Posts

Showing posts from September 17, 2017

ဝိညာဉ်တိုက်ပွဲ (အပိုင်း ၁) အခန်း ၁

အပိုင်း (၁) စစ်ပွဲ၏သဘောသဘာဝ အခန်း (၁) ပြိုင်ဆိုင်တိုက်ခိုက်နေသော နိုင်ငံတော် (၂) ခု             ဓမ္မသစ်ကျမ်းစာထဲ၌ ယုံကြည်သူများကို ဖော်ပြရာ၌ ပုံဖော်မှုအမျိုးမျိုး အသုံးပြု ကြောင်း တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ဧဖက်ဩ၀ါဒစာထဲတွင် အခွင့်အာဏာရှိသော လူစု(သို့) အိမ်ထောင်မိသားစုတစ်ခု(သို့)အသင်းတော်(သို့) ခရစ်တော်၏သတို့သမီးစသ ဖြင့် ယုံကြည်သူများကို ရုပ်လုံးဖော်ရေးသားထားပါသည်။ ၎င်းအပြင် စစ်သားအသွင်ဖော်ပြ ထားကြောင်း တွေ့ရှိရပါသည်။             စစ်သားဟုဆိုရာ၌ ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာ၌ ရန်သူ၏ထိပါးတိုက်ခိုက်ခြင်းကို လည်းကောင်း၊ ရန်သူကို တိုက်ခိုက်ဖိုပရန်လည်းကောင်း၊ ဆက်ကပ်ထားသောစစ်တပ်ဖြစ် ပါသည်။             စစ်တိုက်ခြင်းသဘောသဘာဝကို ရှင်းလင်းဖော်ပြသည့် ကျမ်းပိုဒ်မှ ဧဖက်ဩ၀ါဒ စာ ၆း၁၀-၁၂ ဖြစ်ပါသည်။ “ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့်၎င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။ မာရ်နတ်၏ပရိယာယ်တို့ကို ဆီး တားနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ၀တ်ဆင် ကြလော့။”             ရှင်ပေါလုက ခရစ်ယာန်များ၏ရန်ဘက်သည် စာတန်မာရ်နတ်ကိုယ်တိုင်ဖြစ်ေ

ယုံကြည်ခြင်းကိုဆန်းစစ်ခြင်း (၅)

Image
ဟေဗြဲ၊ ၆း၁၀ ၁၀  အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ ကို အထက်ကလုပ်ကျွေးသည်သာမက၊ ယခုပင်လုပ်ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကို ထောက်၍ပြသော မေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူ သည်မဟုတ်။ + + + + + + + + + ယာကုပ်၊ ၁း၁၂ ၁၂  စုံစမ်းနှောင့်ရှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်း ခြင်းကို ခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ဂတိထားတော်မူသော အသက်သရဖူကိုရလိမ့်မည်။ + + + + + + + + +  ဟေရှာယ၊ ၄၁း၁၀ ၁၀  မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည်သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။ + + + + + + + + + ဟဗက္ကုက်၊ ၃း၁၇-၁၈ ၁၇  သင်္ဘောသဖန်းပင်မပွင့်ရ၊ စပျစ်ပင် မသီးရ၊ သံလွင်ပင်၏ ကျေးဇူးကိုမြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌သိုးကုန်း၍ တင်းကုပ်၌ နွားမရှိရ။ ၁၈  သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။

ယုံကြည်ခြင်းကို ဆန်းစစ်ခြင်း (၄)

Image
အကွေ့အကောက်  =-=-=-=-=-= သုတ္တံကျမ်း၊ ၅း၂၁-၂၃ ၂၁   လူသွားလာသမျှသောလမ်းတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ရှိကြ ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။ ၂၂   အဓမ္မလူသည် မိမိပြုသော ဒုစရိုက် အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရလိမ့်မည်။ ၂၃   သူသည် အလွန်မိုက်သောကြောင့် မှားယွင်း၍၊ သွန်သင်ခြင်းကို မခံရဘဲသေသွားရလိမ့်မည်။  =====   ဆာလံ၊ ၇၇း၁၉-၂၀ ၁၉   ကိုယ်တော်သည် သမုဒ္ဒရာ၌ ကြွတော်မူ၍၊ လမ်းခရီးတော်သည် ကျယ်ဝန်းသောရေတွင်ရှိသဖြင့်၊ ခြေတော်ရာတို့သည် မထင်ရှားကြပါ။ ၂၀   မောရှေနှင့် အာရုန်တို့လက်ဖြင့် ကိုယ်တော်၏ လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏။    

