ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ
(၈)
ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းကို
ကြောညာပါ
အိုထာဝရဘုရား၊
ကိုယ်တော်သည်
အကျွန်ုပ်၏အဖို့ဖြစ်တော်မူ၏။
နှုတ်ကပတ်စကားတော်တို့ကို
နားထောင်ပါမည်ဟု
အကျွန်ုပ်ပြောထားပါပြီ။
ကျေးဇူးတော်ကိုခံရပါမည်
အကြောင်း၊ ကိုယ်တော်ကို
စိတ်နှလုံးအကြွင်းမဲ့
တောင်းပန်ပါ၏။
ဗျာဒိတ်တော်အတိုင်း
အကျွန်ုပ်ကို
သနားတော်မူပါ။
(ဆာ၊ ၁၁၉း၅၇-၅၈)
ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို
ကြေညာတယ်ဆိုတာ နှုတ်ကျိုးသွားတဲ့ ဘာသာရေးစကားလုံးတွေမဟုတ်ပါဘူး။ အတွင်းစိတ်ဝိညာဉ်ထဲကပေါက်ဖွားရှင်သန်လာတဲ့
ကြေညာချက်တွေဖြစ်တယ်။ သင့်ရဲ့အသက်တာထဲမှာ ဘုရားသခင်ရဲ့မျက်နှာသာကို မနက် တိုင်း ဒီလိုမျိုးကြေညာဖို့
လွယ်ကူပါတယ်။
“အဖဘုရား၊
ကျွန်ုပ်မှာ ကိုယ်တော်ရဲ့မျက်နှာသာရှိတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ကိုယ်တော်ရဲ့မျက်နှာသာပေးခြင်းက
အခွင့်ရေးတံခါးတွေကို ဖွင့်ပေးပြီး အောင်မြင် ခြင်းတွေကို ယူဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
လူတွေက ကျွန်ုပ်အပေါ်မှာ ကူညီချင်လာအောင် ကိုယ်တော်ရဲ့မျက်နှာသာပေးခြင်းနဲ့ တို့ထိပေးတဲ့အတွက်
ကျေးဇူး တင်ပါတယ်။”
အဲဒီလိုကြေညာပြီးတဲ့နောက်
ယုံကြည်စိတ်ချမှုအပြည့်နဲ့၊ သင့်အသက်တာထဲမှာ ကောင်းတဲ့အရာတွေဖြစ်လာမယ်လို့ မျှော်လင့်ပြီး
အပြင်ထွက်ပါ။ ဘယ်သူမှ မဖွင့်နိုင်တဲ့တံ ခါးတွေဟာ သင့်အတွက် ပွင့်လာမယ်လို့မျှော်လင့်ပြီး
သင့်မှာ အခွင့်ထူးတွေအမြဲရှိနေတယ် ဆိုတာကို သိမှတ်ရင်း သွားလာလှုပ်ရှားပါ။ သင့်အတွက်
ထူးခြားတဲ့အရာတွေက အမြဲစောင့်ကြိုနေတယ်ဆိုတာကိုစွဲလမ်းပါ။ သင့်မှာ ဘုရားသခင်ရဲ့ မျက်နှာသာရှိတယ်ဆို
တာ အမြဲသိမှတ်ပါ။
အချိန်တိုင်းမှာ၊
အခြေအနေအရပ်ရပ်တိုင်းမှာ၊ အထူးသဖြင့် မျက်နှာသာရဖို့လိုအပ် တဲ့အခါတိုင်းမှာ ယုံကြည်ခြင်းနဲ့ကြေညာတတ်ဖို့သင်ယူပါ။
တလောကလုံးကြားအောင် အကျယ်ကြီးအော်ပြောစရာမလိုပါဘူး။ တိုးညင်းစွာ ကြေညာလို့ရပါတယ်။ အသံနေအသံ
ထားက အဓိကမကျပါဘူး။ သင့်ရဲ့ယုံကြည်ခြင်းကသာ ခြားနားမှုကို ဖြစ်စေတာဖြစ်တယ်။
အသေးအမွှားကိစ္စတွေမှာလည်း
