ထာဝရဘုရား၏ ရထားတော်
ထာဝရဘုရား၏ ရထားတော် (ဆာလံ၊ ၂၉း ၁ - ၁၁) ==================================== “ထာဝရဘုရား၏ရထားတော်” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဆာလံ၊ ၂၉း၁-၁၁) ဖြစ်ပါသည်။ အသက်တာ၌ လေပြင်းမုန်တိုင်းဒဏ်ကို မတွေ့ကြုံမခံစားဘူးသည် လူရှိမည်မဟုတ်ပါ။ ကျွန်ုပ်တို့အသက်တာ၌ လေပြင်းမုန် တိုင်းများစွာတို့ကို တွေ့ကြုံကြရသည်။ သို့သော် ထိုမုန်တိုင်း အပေါ်၌ မကောင်းသောသဘောထားရှိပါက ကျွန်ုပ်တို့ကို တစ်စစီဖြစ်အောင် ဆုတ်ဖြဲပစ်မည်ဖြစ်သည်။ ထိုမုန်တိုင်းအပေါ်၌ ကောင်းသောသဘောထားကြပါ ဘုရားသခင်၏အံ့ဘွယ်ရာကောင်းကြီးမင်္ဂလာတို့ကို ယူ ဆောင်လာမည်။ ထာဝရဘုရား၏ရထားတော်ဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် လေပြင်းမုန်တိုင်းကြီး တွေ့ကြုံရစဉ်အခါ၌ မည်သို့ပြုရမည် ကို (ဆာလံ၊၂၉)၌ ဘုရားသခင်သွန်သင်ချက်ကို လေ့လာကြပါစို့။ ပထမအနေနှင့် ဒါဝိဒ်က ထာဝရဘုရားသည် လွှမ်းမိုးသောရေပေါ်၌ စံတော်မူ၏ဟု သက်သေခ...