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ဆာလံ ၉၁း၁ ၁   အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာ ဌာနတော်၌် နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။ 

ယုံကြည်ခြင်းကိုဆန်းဆစ်ခြင်း (၃)

Image
လက်ရာတော်၏တန်ဖိုး ဆာလံ၊ ၁၃၉း ၁၃-၁၆ ၁၃   ကိုယ်တော်သည် အကျွန်ုပ်၏ ကျောက်ကပ်ကို ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။ ၁၄   အကျွန်ုပ်သည် ကြောက်မက်ဘွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော် ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသော အမှုတို့သည် အံ့သြဘွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။ ၁၅   မထင်ရှားသော အရပ်၌ အကျွန်ုပ်ကို ဖန်ဆင်း၍၊ မြေကြီးအောက်အရပ်၌ စေ့စပ်စွာ ပြုပြင်တော်မူ သောအခါ၊ အကျွန်ုပ်၏ ကိုယ်ခန္ဓြွာသည် ရှေ့တော်၌ ထင်ရှားလျက် ရှိပါ၏။ ၁၆   မစုံလင်သေးသော အကျွန်ုပ်၏ အလုံး အထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။  ထိုအရာတို့ကို ပြုပြင်၍ တစုံတခုမျှမရှိမှီကာလတွင်၊ ကိုယ်တော်၏စာရင်း၌ အကုန်အစင် မှတ်သားလျက် ရှိကြပါ၏။ =-=-=-= ယောဘ၊ ၃၃း၎ ၄   ဘုရားသခင်၏  ဝိညာဉ်တော်သည် ငါ့ကိုဖန်ဆင်းတော်မူပြီ၊၊ အနန္တတန်ခိုးရှင်၏ အသက်တော်သည် ငါ့ကိုဖန်ဆင်းတော်မူပြီ၊၊ အနန္တတန်ခိုးရှင်၏ အသက်တော်သည် ငါ့ကိုအသက်ရှည်တော်မူပြီ၊၊  =-=-=-= ကမ္ဘာဦး၊ ၁း၂၇ ၂၇   ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင

ယနေ့အတွက် သမ္မာကျမ်းစာ

Image
၁ပေ၊ ၁း၃ ၃   အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန် ဖြစ်ဘွားစေ တော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

ကိုယ်နှင့်စပ်ဆိုင်သောသူအစစ် (ဒေသနာ)

ကိုယ်နှင့်စပ်ဆိုင်သောသူအစစ် (လုကာ၊ ၁၀း ၂၅ - ၃၇) ==================================== “ကိုယ်နှင့်စပ်ဆိုင်သောသူအစစ်” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (လုကာ၊ ၉း၂၅-၃၇) ဖြစ်ပါသည်။ သမ္မာကျမ်းစာထဲ၌ လူတစ်ယောက်သည် ယေရုရှလင်မြို့သို့ သွားရာ ဓားပြတို့၏လက်သို့ကျရောက်သွားပြီး သူ၏အ၀တ်အစား များကို ချွတ်ကြကာ သူ့ကို ရိုက်နှက်ကြ၏။ သေလုနီးပါးရှိသောအခါ၌ စွန့်ပစ်ထားကြသည်။ ထို့နောက် လူသုံးယောက်တို့သည် ထိုနေရာ သို့ ရောက်ကြကာ တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်သွားကြသည်ဟုဆို၏။ ယဇ်ပုရောဟိတ်တစ်ပါးသည် အခြားလမ်းတစ်ဘက်မှနေ၍ သူ့ကို ကျော်သွားသည်။ လေ၀ိလူတစ်ယောက်လည်း ထိုနည်းအ တိုင်းကျော်သွားသည်။ သို့သော်လည်း ရှမရိလူတစ်ယောက်သည် ထိုလူရှိရာသို့ ရောက်လာသည်။ ထိုရှမာရိလူသည် သူ၏အနာများကို စည်းပေးပြီးလျှင် စရပ်တစ်ခုသို့ဆောင်သွားပြုစုသည်။ ဤသုံးယောက်အနက်မည်သူသည် ဓားပြလက်ထဲသို့ ကျရောက်သည့် သူနှင့်စပ် ဆိုင်သောသူသည် ဖြစ်သနည်း။ လူသုံးယောက်ကို မိတ်ဆက်ပေးပြီးနောက် စစ်မှန်သော ကိုယ်နှင့်စပ်ဆိုင်သောသူသည် မည်သူဖြစ် ကြောင်းနှင့် ပတ်သက်၍ ကျွန်တော် ဟောပြောလိုပါသည်။ ပထမဦးဆုံး ထ

