Posts

Showing posts from October 1, 2017

အပိုင်း (၃) မည်ကဲ့သို့လွတ်မြောက်မည်နည်း

အပိုင်း (၃) မည်ကဲ့သို့ လွတ်မြောက်မည်နည်း             ကျန်ခြင်းနှင့်ပတ်သတ်သော အကြောင်းတရား၊ အကျိုးတရားတို့ကို အတော်များ များလေ့လာခဲ့ပါပြီ။ ယခုအထိ လေ့လာရသည့်အကျိုးအားဖြင့် ကျိန်ခြင်းဒဏ်တစ်ခုခု ကြောင့် သင်၏အသက်တာတွင် ညှိုးနွမ်းမှုတစ်စုံတစ်ရာရှိမရှိ သဘောပေါက်မိပါသလား။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအလင်းကို ပိတ်နေသည့်အမှောင်ရိပ်အောက်မှ ထွက် ပေါက်များကိုတွေ့၍ သင် အံ့အားသင့်မိပါသလား။ လွန်ခဲ့သော သင်၏အသက်တာ သို့မဟုတ် သင်၏ဘိုးဘွားများ၏ အပြုအမူကြောင့်ဖြစ်စေ သင်၏အသက်တာကို ကျိန်ဒဏ် ၏၍ သင် အံ့အားသင့်မိပါသလား။ လွန်ခဲ့သော သင်၏အသက်တာ သို့မဟုတ် သင်၏ဘိုးဘွားများ၏ အပြုအမူကြောင့်ဖြစ်စေ သင်၏အသက်တာကို ကျိန်ဒဏ်၏ ထိခိုက်မှု လွှမ်းမိုးကြီးစိုးစေရန်မလိုအပ်ပါ။ တစ်သက်လုံး ဤပယောဂဒဏ်ကို ခံနေရမလားဟု သင် စိုးရိမ်ခြင်းမှ လွတ်မြောက်ရာလမ်းရှိကြောင်းကို သင်သိရှိနိုင်ပါသည်။             ကျိန်ခြင်း၏ အကြောင်းတရား သို့မဟုတ် အရင်းအမြစ်ကို စုံစမ်းစိစစ်ရှာဖွေဖို့ အမြဲ မဟုတ်သည့်တိုင် မကြာခဏ စိစစ်ရှာဖွေဖို့လိုအပ်ပါသည်။ ထို့ကြောင့် ပြီးခဲ့သောအပိုင်းတွင် ဖြစ်နိုင်စရာအမျိုးမျိုး၏ ခေါင်းစဉ်တချို့ကို တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ထိုခေါင်းစဉ်