Posts

Showing posts from October 15, 2017

အခန်း (၅) ကျွန်ုပ်တို့အောင်မြင်ရခြင်း၏ အခြေခံအကြောင်းရင်း

အခန်း (၅) ကျွန်ုပ်တို့အောင်မြင်ရခြင်း၏ အခြေခံအကြောင်းရင်း             ဆက်လက်၍ ကျွန်ုပ်ရှင်းပြလိုသည့်အရာမှာ အလွန်အရေးကြီးသည့်အချက် တစ်ခု ဖြစ်သည်။ ၎င်းမှာ ၀ိညာဉ်ရေးရာတိုက်ပွဲ၌ အောင်ပွဲရရှိမှုကို အာမခံချက်ပေးသည့်အချက် ပင်ဖြစ်သည်။ ကော၊ ၂း၁၃-၁၅ ၌ ရှင်ပေါလုက ကျွန်ုပ်တို့ကိုယ်စား လက်ဝါးကပ်တိုင်တွင် ခရစ်တော်အသေခံခြင်းအားဖြင့် ယုံကြည်သူများအတွက် ဘုရားသခင် ဆောင်ရွက်ပေး သောအရာကို ဖော်ထားပါသည်။ “ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေးဖျားလှီးခြင်းကို မခံသောအဖြစ်၌၎င်း၊ သေလျက်ရှိ နေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍ သင်တို့အပြစ် ရှိသမျှတို့ကို လွှတ် တော်မူ၏။ ငါတို့နှင့်ဆန့်ကျင့်ဘက်ဖြစ်သော ၀ိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှ ရိုက်ထားလျက် ငါတို့စပ်ကြားထဲက ပတ်ရှင်းတော်မူပြီး၊ အထွဋ် အမြတ်အာဏာစက်များကို လုယူလျှင် ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီး” (ကော၊ ၂း ၁၃-၁၅)။             ပထမဦးစွာ သတိပေးလိုသည်မှာ ဤအချက်ကို ယုံကြည်သူတို့ မဆွဲကိုင်နိုင်ဖို့ စာတန်၏ဆုံးဖြတ်ချက်ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ခရစ်ယာန်အားလုံး မသိနားမလည်နိုင်ရန် ကြိုးစ

စစ်မြေပြင်နှင့် စစ်လက်နက်များ

အခန်း (၄) စစ်မြေပြင်နှင့် စစ်လက်နက်များ             ၀ိညာဉ်တိုက်ပွဲနှင့် ဆက်နွယ်နေသည့်အရာနှစ်ခုကို ဆက်ပြီးကြည့်ကြပါစို့။ ပထမအရာမှာ ကျွန်ုပ်တို့အသုံးပြုသော လက်နက်စုံဖြစ်ပြီး၊ ဒုတိယအရာမှာ တိုက်ပွဲဖြစ်ပွား သော စစ်မြေပြင်ဖြစ်သည်။ ဤအရာနှစ်မျိုးစလုံးကို ကောရိန္တုဩ၀ါဒစာဒုတိယစောင် ၁၀း၃-၅ တွင် ဖော်ပြထားပါသည်။ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ကျင်လည်သော်လည်း၊ ဇာတိပကတိ အလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။ ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိကပတိလက်နက်မဟုတ်၊ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ပယ်ဖျက် နိုင်သောလက်နက်ဖြစ်၏။” (၂ကော၊ ၁၀း၃-၄)             ရှင်ပေါလုပြောသည်မှာ ကျွန်ုပ်တို့သည် လူ့ဇာတိ၌ ကျင်လည်နေထိုင်ကြပြီး စစ်ပွဲ တစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြပါသည်။ ထိုစစ်ပွဲသည် ဇာတိပကတိစစ်ပွဲမဟုတ်ကြောင်း ပြောပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အသုံးပြုသော လက်နက်သည် စစ်ပွဲ၏သဘောသဘာဝ နှင့် သက်ဆိုင်ရမည်ဖြစ်သည်။ အကယ်၍ တိုက်သောစစ်ပွဲသည် သွေးသားလက်နက်များ ကို အသုံးပြုကြရပါလိမ့်မည်။ သို့သော် ယခု ကျွန်ုပ်တို့ပါဝင်နေသောစစ်ပွဲသည် ၀ိညာဉ်နယ် ပယ်တွင်ရှိပြီး ၀ိညာဉ်နှင့်ဆိုင်သောကြောင့်

ကောင်းကင်တမန်များ၏တိုက်ပွဲ

အခန်း (၃) ကောင်းကင်တမန်များ၏တိုက်ပွဲ             ဒံယေလအနာဂတ္တိကျမ်းသည် ၀ိညာဉ်တိုက်ပွဲ၏ တိကျသော ဥပမာတစ်ခုဖြစ်ပြီး စာတန်နိုင်ငံရှိသည့်နေရာကိုလည်း မီးမောင်းထိုးပြသွားပါသည်။ အမှန်အားဖြင့် ကောင်း ကင်တမန်များ၏ တိုက်ပွဲတစ်ခုကို ဖော်ပြထားခြင်းဖြစ်သည်။ ဒံယေလအခန်းဘကီး ၁၀ ၌ ဖော်ပြထားသည့်အတိုင်း ဒံယေလသည် ဣသရေလလူမျိုးများ လွတ်မြောက်ရေးအတွက် သုံးပတ်လုံးလု့း အစာရှောင်ပြီး ဘုရားသခင်ထံမှ ရှင်းလင်းသော ဖော်ပြချက်ကို အပြင်း အထန် တောင်းခံခဲ့ပါသည်။ သုံးပတ်ကုန်လွန်သော် ကောင်းကင်တမန်တစ်ပါးက ဒံယေလ ထံသို့ ဆုတောင်းချက်အဖြေကို သယ်ဆောင်လာပါသည်။ ကောင်းကင်တမန်သည် ကြီးမား မြင့်မြတ်ပြီး တန်ခိုးတော်နှင့်ပြည့်ဝသောကြောင့် ဒံယေလနှင့်အတူရှိသော လူများအားလုံး ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ရပါသည်။ ဒံယေလ တစ်ဦးတည်း ကျန်ရှိပြီး ဘုရားသခင် ၏ ဗျာဒိတ်တော်စကားကို ကြားခဲ့ရပါသည်။ ဒံယေလ၊ ၁၀း ၂-၆ ၂ “ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ့်တစ်ရက်တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏” ၃ “အရက်နှစ်ဆယ့်တစ်ရက်မစေ့မှီ မြိန်သောမုန့်ကိုမစား၊ အမဲသားနှင့်စပျစ်ရည်ကို မမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်းမပြု။” ၄ “ပဌမလ နှစ်ဆယ့်လေးရက်နေ့၌ ငါသည်