Posts

Showing posts from May 14, 2017

ပုံစံခွက်ထဲကထွက်ဖို့ အချိန်တန်ပြီ

(၃) ဘုရားသခင်ရဲ့ အထူးမျက်နှာသာပေးခံရခြင်း သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာသာရတတ်၏။ မကောင်းသောအကြံကိုကြံစည်သောသူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။ (သုတံ္တ၊၁၂း၇)                   တစ်ခါက လုပ်ငန်းတစ်ခုထဲဝင်ဖို့ လူတွေ့မေးမြန်းခြင်းကိုအောင်မြင်ဖို့ ကျွန်ုပ်ဆီမှာ ဆုတောင်းလာခံတဲ့ လူငယ်တစ်ယောက်ရှိတယ်။ ဆုတောင်းပေးပြီး နောက် သူ့ကို အားပေးစကားပြောခဲ့ပါတယ်။           “သင်မနက်အိပ်ရာထတိုင်း ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို အထူးခံ စားရတဲ့အကြောင်းကြေညာပါ။ အခြေအနေက ဘယ်လိုအနေအထားမှာပဲရှိနေရှိ နေ၊ ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို ရရှိပြီးဖြစ်ကြောင်း စိတ်ချမှုအပြည့်နဲ့ ရဲရဲ ကြေညာပါ။ နေ့တိုင်းဘုရားသခင်ရဲ့မျက်နှာသာပေးမှုကြောင့် ကုမ္ပဏီက ငါ့ကို ခန့် ချင်လာကြတယ်လို့ ကြေညာပါ။ ဘုရားသခင်ရဲ့မျက်နှာသာပေးမှုကြောင့် အများ ကြီးမှာ ထူးထူးခြားခြားပေါ်လွင်ခွင့်ရှိတယ်”လို့ ကြေညာဖို့တိုက်တွန်းခဲ့ပါတယ်။           အဲဒီလိုပြောပြီးနောက် လအနည်းငယ်ကြာတဲ့အခါ သူက ကျွန်ုပ်ကို ပြန် ပြောပြပါတယ်။           ကျွန်ုပ် ဒါရိုက်တာဘုတ်အဖွဲ့တွေရဲ့ရှေ့ကိုသွားရောက်တဲ့အခါ အားလုံးက ခေါင်းကုတ်ကြပါတယ်။ “သင့်ကိ