ဝိညာဉ်တိုက်ပွဲ အပိုင်း (၂) ၊ အခန်း (၂)
အပိုင်း (၁)
စစ်ပွဲ၏သဘောသဘာဝ
အခန်း (၂)
စာတန်၏ဌာနချုပ်
ဧဖက်ဩ၀ါဒစာ ၆း၁၂ တွင် ရှင်ပေါလုက ရှင်းရှင်းလင်းလင်း
ပြောပြထားသည်မှာ ခရစ်ယာန်များသည် အဆင့်မြင့်မြင့်ဖွဲ့စည်းထားသောနိုင်ငံရှိ နတ်ဆိုး၊
တော်လှန်တတ်သည့် ၀ိညာဉ်ဆိုးများနှင့် အသေအရှင်ဆိုင်ပြိုင်တိုက်လှန်ရာ၌ ပါဝင်နေကြရပါသည်။
၎င်းအပြင် ၎င်းနိုင်ငံ၏ဌာနချုပ်သည် ကောင်းကင်ယံမှာ ရှိကြောင်းကို နားလည်စေပါသည်။
“ကောင်းကင်ယံ”ဟုဆိုရာ၌ အထူးပြဿနာတစ်ခုပေါ်ပေါက်လာပါသည်။
အမှန် အားဖြင့် စာတန်မာရ်နတ်သည် ကောင်းကင်ဘုံမှ နှင်ထုတ်ခြင်းခံခဲ့ရပါက အဘယ်ကဲ့သို့
ကောင်းကင်ယံ၌ နေရာယူနိုင်ပါသနည်းဟူသော မေးခွန်းပင်ဖြစ်ပါသည်။
ဤမေးခွန်းနှင့်ပတ်သက်၍ ကျမ်းပိုဒ်အချို့ကို
ထောက်ပြပြီး ဖြေဆိုလိုပါသည်။ ၎င်း ကျမ်းပိုဒ်များမှာ စာတန်၏ပထမဦးဆုံး ပုန်ကန်တော်လှန်ခြင်းကြောင့်
ဘုရားသခင်က နှင် ထုတ်တော်မူခဲ့ပြီး၊ ကာလကြာမြင့်မှ ဖြစ်ပျက်သည့် အရေးပါသောဖြစ်ရပ်များကို
ဖော်ပြထား ပါသည်။ ထိုအချိန်တွင် စာတန်သည် ဘုရားသခင်၏ရှေ့တော်မှောက်၌ ခစားဝင်ရောက်နိုင်
သေးကြောင်းကိုလည်း ညွှန်ပြနေပါသည်။ (ယောဘ၊၁း၆-၇)
“ဘုရားသခင်၏သားတို့သည်
ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ ရက်အချိန်ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။
ထာဝရ ဘုရားကလည်း သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကို မေးတော်မူ လျှင် စာတန်က မြေကြီးပေါ်မှာ
လှည့်လည်၍ အရပ်ရ်သွားလာခြင်းအမှုထဲကလာပါ သည်ဟု ပြန်လျှောက်လေ၏။”
ဤအဖြစ်အပျက်နှင့် တထေရာတည်းနီးပါးဖြစ်သည့်
ဖြစ်ရပ်တစ်ခုကိုလည်း ယောဘ၊ ၂း၁-၂ တွင် တွေ့ရှိရပါသည်။
“တစ်ဖန် ဘုရားသခင်၏သားတို့သည်
ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရ သော နေ့ရက်အချိန်ရောက်လျှင် စာတန်သည်လည်း ထာဝရဘုရားထံတော်၌
ခစား ခြင်းငှါ သူတို့နှင့်အတူလာ၏။ ထာဝရဘုရားကလည်း၊သင်သည် အဘယ်အရပ်ကလာ သနည်းဟု စာတန်ကိုမေးလျှင်၊
စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ် သွားလာခြင်းအမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။”