ယုံကြည်ခြင်းဖြင့်အသက်ရှင်နည်း (ဒေသနာ)

Image
ယုံကြည်ခြင်းဖြင့် အသက်ရှင်နည်း (ဟေဗြဲ၊ ၁၁း၁-၆) ==================================== “ယုံကြည်ခြင်းဖြင့် အသက်ရှင်နည်း” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ ယနေ့အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေဗြဲ၊၁၁း၁-၆) ဖြစ်ပါသည်။ ယနေ့ လူတို့သည် သိပ္ပံပညာနှင့် ဆင်ခြင်တွေးခေါ်ခြင်းကြီးစိုးသောခေတ်၌ အသက်ရှင်နေရကြသည်။ ၎င်းသည် လူကိုဗဟိုပြုသော ယုံကြည်ချက်များ၌သာ အခြေပြုသည့် သိပ္ပံ ပညာ၏ ဆင်ခြင်တွေးခေါ်ခြင်း အစွမ်းတို့ဖြင့် ကောင်းကင်ဘုံကို တည်ဆောက်လုနီးပါး အမှောင်ဖုံးသော အ၀ိဇာအောက်ရှိလူကို ဗဟိုပြုသော ယဉ်ကျေးမှု၌ ဖခင်များစွာရှိနေသည်။ သို့ ဖြစ်သော်လည်း ယနေ့လောကကြီးသည် မုန်းတီးခြင်း၊ မယုံကြည်ခြင်းစသည်တို့ဖြင့် လွှမ်းမိုးနေသည်။ လောကကမ္ဘာကြီး၏ အပြစ်ဒုစရိုက်သည် အထွဋ်အထိပ်သို့ ရောက်နေပါသည်။ သေခြင်းတရားသည် နေရာတကာ၌ ချောင်းမြောင်းနေသည်။ ၎င်းသည် အကျိုးအဆက်အဖြစ် လူသည် မိမိ အသက်ရှင်ရခြင်း၏ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်ကို မသိခြင်းပင်ဖြစ်သည်။ မိမိအပေါ်၌ ပျက်ဆီးခြင်းကျရောက်စေပြီး ဘ၀ကို အဆုံးသတ်စေမည့် စစ်ကို ကြောက်ရံွ့ ကာ တုန်လှုပ်ကြသည်။ ထိုသို့ အခြေအနေ ရောက်သောအခါ စိုးရိမ်ကြောက်ရံွ့ ခြင်း ကင်းပြီး ကြွယ်ဝသောအသ

ယုံကြည်ခြင်းဆန်းစစ်ခြင်း

Image
<<<(ယုံကြည်ခြင်း၏အခြေခံကျောက်)>>> ဂလာတိ၊ ၂း၂၀ ၂၀  ငါသည်ခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော်ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ယခုငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော် ကိုယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ကိုယ်ကိုကိုယ်စွန့် တော်မူ၏။ ဖိလိပ္ပိ၊ ၁း၁၈-၂၁ ၁၈  သို့ဖြစ်၍ အဘယ်သို့နည်း။ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သော အားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်းဝမ်မြောက်လိမ့်မည်။ ၁၉-၂၀  အဘယ်သို့နည်း ဟူမူကား၊ ငါသည်အလျှင်းရှက် ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့် ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှားတော်မူသကဲ့သို့၊ ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တ သည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။ ၂၁  ငါအသက်ရှင်သည် အရာမှာခ

ယနေ့အတွက် သမ္မာကျမ်းစာ

Image
ဟေရှာယ ၅၃း၃ ၃  မထီမဲ့မြင် ပြခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသောသူ ဖြစ်၏၊၊ ငြိုငြင်သောသူ၊ နာကြည်းခြင်း ဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏၊၊ သူတပါးမျက်နှာ လွှဲခြင်းကို ခံရသော သူကဲ့သို့ဖြစ်၏၊၊ မထီမဲ့မြင် ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ၊၊

ယုံကြည်ခြင်းဆန်းစစ်ခြင်း

Image
<<<( ယုံကြည်ခြင်းအခြေခံကျောက် )>>> ကောလောသဲ၊ ၁း၁၆ ၁၆  အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ = + = + = ထွက်မြောက်ရာ၊ ၁၄း၁၄ ၁၄  သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အားဆို၏။ = + = + = ၁ရာဇ၀င်ချုပ်၊ ၂၉း၁၁ ၁၁  အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတံခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထဋိ၊ မြင့်မြတ်တော်မူ၏။