကကျိန်ခြင်းဟူသမျှ၏ အကြောင်းတရားများကို လမ်းဖွင့်ပေးပါလိမ့်မည်။ ဖတ်ရှုပြီးလျှင် ပိုမိုနားလည်သဘောပေါက်သည်သာမက ရှေ့ပိုင်းတွင် ဖော်ပြသွားမည့် ဘုရားသခင်၏ဖြေဆေးကို အသုံးပြုနိုင်ပါသည်။ ၃              ဘုရားသခင်ကို ကျိန်ခြင်း၏ အရင်းအမြစ်အနေဖြင့်             လူ့အမြောက်အမြားသည် ဘုရားသခင

နေ့စဉ်ဘုရားသခင်၏အသံတော်ကို ကျမ်းစာဖတ်ခြင်းဖြင့် နားထောင်ခြင်း

Image
 ဆုတောင်းခြင်း (၇)  ရှင်ယောဟန်၊ ၁၇း ၁-၂၆ ၁၊ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အိုအဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။ ၂၊ ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကိုပေးစေခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကိုသားတော်အား ပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းထင်ရှားစေတော်မူပါ။ ၃၊ ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။ ၄၊ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဘို့ အကျွန်ုပ်အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။ ၅၊ အိုအဘ၊ ဤကမ္ဘာမတည်မရှိမှီအထံတော်၌ အကျွန်ုပ်ခံစားရသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြောက်တော်မူပါ၏။ ၆၊ ဤလောကထဲမှယူ၍ အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ၏။ ၇၊

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ယာကုပ်၊ ၃း၁၃ ၁၃၊ သင်တို့တွင် အတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစုံတယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။    

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ဖိလိပ္ပိ ၁း ၆ ၆၊ သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီးလျက်ပြုတော်မူမည်ဟု ငါသဘောကျ၏။

Transformed By Beholding

Image
TRANSFORMED BY BEHOLDING           “We all, with unveiled face, beholding as in a mirror the glory of the Lord, are being transformed into the same image . . .” (2 Corinthians 3:18). T he greatest characteristic a Christian can exhibit is this completely unveiled openness before God, which allows that person’s life to become a mirror for others. When the Spirit fills us, we are transformed, and by beholding God we become mirrors. You can always tell when someone has been beholding the glory of the Lord, because your inner spirit senses that he mirrors the Lord’s own character. Beware of anything that would spot or tarnish that mirror in you. It is almost always something good that will stain it—something good, but not what is best.             The most important rule for us is to concentrate on keeping our lives open to God. Let everything else including work, clothes, and food be set aside. The busyness of things obscures our concentration on God. We m

နေ့စဉ် ဘုရားသခင်၏အသံတော်ကို ကျမ်းစာဖတ်ခြင်းဖြင့် နားထောင်ခြင်း

Image
ဆုတောင်းခြင်း (၆) = = == = = = လုကာ၊ ၁၈း၁-၁၄ ၁၊ လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်ကား၊ ၂၊ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီးတစ်ယောက်ရှိ၏။ ၃၊ ထိုမြို့၌နေသော မုဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ်စီရင်ပါဟု တောင်းပန်သော်လည်း၊ ၄၊ တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူဖြစ်သော်လည်း၊ ၅၊ ဤမုဆိုးမသည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍၊ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။ ၆၊ မတရားသော ထိုတရားသူကြီး၏အကြံကိုမှတ်ကြလော့။ ၇၊ ဘုရားသခင် ရွေးကောက်တော်မူသောသူတို့သည် ညဥ့်နေ့မပြတ်အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲနေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။ ၈၊ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန်တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။ ၉၊ ကိုယ

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ရောမ၊ ၈း၂၈ ၂၈၊ ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။