ပုံစံခွက်ထဲကထွက်ဖို့ အချိန်တန်ပြီ
(၃)
ဘုရားသခင်ရဲ့
အထူးမျက်နှာသာပေးခံရခြင်း
သူတော်ကောင်းသည်
ထာဝရဘုရားရှေ့တော်၌ မျက်နှာသာရတတ်၏။
မကောင်းသောအကြံကိုကြံစည်သောသူမူကား၊
အပြစ်စီရင်တော်မူခြင်းကို ခံရ၏။
(သုတံ္တ၊၁၂း၇)
          တစ်ခါက လုပ်ငန်းတစ်ခုထဲဝင်ဖို့ လူတွေ့မေးမြန်းခြင်းကိုအောင်မြင်ဖို့ ကျွန်ုပ်ဆီမှာ ဆုတောင်းလာခံတဲ့ လူငယ်တစ်ယောက်ရှိတယ်။ ဆုတောင်းပေးပြီး နောက် သူ့ကို အားပေးစကားပြောခဲ့ပါတယ်။
          “သင်မနက်အိပ်ရာထတိုင်း ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို အထူးခံ စားရတဲ့အကြောင်းကြေညာပါ။ အခြေအနေက ဘယ်လိုအနေအထားမှာပဲရှိနေရှိ နေ၊ ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို ရရှိပြီးဖြစ်ကြောင်း စိတ်ချမှုအပြည့်နဲ့ ရဲရဲ ကြေညာပါ။ နေ့တိုင်းဘုရားသခင်ရဲ့မျက်နှာသာပေးမှုကြောင့် ကုမ္ပဏီက ငါ့ကို ခန့် ချင်လာကြတယ်လို့ ကြေညာပါ။ ဘုရားသခင်ရဲ့မျက်နှာသာပေးမှုကြောင့် အများ ကြီးမှာ ထူးထူးခြားခြားပေါ်လွင်ခွင့်ရှိတယ်”လို့ ကြေညာဖို့တိုက်တွန်းခဲ့ပါတယ်။
          အဲဒီလိုပြောပြီးနောက် လအနည်းငယ်ကြာတဲ့အခါ သူက ကျွန်ုပ်ကို ပြန် ပြောပြပါတယ်။
          ကျွန်ုပ် ဒါရိုက်တာဘုတ်အဖွဲ့တွေရဲ့ရှေ့ကိုသွားရောက်တဲ့အခါ အားလုံးက ခေါင်းကုတ်ကြပါတယ်။ “သင့်ကို ဘာကြောင့်အလုပ်ခန့်လိုက်ရတာလဲဆိုတာ ငါတို့ ကိုယ်တိုင် တကယ်နားမလည်ကြဘူး တကယ်တော့ သင်ဟာ ငါတို့သတ်မှတ်ထား တဲ့စံချိန်ကို မီတဲ့သူမဟုတ်ဘူး။ သင့်မှာ အတွေ့အကြုံလည်းလုံးဝမရှိဘူး။ သင့်မှာ အကောင်းဆုံးအရည်အချင်းလည်းမရှိဘူး။ သင့်ကို ဘာကြောင့်ကြိုက်ရတာလဲဆို တဲ့အကြောင်းရင်းတစ်ခုခုတော့ရှိလိမ့်မယ်။ သင့်ရဲ့နာမည်အပေါ် လက်ညိုးထိုးတာ ကို ဖယ်ရှားလို့ကို မရဘူးဖြစ်နေတယ်။ ဒါ ဘယ်လိုဖြစ်တာလဲဆိုတာ ငါတို့မသိဘူး။ နောက်ကွယ်ကနေ သင့်ကို တစ်စုံတစ်ရာက ထူးခြားအောင်ဖန်တီးတာဖြစ်လိမ့်မယ်
          ကျွန်ုပ်ရဲ့မိတ်ဆွေဟာ ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းကို ခံစားရတယ် ဆိုတာ ကျွန်ုပ်ကို နားလည်သဘောပေါက်စေတယ်။ သင်လည်းပဲ အဲဒီလိုခံစားနိုင် ပါတယ်။ မျက်နှာသာပေးခံချင်တဲ့စိတ်ဓာတ်ကို သင်စတင်မွေးမြူဖို့ပဲလိုပါတယ်။ သင့်အသက်တာရဲ့ အစိတ်အပိုင်းတိုင်းမှာ ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းကို ခံစားရဖို့ စတင်မျှော်လင့်လို့ရတဲ့အတွက် ဒီနေ့ဟာ ကြီးမြတ်တဲ့နေ့ဖြစ်တယ်မဟုတ် လား။
          အကောင်းဆုံး အသက်တာရှင်သန်နိုင်ဖို့ အရေးကြီးဆုံးသော့ချက်က ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို ဘယ်လိုခံစားရရှိနိုင်မလဲ ဆိုတာကို ရှာဖွေ ဖော်ထုတ်ခြင်းပဲ ဖြစ်ပါတယ်။ သမ္မာကျမ်းစာက ဒီလိုပြောပါတယ်။
          “သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ” (ဆာ၊၈း၅)။
          ဘုန်းအသရေဆိုတဲ့စကားလုံးကို မျက်နှာသာပေးခြင်းလို့ အနက်ဖွင့်လို့ရပါ တယ်။ မျက်နှာသာပေးခြင်းရဲ့အဓိပ္ပါယ်က အထူးအခွင့်အရေးပေးခြင်းကို လက်ခံရ ရှိခြင်းဖြစ်တယ်။