ကောရိန္တုဩ၀ါဒစာ ဒုတိယစောင် ၁၁း၁၄ တွင်
ရှင်ပေါလုက စာတန်ကို လင်း သောကောင်းကင်တမန်အဖြစ် ဟန်ဆောင်ထားကြောင်း ပြောထားပါသည်။
ထို့ကြောင့် အထက်က ဖော်ပြခဲ့သည့် ကျမ်းပိုဒ်နှင့်ပတ်သက်၍ ကျွန်ုပ်၏ထင်မြင်ချက်မှာ စာတန်သည်
ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ အရှင်ဘုရားတစ်ဦးတည်းကသာ သိနိုင်သည်။ ဖော်ထုတ်ခြင်း မခံရတဲ့
အခြားကောင်းကင်တမန်များနှင့် ရောနှောပြီး ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ခစားရောက်ရှိနိုင်ခဲ့သည်။
သခင်ဘုရားက “သင်တို့သည် အဘယ်အရပ်ကလာသနည်း”
ဟု စာတန်ကို မေး ခဲ့သည်။ တစ်နည်းအားဖြင့် “ဒီနေရာမှာ ဘာလုပ်နေတာလဲ” ဆိုလိုသည့်သဘောသက်
ရောက်ပါသည်။ စာတန်နှင့် ဘုရားတို့နှစ်ဦးအပြန်အလှန် စကားပြောခဲ့ကြသည်။ ထို့ကြောင့်
ယောဘခေတ်အခါက စာတန်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ၀င်ထွက်နိုင်ကြောင်း
ကျွန်ုပ်တို့ နားလည်ရပါသည်။ ဗျာဒိတ်ကျမ်း၊ ၁၂း၁၀-၁၁ ၌ ဖော်ပြ ထားသည်မှာ -
“ကောင်းကင်ဘုံ၌ကြီးသောအသံကား၊
ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော် လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့်
သူ၏ခရစ်တော်၏ အာဏာစက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါ့ညီအစ်ကိုများကို ငါတို့ ဘုရားသခင်ရှေ့တော်၌
နေ့ညဥ့် မပြတ် အပြစ်တင်သောရန်သူကိ အောက်သို့ချလေပြီ။”
ကျွန်ုပ်တို့ ညီအစ်ကိုများကို အပြစ်တင်သူမှာ
စာတန်ပင်ဖြစ်ပါသည်။ ဤအချိန် တွင် သူသည် ယုံကြည်သူများကို ဘုရားသခင်၏ရှေ့တော်၌ နေ့နှင့်ည
အပြစ်တင်လျက် ရှိ သည်။ (ဗျာ၊၁၂း၁၁-၁၂)
“သူတို့သည် သိုးသငယ်၏အသွေးအားဖြင့်၎င်း၊
မိမိတို့သက်သေခံချက် နှုတ်ကပတ် တရားအားဖြင့်၎င်း အောင်မြင်၍ အသေခံသည့်တိုင်အောင် ကိုယ်အသက်ကို
မနှမြော ကြ။ ထို့ကြောင့် ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်
ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလတခဏသာ ရှိသည်သိ၍ ပြင်းစွာသော
ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသိုပ ဆင်းလာပြီဟု ဆို ကြသည်ကို ငါကြား၏။”
