Posts

Showing posts from April 16, 2017

ဇာတ်လမ်း(၅)

ဘုရားအလိုတော်အတိုင်းနေတဲ့မိသားစု ကမ္ဘာဦးကျမ်း ၅း ၂၁ - ၂၉           ၂၁ ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော် သား မသုရှလကို မြင်လေ၏။ ၂၂ မသုရှလဖွားမြင်သောနောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။ ၂၃ ဧနောက် အသက် နှစ်ပေါင်း သုံးရာခြောက်ဆယ်ငါးနှစ်တည်း။ ၂၄ ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန်သူသည်မရှိ။ အကြောင်းမူကား ဘုရားသခင်သိမ်းယူ တော်မူသောကြောင့်တည်း။           ၂၅ မသုရှလသည် အသက်တရာရှစ်ဆယ်ခုနစ်နှစ်ရှိသော် သားလာမက်ကို မြင်လေ၏။ ၂၆ လာမက် ဖွားမြင်သောနောက် မသုရှလသည် အနှစ်ခုနစ်ရာရှစ်ဆယ် နှစ်နှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၇ မသုရှလသည် အသက်နှစ် ပေါင်းကိုးရာခြောက်ဆယ်ကိုးနှစ်စေ့သော်သေလေ၏။           ၂၈ လာမက်သည် အသက်တစ်ရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားကိုမြင်၍၊ ၂၉ ဤသူသည်ကား၊ ထာဝရဘုရား ကျိန်တော်မူသောမြေ၌လုပ်၍၊ ပင်ပန်းစွာခံရ သော ငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကို နောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။ ဘုရားသခင်နှင့်အတူသွားလာခြင်း           `` ၅ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘ၀ပြောင်း ရ၏။ ဘုရားသခင်သည် သူ့ကိ

သင်၏တဲရာကို ကျယ်စေလော့

သင်၏တဲရာကို ကျယ်စေလော့ (ဟေရှာယ၊ ၅၄း ၂) ====================================             “သင်၏တဲရာကိုကျယ်စေလော့” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေရှာယ၊ ၅၄း၂) ဖြစ်ပါသည်။             ကမ္ဘာ့တန်ခိုးကြီးသောနိုင်ငံများသည် (၁၉)ရာစုနှင့် (၂၀)ရာစုအကြားတွင် နီရဲသောမျက်လုံးများဖြင့် နိုင်ငံငယ်များနှင့် အားနည်း သောနိုင်ငံတို့ကို လက်အောက်ခံ ကိုလိုနီနိုင်ငံများအားဖြင့် သိမ်းပိုက်ရန် စူးစိုက်ကြည့်နေကြပြီး ဒုတိယ ကမ္ဘာစစ်ကြီးအဆုံးတိုင်အောင် သက်ဆိုးရှည်ခဲ့သည်။ ကမ္ဘာ့တန်ခိုးကြီးသောနိုင်ငံများသည် မိမိတို့၏လက်အောက်ခံနယ်ပယ်တို့ကို ချဲ့ခြင်းအားဖြင့် နယ်ချဲ့လိုကြသည်။             ဘုရားသခင်သည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ခေါ်ဆောင်လာသောအခါ၌ နို့နှင့်ပျားရည်စီးသောပြည်ဖြစ်သည် ခါနန် ပြည်ကို သိမ်းပိုက်ကြရန် မိန့်မှာတော်မူသည်။ ဣသရေလလူတို့သည် သိမ်းပိုက်ကြသော်လည်း ထိုပြည်၌ နဂိုနေထိုင်သောလူမျိုးတို့၏ အ လိုကို လိုက်လျော်ပြီး အပေးအယူလုပ်ကြသောကြောင့် အပြီးအပိုင် မသိမ်းပိုက်နိုင်ကြချေ။             ယနေ့ခရစ်ယာန်တို့သည် ယုံကြည်ခြင်းနယ်ပယ်ကိုချဲ့ရင်း ယုံကြည