          ဒါပေမယ့် ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းကို ခံစားရဖို့ ပထမဦးဆုံး သင့်မှာ မျက်နှာသာပေးခံချင်တဲ့စိတ်ဓာတ်ကိုမွေးမြူရပါမယ်။ ဘုရားသခင်ရဲ့ အထူး ဦးစားပေးခြင်းကို မျှော်လင့်ရပါမယ်။ အဲဒီလိုယုံကြည်မျှော်လင့်ချက်ကြောင့် ဘုရား သခင်က သင့်ကို ချစ်ကြောင်း၊ သင့်ရဲ့ကောင်းကင်ဘု့အဖရင်းဖြစ်ကြောင်း သူ့ကိုယ် သူ သက်သေထူလာပါလိမ့်မယ်။
          ကျေးဇူးပြုပြီး ကျွန်ုပ်ရဲ့ ဆိုလိုရင်းကို အလွဲအနက်မဖွင့်ပါနဲ့။ သူများထက် ကျွန်ုပ်တို့ဟာ ပိုထိုက်တန်တယ်။ လူတိုင်းက ကျွန်ုပ်တို့ကို အရိုအသေပေးရမယ်ဆို ပြီး မောက်မာဖို့အကြောင်း ဆွေးနွေးနေတာမဟုတ်ဘူး။ ဘုရားသခင်ရဲ့သားသမီး အရင်းဖြစ်တယ်ဆိုတဲ့အပေါ်မှာ စိတ်ချမှုရှိဖို့အကြောင်း၊ ရဲရင့်မယ်အကြောင်း၊ ကောင်းတဲ့အရာတွေကို မျှော်လင့်ရမယ့်အကြောင်းကို ဆွေးနွေးနေတာဖြစ်တယ်။ ကျွန်ုပ်တို့ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့အပေါ်မှာ ရပ်တည်ပြီး မျက်နှာသာ ပေးခြင်းကို မျှော်လင့်ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ ဘယ်သူ့ရဲ့သား သမီးဖြစ်တယ်ဆိုတဲ့အပေါ်မှာ ရပ်တည်ပြီး မျှော်လင့်ရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ဖခင်ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီး လူတွေဆီက အကူ အညီကို ကျွန်ုပ်တို့မျှော်လင့်လို့ရပါတယ်။
          ကျွန်ုပ်ဟာ လောကဖခင်ကြောင့် အထူးမျက်နှာသာပေးခြင်းကို အကြိမ် ကြိမ်ခံစားရဖူးတယ်။ ကျွန်ုပ်ရဲ့ဖခင်ဂျွန်ဩစတင်းဟာ ကျွန်ုပ်တို့ရဲ့ လူမှုအသိုင်း အ၀ိုင်းထဲမှာ ကြည်ညိုလေးသားခြင်းကို ခံရတဲ့လူတွေအပေါ် ဩဇာညောင်းတဲ့သူ ဖြစ်တယ်။ ကျွန်ုပ်ရဲ့အဖေကို ချစ်ခင်လေးစားကြတဲ့သူအတွက်ကြောင့် လူတွေရဲ့ မျက်နှာသာပေးခြင်းကို အကြိမ်ကြိမ်ခံရဖူးပါတယ်။ ကျွန်ုပ်ဆယ်ကျော်သက်အရွယ် တုန်းက ကားကို သတ်မှတ်ချက်ထက် ပိုမောင်းတဲ့အတွက် ယာဉ်ထိန်းရဲတစ် ယောက်ရဲ့ စစ်ဆေးခြင်းကို ခံရပါတယ်။ ဒါပေမယ့် ယာဉ်ထိန်းရဲက ကျွန်ုပ်ရဲ့ယာဉ် မောင်းလိုင်စင်ကို ကြည့်တဲ့အခါ ကျွန်ုပ်ဟာ ဂျွန်ဩစတင်းရဲ့သားမှန်း မှတ်မိသွားပါ တယ်။ ကျွန်ုပ်ကို နှစ်ပေါင်းများစွာ ကွဲကွာပြီးမှပြန်တွေ့ရတဲ့ မိတ်ဆွေတစ်ယောက် လို ပြုံးပြပြီးမှ ပြန်လွှတ်လိုက်ပါတယ်။ ဒီလို အထူးဆက်ဆံရေးမျိုးကို ခံစားရတာ ဟာ ကျွန်ုပ်ကြောင့်မဟုတ်၊ အဖေ့ကြောင့်ပဲဖြစ်တယ်။
          အဖဘုရား၊ ကျွန်ုပ်အပေါ်မှာ ကိုယ်တော်ရဲ့အထူးမျက်နှာသာပေးခြင်းရှိစေ တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ဟာ ဘယ်သူဘယ်ဝါဖြစ်ခြင်းကြောင့်မဟုတ် ဘဲ ကိုယ်တော်ဟာ ဘယ်သူဖြစ်တယ်ဆိုတဲ့အပေါ်မှာမူတည်ပြီး လူတွေရဲ့ကောင်း မွန်စွာဆက်ဆံခြင်းကို ခံစားစေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့သား ဖြစ်ခွင့်ရတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။
>>> ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ <<< မှ ကောက်နှုတ်ဖော်ပြသည်။
Comments
Popular posts from this blog
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ
ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း
သင်၏တဲရာကို ကျယ်စေလော့