(၈) ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းကို ကြောညာပါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အဖို့ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။ ကျေးဇူးတော်ကိုခံရပါမည် အကြောင်း၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ။ (ဆာ၊ ၁၁၉း၅၇-၅၈) ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို ကြေညာတယ်ဆိုတာ နှုတ်ကျိုးသွားတဲ့ ဘာသာရေးစကားလုံးတွေမဟုတ်ပါဘူး။ အတွင်းစိတ်ဝိညာဉ်ထဲကပေါက်ဖွားရှင်သန်လာတဲ့ ကြေညာချက်တွေဖြစ်တယ်။ သင့်ရဲ့အသက်တာထဲမှာ ဘုရားသခင်ရဲ့မျက်နှာသာကို မနက် တိုင်း ဒီလိုမျိုးကြေညာဖို့ လွယ်ကူပါတယ်။ “အဖဘုရား၊ ကျွန်ုပ်မှာ ကိုယ်တော်ရဲ့မျက်နှာသာရှိတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ကိုယ်တော်ရဲ့မျက်နှာသာပေးခြင်းက အခွင့်ရေးတံခါးတွေကို ဖွင့်ပေးပြီး အောင်မြင် ခြင်းတွေကို ယူဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူတွေက ကျွန်ုပ်အပေါ်မှာ ကူညီချင်လာအောင် က...