အပိုင်း (၃) မည်ကဲ့သို့လွတ်မြောက်မည်နည်း

အပိုင်း (၃)
မည်ကဲ့သို့ လွတ်မြောက်မည်နည်း
            ကျန်ခြင်းနှင့်ပတ်သတ်သော အကြောင်းတရား၊ အကျိုးတရားတို့ကို အတော်များ များလေ့လာခဲ့ပါပြီ။ ယခုအထိ လေ့လာရသည့်အကျိုးအားဖြင့် ကျိန်ခြင်းဒဏ်တစ်ခုခု ကြောင့် သင်၏အသက်တာတွင် ညှိုးနွမ်းမှုတစ်စုံတစ်ရာရှိမရှိ သဘောပေါက်မိပါသလား။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအလင်းကို ပိတ်နေသည့်အမှောင်ရိပ်အောက်မှ ထွက် ပေါက်များကိုတွေ့၍ သင် အံ့အားသင့်မိပါသလား။ လွန်ခဲ့သော သင်၏အသက်တာ သို့မဟုတ် သင်၏ဘိုးဘွားများ၏ အပြုအမူကြောင့်ဖြစ်စေ သင်၏အသက်တာကို ကျိန်ဒဏ် ၏၍ သင် အံ့အားသင့်မိပါသလား။ လွန်ခဲ့သော သင်၏အသက်တာ သို့မဟုတ် သင်၏ဘိုးဘွားများ၏ အပြုအမူကြောင့်ဖြစ်စေ သင်၏အသက်တာကို ကျိန်ဒဏ်၏ ထိခိုက်မှု လွှမ်းမိုးကြီးစိုးစေရန်မလိုအပ်ပါ။ တစ်သက်လုံး ဤပယောဂဒဏ်ကို ခံနေရမလားဟု သင် စိုးရိမ်ခြင်းမှ လွတ်မြောက်ရာလမ်းရှိကြောင်းကို သင်သိရှိနိုင်ပါသည်။
            ကျိန်ခြင်း၏ အကြောင်းတရား သို့မဟုတ် အရင်းအမြစ်ကို စုံစမ်းစိစစ်ရှာဖွေဖို့ အမြဲ မဟုတ်သည့်တိုင် မကြာခဏ စိစစ်ရှာဖွေဖို့လိုအပ်ပါသည်။ ထို့ကြောင့် ပြီးခဲ့သောအပိုင်းတွင် ဖြစ်နိုင်စရာအမျိုးမျိုး၏ ခေါင်းစဉ်တချို့ကို တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ထိုခေါင်းစဉ် ခုနစ်မျိုး အကြောင်းကို ဖတ်ရှုခြင်းအားဖြင့် သန့်ရှင်းသော ၀ိညာဉ်တော်သည် သင့်အား တစ်စုံတစ် ရာပြောဆိုပါလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ မဖြစ်မနေ သိကိုသိရမည်ဟု မဆိုလို ပါ။ သို့သော် ဤအမှုအရာမျိုးအများဆုံးတွင် ကျွန်တော်တို့သည် မည်သည့်အရာမှ ကယ် လွှတ်ခြင်းခံရသည်၊ မည်ကဲ့သို့ ကျွန်တော်တို့အပေါ် ၎င်းပယောဂများ ကျရောက်လာသည် ကို ကျွန်တော်တို့ကို ဘုရားသခင် သိစေလိုသည်။ ဘုရားသခင်သည် သင့်အား ဖော်ပြခဲ့ သည်ရှိသော်၊ ကိုယ်တော်ဖော်ပြသည့်အတိုင်း လုပ်ဆောင်ပါ။
            ဟုတ်ပါသည်။ ကျိန်ခြင်းဒဏ်မှ လွတ်မြောက်ရာလမ်းရှိပါသည်။ တစ်လမ်းတည်းရှိ ပါသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှု၏ အသေခံယဇ်ပူဖော်ခြင်းဖြင့်သာ လွတ်မြောက် ရာလမ်းဖြစ်ပါသည်။ တတိယအပိုင်းတွင် အမှောင်ရိပ်မှ နေရောင်သို့ ကျိန်ခြင်းမှ ကောင်းချီး မင်္ဂလာသို့ ကူးပြောင်းနိုင်သော ဘုရားသခင်၏နည်းလမ်းကို မည်ကဲ့သို့ တွေ့နိုင်သည်၊ မည်ကဲ့သို့ လိုက်နာရမည်ဟူသော လက်တွေ့ကျသည့် စကားလုံး အသုံးအနှုန်းများကို ဖော်ပြထားပါသည်။

၇      ဘုရားသခင်စီမံတော်မူသော ဖလှယ်ခြင်း
            ဧ၀ံဂေလိတရားတော်၏ သတင်းကောင်းဟူသမျှသည် လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုအသေခံ၍ ယဇ်ပူဇော်ခြင်းတည်းဟူသော ပြိုင်ဘက်မရှိ၊ အတုအပမရှိသော သမိုင်း ဖြစ်စဉ်တစ်ခုပေါ်တွင်သာ လှည့်ပတ်နေပါသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ဟေဗြဲဩ၀ါ ဒစာရေးသားပြုစုသူက ဤကဲ့သို့ ဖွင့်ဆိုထားပါသည်။ “အကြောင်းမူကား စင်ကြယ်သောသူ သည် (ယေရှု) ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှာ တခါတည်း ပူဇော်(ယဇ်ပူဇော်)ခြင်း အားဖြင့် (ကိုယ်တော်သည်) ပြုတော်မူ၏”(ဟေဗြဲ၊၁၀း၁၄)။ “စုံလင်ခြင်းအကျိုးကို ရစေခြင်း ငှါ” နှင့် “တစ်ခါတည်း” ဟူသော တန်ခိုးကြီးသည့် ဖွင့်ဆိုခြင်းနှစ်ခု စုပေါင်းထားပါသည်။ ဤဖွင့်ဆိုခြင်းနှစ်ခုသည် ပုထုဇဉ်လူသားတစ်ရပ်လုံးကို ခြုံငုံထားသည့် ယဇ်ပူဇော်ခြင်းကို သရုပ်ဖော်လျက်ရှိနေပါသည်။ ဤတင်မကဘဲ အကျိုးအာနိသင်သည် ကာယအစဉ်အဆက် တမလွန်အထိ ကျယ်ပြန့်သွားပါသည်။