ဤကျမ်းပိုဒ်က စာတန်အနေဖြင့် ဘုရားသခင်၏
ရှေ့တော်မှောက်သို့ ၀င်ရန် အခွင့်ရှိပြီး၊ ထိုလမ်းကို ယုံကြည်သူများအပြစ်တင်ဖို့ရန်
အသုံးပြုနေကြောင်း၊ ပြညွှန်ထားပါ သည်။ အထက်က ကိုးကားခဲ့သော ကျမ်းပိုဒ်အားလုံးသည် စာတန်၏မူလပုန်ကန်မှုနောက်
ပိုင်း အလွန်ကြာမြင့်သောကာလကို ညွှန်ပြနေသည်။ ဤအရာများအားဖြင့် ကောင်းကင်ဘုံ သည် တစ်ခုထက်မက
ပို၍ရှိကြောင်း နားလည်စေပါသည်။ ဤအကြောင်းကိုလည်း ကျမ်း စာတစ်အုပ်လုံးတွင် ရှင်းလင်းစွာ
ဖော်ပြထားပါသည်။ ဥပမာအားဖြင့် သမ္မာကျမ်း၏ ပထမ ဦးဆုံးကျမ်းပိုဒ်ဖြစ်သော ကမ္ဘာဦးကျမ်း
၁း၁ တွင် “အစအဦး၌ ဘုရားသခင်သည် ကောင်း ကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” “ကောင်းကင်”ကို
ဟေဗြဲစကားဖြင့် ရှမာယမ် (Shamayim)ဟု ခေါ်ပါသည်။ “im” သည် အများကိန်းကို ဖော်ပြရာ၌ အသုံးပြုသော
အဆုံးသတ်စာလုံးဖြစ်သည်။ “ကောင်းကင်”ကို ပထမဦးဆုံးအကြိမ်ကစပြီး အများကိန်းနှင့် အသုံးပြုဖော်ပြခြင်းဖြစ်သည်။
ရာဇ၀င်ချုပ် ဒုတိယစောင် ၂း၆ သည် ရှောလမုန်မင်းကြီး
ကျမ်း ပိုဒ်၌ “ကောင်းကင်နှင့် ကောင်းကင်တကာတို့၏အထွဋ်အမြင့်ဆုံးသော ကောင်းကင်”ဟူ၍ တွေ့ရှိရာ
“ကောင်းကင်တို့၏ကောင်းကင်”ဟု အဓိပ္ပါယ်ရသည်။ အမြင့်ဆုံးသော ကောင်းကင်ဟု ဆိုကတည်းက ကောင်းကင်တစ်ခုထက်
ပိုရှိကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။ “ကောင်းကင်တကာတို့၏ကောင်းကင်” ပုဒ်စုရှိ
“ကောင်းကင်”သည် မြေကြီး အထက်မှာရှိသော ကောင်းကင်၏အထက် ပိုမြင့်သော ကောင်းကင်ဟု ဆိုလိုခြင်းဖြစ်သည်။
ကောရိန္တုဒုတိယစောင် ၁၂း၂-၄ တွင်၊ ရှင်ပေါလု အသေးစိတ်ဖော်ပြထားပါသည်။
“တစ်ဆယ့်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတစ်ယောက်ကို
တတိယကောင်းကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကိုငါသိ၏။ ထိုအခါ သူ၌ ကိုယ်ခန္ဓာပါသည်မပါသည်ကို
ငါမသိ။ ဘုရားသခင်သိတော်မူ၏။ ထိုသူသည် ပရဒိဘုံသို့ ချီဆောင်ခြင်းကို ခံရ၍ လူမပြောအပေ
မပြောနိုင်သော စကားကို ကြား သည်အကြောင်းကို ငါသိ၏။ ထိုအခါ ကိုယ်ခန္ဓာပါသည်မပါသည်ကို
ငါမသိ၊ ဘုရား သခင်သိတော်မူ၏။”
တရားဟောဆရာ မဖြစ်မီ ကျွန်တော်သည် ယုတ္တဗေဒပညာရှင်တစ်ဦးဖြစ်ခဲ့ပါ
သည်။ ထို့ကြောင့် အကျိုးကြောင်းနှင့်ဆက်စပ်၍ ဆင်ခြင်တုံတရားသည် အလိုလိုပေါ်လာ တတ်ပါသည်။
လွတ်မထွက်နိုင်ခဲ့ဘူး။ ယုတ္တိဗေဒသဘောအရ ကျွန်ုပ်နားလည်သည်မှာ တတိယကောင်းကင်ရှိပါက ပထမနှင့်ဒုတိယလည်းရှိရမည်။
ထို့ကြောင့် ကောင်းကင်မှာ အနည်းဆုံး (၃) ခုရှိသည်။ ထင်ရှားသောအချက်တစ်ခုမှာ တတိယကောင်းကင်သည်
ပါရဒိ သုဘုံဖြစ်ပြီး ယုံကြည်သူတို့၏၀ိညာဉ်များ နားနေရာစုရပ်ဖြစ်သည်။ ထိုနေရာ၌ ဘုရားသခင်
ကိုယ်တိုင် ကျိန်းဝပ်တော်မူသည်။ ဧဖက်၊ ၄း၁၀ တွင် ယေရှုခရစ်တော်၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို
ဖော်ပြထားပါသည်။
“ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ်၊ အလုံးစုံတို့ကို
ပြည့်စုံစေ ခြင်းငှာ၊ ခပ်သိမ်းသောကောင်းကင်တို့၏ အထွဋ်ကိုလွန်၍ တက်ကြွတော်မူသောသူ ဖြစ်သတည်း။”
ဤနေရာ၌ “ခပ်သိမ်းသော ကောင်းကင်တကာတို့”
ဟူသော ပုဒ်စုကို သတိပြုရန် လိုအပ်ပါသည်။ “ခပ်သိမ်း”(အားလုံး) ဟူသော စကားလုံးကို သုံးသည့်အခါ
အနည်းဆုံး (၂)ခု ရှိသည့်အရာမှသာလျှင် မှန်မှန်ကန်ကန် အသုံးပြုနိုင်ပါသည်။ ကင်ညာနိုင်ငံရှိအာဖရိ
ကကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ သင်ပေးခဲ့ဖူးပါသည်။ ထိုအချိန်က ကျောင်းသား တစ်ယောက်
ကျွန်ုပ်ဆီလာပြီး “ကျွန်တော့်ရဲ့ မိဘအားလုံးဟာ ကျွန်တော်ဆီလာလုပ်သွား ကြတယ်” လို့ပြောတယ်။
ကျွန်ုပ်ဖြေကြားသည်မှာ “မိဘများအားလုံးလို့ သုံးလို့မရဘူး။ ဘာ လို့လဲဆိုတော့ ဘယ်သူတစ်ယောက်ကမှ
မိဘ(၂)ပါးထပ် ပိုမရှိကြဘူး။ ခင်ဗျာမှာ(၂)ခုထက် ပိုပြီး မရှိတဲ့အရာကို “အားလုံး”လို့
သုံးလို့မရဘူးဟု ဆိုပြီး ရှင်းပြခဲ့ပါသည်။ ဤအတိုင်းပင် “ခပ်သိမ်းသောကောင်းကင်”ဟူသော
ပုဒ်စုသည် ဆိုလိုရင်းကို ခြုံကြည့်ပါက ရှင်းရှင်းလင်း လင်း ညွှန်ပြကြောင်းတွေ့ရှိရပါမည်။
ဤအကြောင်းအရာအားဖြင့်လည်း စာတန်၏နိုင်ငံပိုင် နက်သည် ကောင်းကင်နယ်ပယ်အတွင်းရှိနေသည်ဟူသော
ပြဿနာကို ဖြေရှင်းပေးထား ပါသည်။
အရပ်သုံး အင်္ဂလိပ်စကားတွင် ပျော်ရွှင်မှုအထွတ်အထိပ်ကို
ရောက်ကြောင်း ဖော်ကျူးလိုသည့်အခါ မိုးကောင်းကင်ရောက်အောင်ဟူ၍ သုံးနှုန်းတတ်ကြပါသည်။
ကောင်းကင်ဘုံအဆင့်(၃)ဆင့်ရှိသည်ဟူသောအဆိုသည်
ကျွန်ုပ်၏ယူဆချက် တစ်ခုဖြစ်ပြီး ခိုင်မာသော အယူဝါဒမဟုတ်ပါ။ မည့်သို့ဆိုစေ ဤယူဆချက်သည်
သမ္မာကျမ်း ထဲကသိရှိသော အချက်များနှင့် အံဝင်ဂွင်ကျဖြစ်သောကြောင့် လက်ခံနိုင်သောယူဆချက်
ဖြစ်မည်ဟု ကျွန်ုပ်ယုံကြည်သည်။ ထိုသို့ဆိုပါက ကောင်းကင်ဘုံသုံးဆင့်ကို အဘယ်ကဲ့သို့
ခွဲခြားသိရှိနိုင်မည်နည်း။ ပထမကောင်းကင်သည် ကျွန်ုပ်တို့မြင်တွေ့နိုင်သော သဘာဝမိုး
ကောင်းကင် နေ၊လ၊ကြယ်များရှိသောနေရာအထိကို ဆိုလိုပါသည်။
တတိယကောင်းကင်သည် ကောရိန္တုဩ၀ါဒဒုတိယစာစောင်
အခန်းကြီး ၁၂ တွင် တွေ့ရသော ဘုရားသခင် ကျိန်းဝပ်ရာနေရာဖြစ်သည်။ ဖြောင့်မတ်သောသူများ
(ယုံကြည် သူများ)သေလွန်သောအခါ နားနေရာ ပါရဒိသုဘုံဖြစ်သည်။ ထိုနေရာသို့ ခရစ်တော်၏ တမန်တော်တစ်ဦး
ချီဆောင်ခြင်းခံရပြီး မွန်မြတ်လွန်းသော နေရာဖြစ်ကြောင်းနားလည်ရပါ သည်။ ဘုရားသခင်ပြောသောစကားများကို
တိုက်ရိုက်ကြားရသည့်နေရာလည်းဖြစ်သည်။ ဒုတိယကောင်းကင်သည် ပထမနှင့်တတိယ ကောင်းကင်ကြားတွင်
ရှိပါသည်။ ကျွန်ုပ် နားလည်သည့်အတိုင်း ဒုတိယကောင်းကင်သည် ဘုရားသခင်ကျိန်းဝပ်ရာ ကောင်းကင်နှင့်
မြေကြီးပေါ်မှာရှိသည့် ကောင်းကင်ကြားမှာရှိသော ကြားခံကောင်းကင်ဖြစ်သည်။ ၎င်းအပြင် စာတန်၏ဌာနချုပ်များ
တည်ရှိနေသောနေရာလည်းဖြစ်မည်ဟု ယူဆရပါသည်။ ထို့ကြောင့် မကြာခဏဆိုသလို ကျွန်ုပ်တို့ဆုတောင်းသည့်အခါ
ပြင်းထန်လှသော နပန်းထိုးပွဲမှာ ပါဝင် နေသကဲ့သို့ ခံစားရခြင်းလည်းဖြစ်သည်။
ရံဖန်ရံခါ ဘုရားသခင်၏ထံတော်ပါးသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်
ခက်ခဲလှ ကြောင်း သတိမထားမိတတ်ကြပါ။ ကျွန်ုပ်တို့ဆုတောင်းရာ၌ ဘုရားသခင်၏အလိုတော် အတိုင်း
တောင်းကြပါသည်။ ဘုရားသခင်ကလည်း နားညောင်းမည်ဟု ယုံကြည်ကြသည်။ သို့သော် အဖြေရဖို့ရန်
ကြန့်ကြာတတ်ပါသည်။ ထိုသို့သော အဖြစ် ကောင်းကင်နှင့် ဘုရား သခင်ကျိန်းဝပ်ရာ ကောင်းကင်ကြားထဲမှာ
ရှိခြင်းကြောင့် ကျွန်ုပ်တို့သည် တိုက်ပွဲတွင်ပါဝင် ခြင်းခံနေရခြင်းဖြစ်ပါသည်။
Comments