သင်ကြေညာလို့ရပါတယ်။ ဥပမာ- သင်အရေး ကြီးချိန်းချက်တဲ့နေရာကို သွာနေတဲ့လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်တယ်ဆိုရင်
ဒီလိုသာ ရိုးရိုးလေး ကြေညာလိုက်ပါ။ “အဖ၊ ကျွန်ုပ်အပေါ်မှာ ကိုယ်တော်ရဲ့မျက်နှာသာရှိတဲ့အတွက်
ကျေးဇူးတင်တယ်။ အခြေအနေအရ ဘယ်လိုမှ ထွက်မြောက်ရာလမ်းမရှိတဲ့အချိန်မှာ ကိုယ် တော်ရဲ့မျက်နှာသာပေးမှုအားဖြင့်
လမ်းသစ်ကို ဖွင့်ပေးမှာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ဘုရားသခင်အပေါ်မှာ ကိုးစားလျက်
အခွင့်အရေးတံခါးပွင့်လာတာကို စောင့်ကြည့် ပါ။
သင့်နှလုံးသားထဲက
အစွဲလမ်းဆုံးအရာဟာ ဘုရားသခင်ဖြစ်နေတယ်ဆိုရင် သူက သင့်အတွက်အရာရာကို ကောင်းအောင် လုပ်ပေးပါလိမ့်မယ်။
ဖခင်ကောင်းတစ်ယောက်လို သင်လိုချင်တာကိုချည်းအမြဲပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ သင့်အတွက်
လိုအပ်တာကို အမြဲ ပေးမှာဖြစ်တယ်။ တစ်ခါတလေ သင်လိုချင်တဲ့အရာကို ချက်ချင်းမပေးပဲ အချိန်ဆွဲတာဟာ
မတော်တဆထိခိုက်မှုနဲ့ လွတ်မြောက်စေချင်လို့ဖြစ်နိုင်ပါတယ်။
သင်ဟာ
မျက်နှာသာရရှိစေတဲ့ စိတ်နေသဘောထားနဲ့ အသက်ရှင်မယ်ဆိုရင်၊ တစ်နည်းအားဖြင့် သူ့ရဲ့သားပီသမယ်ဆိုရင်၊
အခြေအနေအချိန်ခါတိုင်း၊ နေရာတိုင်းမှာ၊ သာ မန်ကိစ္စတွေမှာ၊ ကုန်စုံဆိုင်ထဲမှာ၊ အားကစားကွင်းထဲမှာ၊
အလုပ်မှာ၊ အိမ်မှာ သူ့ရဲ့ကောင်း မြတ်ခြင်းတွေနဲ့ ပြည့်လျှံနေတာကို သင်စတင်မြင်တွေ့လာမှာဖြစ်တယ်။
အပြင်မှာ
နေ့လယ်စာထွက်စားတဲ့အချိန်မမျှော်လင့်ဘဲ သင်သိပ်တွေ့ချင်နေတဲ့ သင်လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ပတ်ပင်းတိုးမိတာဟာ
မတော်တဆမဟုတ် ဘူး။ ဘုရားသခင်ရဲ့ မျက်နှာသာပေးမှုကြောင့်ပဲဖြစ်တယ်။ အချိန်မှန်၊ နေရာမှန်မှာ
ဘုရား သခင်က သင့်အတွက် ချိန်းချက်ပေးတာဖြစ်တယ်။
အဲသလိုအခြေအနေမျိုးကို
တွေ့ကြုံတဲ့အခါ ဂုဏ်ယူဝမ်းမြောက်ပါ။ ဘုရားသခင် ကို ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ဘုရားသခင်ရဲ့
မျက်နှာသာပေးခြင်းကို အလွဲသုံးစားမလုပ်ပါနဲ့။ ကျေးဇူးတင်တတ်တဲ့ စိတ်နေသဘောထားကို အမြဲမွေးမြူပါ။
သင်သာ သူ့ရဲ့သားပီသမယ် ဆိုရင် သူ့ရဲ့ကောင်းမြတ်ခြင်းတွေထဲကနေ သင်လွတ်အောင်ပြေးနိုင်မှာမဟုတ်ဘူး။
သင် သွားတဲ့နေရာတိုင်းမှာ အရာရာဟာ သင့်အတွက် မျက်နှာသာရစရာတွေဖြစ်နေပါလိမ့်မယ်။ သင့်အပေါ်မှာ
ကောင်းမြတ်တဲ့သူတွေကိုယ်တိုင်က သူတို့ဘာကြောင့် ဒီလိုပြုမူရတာလဲဆို တာကို မသိဘဲရှိပါလိမ့်မယ်။
အများကြားမှာ ကွက်ပြီး သင်မျက်နှာသာရရှိခံစားရတာဟာ ဘုရားသခင်ဆီကသက်ရောက်လာတဲ့မျက်နှာသာကြောင့်ဖြစ်တယ်။
ဒါကြောင့်
ကျွန်ုပ်တို့အသက်တာထဲမှာ ဘုရားသခင်ဆီက မျက်နှာသာပေးခြင်းကို အမြဲတမ်းအဆက်မပြတ်ကြေညာသင့်ပါတယ်။
ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်အသက်တာအတွက် သာမက ကျွန်ုပ်တို့ရဲ့ လုပ်ငန်းအပေါ်မှာ ကျွန်ုပ်တို့ရဲ့ဝန်ထမ်းတွေအပေါ်မှာ
ကျွန်ုပ်တို့ရဲ့ သားသမီးတွေအပေါ်မှာပါ ကြေညာရမှာ ဖြစ်တယ်။
တကယ်လို့
သင်ဟာ အရောင်းဝန်ထမ်းတစ်ယောက်ဖြစ်တယ်ဆိုရင် ဖောက်သည် တွေဆီကနေ မျက်နှာသာရရှိဖို့ကြေညာပါ။
သင်ဟာ ရှေ့နေ၊ ဆရာဝန်၊ အနုပညာရှင်ဖြစ်ခဲ့ မယ်ဆိုရင် သင်နဲ့ပတ်သက်ဆက်နွယ်တဲ့သူမှန်သမျှအပေါ်မှာ
မျက်နှာသာရရှိဖို့ကြေညာပါ။ သင့်ရဲ့ကျန်းမာရေး၊ သင့်ရဲ့လုပ်ငန်း၊ သင်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေအပေါ်မှာပါ
ဘုရား သခင်ရဲ့မျက်နှာသာကို ကြေညာပါ။ မှန်ကန်တဲ့လူတွေနဲ့ထိတွေ့ဖို့ ဘုရားသခင်ရဲ့မျက်နှာ
သာက သင့်ကို ဦးဆောင်ဖို့ကြေညာပါ။ ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို သင့်အသက် တာရဲ့ကဏ္ဍတိုင်း၊
အစိတ်အပိုင်းတိုင်းမှာ သက်ရောက်လာဖို့ကြေညာပါ။ ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းကို ခံစားချင်တဲ့စိတ်နဲ့ပြည့်လေလေ၊
ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်း ကို ခံစားရလေလေ ဆိုတာ သတိရပါ။
အဖ၊ ဘယ်သူမှ
မပိတ်နိုင်တဲ့တံခါးကို ကျွန်ုပ်အတွက် ဖွင့်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ကျွန်ုပ်အပေါ်မှာ
စာနာနားလည်လာအောင်လူတွေကို ကိုယ်တော်တို့ထိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ မျှော်လင့်ချက်ကင်းမဲ့နေတဲ့
အချိန်မှာ ကျွန်ုပ်အတွက် ထွက် မြောက်ရာလမ်းသစ်ကို ပြင်ဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Comments