Posts

Showing posts from July 30, 2017

Are You Fresh For Everything?

Image
ARE YOU FRESH FOR EVERYTHING?           “Jesus answered and said to him, ‘Most assuredly, I say to you, unless one is born again, he cannot see the kingdom of God’” (John 3:3). S ometimes we are fresh and eager to attend a prayer meeting, but do we feel that same freshness for such mundane tasks as polishing shoes? Being born again by the Spirit is an unmistakable work of God, as mysterious as the wind, and as surprising as God Himself. We don’t know where it begins—it is hidden away in the depths of our soul. Being born again from above is an enduring, perpetual, and eternal beginning. It provides a freshness all the time in thinking, talking, and living—a continual surprise of the life of God. Staleness is an indication that something in our lives is out of step with God. We say to ourselves, “I have to do this thing or it will never get done.” That is the first sign of staleness. Do we feel fresh this very moment or are we stale, frantically searchin

နေ့စဉ်ဘုရားသခင်အသံကို ကျမ်းစာဖတ်ခြင်းဖြင့် နားထောင်ခြင်း

Image
ဆုတောင်းခြင်း (၁) = = = = = = မဿဲ ၆း၅-၁၃ ၅၊ သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့် ထိုသူတို့သည် လူများတို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။ ၆၊ သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။ ၇၊ သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွတ် ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။  ၈၊ ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။  ၉၊ ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။  ၁၀၊ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ 

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ရှင်ယောဟန် ၆း၃၇ ၃၇၊ ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာ ကြလိမ့်မည်။ ငါ့ထံသို့လာသောသူကို ငါသည်အလျင်မပယ်။

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ရောမ၊ ၈း၃၅ ၃၅၊ ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ငါတို့ကို အဘယ်သူကွာစေမည်နည်း။

ဘုရားသခင် စီမံတော်မူသော ဖလှယ်ခြင်း (အပိုင်း ၆)

အပိုင်း ၆ ဘုရားသခင်၏ကာကွယ်မှု၌ ယုံကြည်စိတ်ချမှုကို ကြေညာခြင်း             အကျွန်ုပ်ကို ရန်မူရန်ကြံစည်သော မည်သည့်လက်နက်မဆို မကြီးပွားရပါ။ အကျွန်ုပ်ကို ဆန့်ကျင်၍ တရားစီရင်သော လျှာတိုင်းကို အကျွန်ုပ်ရှုတ်ချပါသည်။ အို၊ ကောင်းကင်ဗိုလ်ခြေထာဝရဘုရား၊ ဤအခွင့်အာဏာသည် သခင်ဘုရား၏ အစေခံအနေ ဖြင့် အကျွန်ုပ်၏အမွေမဟုတ်ပါလော။ အကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် ကိုယ်တော်ထံမှ လာသည်မဟုတ်ပါလော။             အကျွန်ုပ်ကို ပုတ်ခတ်၍ စကားပြောသောသူများရှိလျှင်လည်းကောင်း၊ အကျွန်ုပ် အား ဆန့်ကျင်၍ ဆုတောင်းပတ္ထနာ ပြုသောသူများရှိလျှင်လည်းကောင်း၊ အကျွန်ုပ်ကို ဘေး ဒုက္ခရောက်စေလိုသောသူများ အပယ်ဘ၀ရောက်စေလိုသောသူများရှိလျှင်လည်းကောင်း၊ သူတို့ကို အကျွန်ုပ်ခွင့်လွှတ်ပါသည်(နာမည်သိလျှင် အမည်ဖော်ထုတ်ပြောဆိုရန်)။ ထိုသူ တို့ကို ခွင့်လွှတ်ပြီးနောက် ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးမင်္ဂလာပေးရန် တောင်းလျှောက်ပါသည်။             အို၊ ဘုရားသခင် ယခု ကျွန်ုပ်ကြေညာပါသည်။ ကိုယ်သာလျှင် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်မှလွဲ၍ အခြားဘုရားမရှိကြောင်း ယုံကြည်ပါသည်။ ဖြောင့်မတ် သောဘုရားတစ်ဆူအဖြစ်နှင့် ကယ်တင်ရှင်အဖြစ်၊ ခမည်တော်၊ သားတော်နှင့်

ဘုရားသခင်စီမံတော်မူသော ဖလှယ်ခြင်း (အပိုင်း ၅)

(အပိုင်း ၅) = == =  အထက်တွင် ဆွေးနွေးခဲ့သော ဖလှယ်ခြင်း၏အသွင်အပြင်များသည် လူသားဘ၀ ၏အခြေခံအကျဆုံးနှင့် အရေးကြီးလိုအပ်ချက်တစ်ချို့ကို ဖြည့်ဆည်းပေးသော်လည်း ပြည့် ၀စုံလင်သည်မဟုတ်ပါ။ အမှန်တကယ်တွင် ကျွန်ုပ်တို့အား အကောင်းကို ပေးကမ်းနိုင်ရန် ယေရှုအပေါ်အဆိုးကို ကျရောက်စေသည်ဟူသော ဖလှယ်ခြင်းကို နားလည်သဘောပေါက် ခြင်းမရှိသည့်အတွက် ပုန်ကန်ခြားနားခြင်းများ ပြုလာသည်။ ကျွန်ုပ်တို့အသက်ရှင်လှုပ်ရှား ကြရာတွင် ဤအခြေခံမူကို အသုံးချရန် တတ်မြောက်လာသည်နှင့် ကျွန်ုပ်တို့၏လိုအပ်မှုခပ် သိမ်းကို ဘုရားသခင် ပြင်ဆင်ပေးတော်မူမည်ဖြစ်သည်။             ဂလာ၊၃း၁၃-၁၄ တွင် ရှင်ပေါလု ဖော်ပြသော ဖလှယ်ခြင်း၏လက်စသတ်သည့် အသွင်အပြင် နောက်ဆုံးတစ်ခုသာ ကျန်တော့သည်။             ဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ဆွဲခြင်းကိုခံရ သောသူတိုင်း ကျိန်ခြင်းကိုခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော် သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကိုခံရသောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ။ အကြောင်းမူကား အာဗြဟံခံရသော ကောင်းချီးမင်္ဂလာသည် ယေရှု ခရစ်အားဖြင့် တပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍ ငါတို့သည်