Posts

Showing posts from September 24, 2017

ဝိညာဉ်တိုက်ပွဲ အပိုင်း (၂) ၊ အခန်း (၂)

အပိုင်း (၁) စစ်ပွဲ၏သဘောသဘာဝ အခန်း (၂) စာတန်၏ဌာနချုပ်             ဧဖက်ဩ၀ါဒစာ ၆း၁၂ တွင် ရှင်ပေါလုက ရှင်းရှင်းလင်းလင်း ပြောပြထားသည်မှာ ခရစ်ယာန်များသည် အဆင့်မြင့်မြင့်ဖွဲ့စည်းထားသောနိုင်ငံရှိ နတ်ဆိုး၊ တော်လှန်တတ်သည့် ၀ိညာဉ်ဆိုးများနှင့် အသေအရှင်ဆိုင်ပြိုင်တိုက်လှန်ရာ၌ ပါဝင်နေကြရပါသည်။ ၎င်းအပြင် ၎င်းနိုင်ငံ၏ဌာနချုပ်သည် ကောင်းကင်ယံမှာ ရှိကြောင်းကို နားလည်စေပါသည်။             “ကောင်းကင်ယံ”ဟုဆိုရာ၌ အထူးပြဿနာတစ်ခုပေါ်ပေါက်လာပါသည်။ အမှန် အားဖြင့် စာတန်မာရ်နတ်သည် ကောင်းကင်ဘုံမှ နှင်ထုတ်ခြင်းခံခဲ့ရပါက အဘယ်ကဲ့သို့ ကောင်းကင်ယံ၌ နေရာယူနိုင်ပါသနည်းဟူသော မေးခွန်းပင်ဖြစ်ပါသည်။             ဤမေးခွန်းနှင့်ပတ်သက်၍ ကျမ်းပိုဒ်အချို့ကို ထောက်ပြပြီး ဖြေဆိုလိုပါသည်။ ၎င်း ကျမ်းပိုဒ်များမှာ စာတန်၏ပထမဦးဆုံး ပုန်ကန်တော်လှန်ခြင်းကြောင့် ဘုရားသခင်က နှင် ထုတ်တော်မူခဲ့ပြီး၊ ကာလကြာမြင့်မှ ဖြစ်ပျက်သည့် အရေးပါသောဖြစ်ရပ်များကို ဖော်ပြထား ပါသည်။ ထိုအချိန်တ...

၅ မိနစ် (အပြစ်သားမှ ဘုရားသား)

Image
သင်ရှိသည် သို့မဟုတ် မရှိဘူး =-=-=-=-=-=-=-=-=-= ရောမ၊ ၅း၁၇-၁၉