            ဤအကြောင်းအရာသည် ကျွန်တော်တို့ကို ကယ်လွှတ်သည့် မရှိမဖြစ် အခြေခံ အုတ်မြစ်ဖြစ်ပါသည်။ လက်ဝါးကပ်တိုင်တွင် ဘုရားသခင် ကြိုတင်ဘိသိက်ခံသောအလဲ အလှယ်တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။ ပထမဆုံး ကျွန်တော်တို့၏အပြစ်ကြောင့် ခံထိုက်သည့် ဆိုး ယုတ်သောအကျိုးတရားများကို ကျွန်တော်တို့ကိုယ်စား ယေရှုခံတော်မူခဲ့သည်။ ဤကဲ့သို့ အလဲအလှယ်ပြုခြင်းအားဖြင့် အပြစ်မဲ့သော ယေရှု၏နာခံခြင်းအတွက် ရသင့်ရထိုက်သော ကောင်းမြတ်ခြင်းဟူသမျှကို ဘုရားသခင်သည် ကျွန်တော်တို့အား ကမ်းလှမ်းနေပါသည်။
            ရွေးနုတ်ကယ်တင်ခြင်း၏ အမြော်အမြင်တစ်ခုလုံးကို သင်သုံးသပ်ဆင်ခြင်နိုင်ရန် လက်ဝါးကပ်တိုင်ပေါ်တွင် ပြီးမြောက်ခဲ့သောအမှုဟူသမျှကို ပြန်လည် သုံးသပ်ကြပါစို့။
ငါတို့လွန်ကျူးခြင်းအပြစ်များကို ဖြေလွှတ်နိုင်ရန် ယေရှုသည် ဒဏ်ခတ်တော်မူခြင်းကို ခံရလေ၏။ ငါတို့၏အနာရောဂါများကို ငြိမ်းစေရန် ယေရှုသည် နာကျင်စွာ ထိုးနက် ခြင်းခံရလေ၏။
            ဤသမ္မာတရားနှစ်ပါးသည် ရောယှက်လျက်ရှိနေပါသည်။ ၀ိညာဥင်္ရေးရာတွင် ယေရှုသည် ကျွန်တော်တို့၏ အပြစ်ဒဏ်ကို ခံခဲ့လေသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အပြစ်ဖြေလွတ်ခြင်းကို ခံယူရရှိသည့်အခါ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခြင်းကို ရရှိနိုင်ရန်ဖြစ်ပါသည်။
            ရုပ်ဝတ္ထုအရေွးင် ယေရှုသည် ကျွန်တော်တို့၏ အနာရောဂါဝေဒနာများကို ယူတင် ဆောင်ရွက်ခဲ့လေသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကိုယ်တော်၏ နာကျင်စွာထိုးနှက် ခြင်းခံခဲ့ခြင်းကြောင့် ကျွန်တော်တို့၏ အနာရောဂါပျောက်ကင်းနိုင်ရန် ဖြစ်ပါသည်။
ကိုယ်တော်၏ ဖြောင့်မတ်ရာ၌ ငါတို့သည် ဖြောင့်မတ်နိုင်ရန် ယေရှုသည် ငါတို့၏ အပြစ်ဒုစရိုက်များကို အပြစ်သားအဖြစ်ခံတော်မူ၏။
            ဤဖလှယ်သောအမှုတော်၏ တတိယအသွင်အပြင်ကို (ဟေရှာ၊ ၅၃း၁၀)တွင် ဤကဲ့သို့ ဖွင့်ဆိုထားပါသည်။ “ထာဝရဘုရားသည် ယေရှုကို အပြစ်ဖြေသောယဇ်ကောင် အဖြစ် ပူဇော်သည်” အပြစ်ဖြေလွတ်ရန် ယဇ်ပူဇော်မူပြုမည့် ပုံစံအမျိုးမျိုးအတွက် ဘုရား သခင်သည် မောရှေအား ဤကဲ့သို့သော စည်းကမ်းများကို ပေးထားတော်မူခဲ့ပြီးဖြစ်ပါသည်။
            (၂ကော၊ ၅း၂၁)တွင် ရှင်ပေါလုသည် (ဟေရှာ၊ ၅၃း၁၀)တွင် ရည်ညွှန်ပြီး တစ်ချိန် တည်းမှာပင် သူလည်း အစားထိုးလဲလှယ်ခြင်း၏ ကောင်းသောအသွင်အပြင်ကို ဤကဲ့သို့ တင်ဆက်ခဲ့ပါသည်။ “အဘယ်ကြောင့်နည်းဟူမူကား ဘုရားသခင်သည် အပြစ်နှင့်ကင်း သောသူ(ယေရှု)ကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏ အကြောင်းမူ ကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည့် အကြောင်းတည်း။” ဤဖြောင့်မတ်ခြင်းကို ကျွန်တော်တို့၏ ကြိုးစားရှာဖွေမှုကြောင့် မရနိုင် ပါ။ ယုံကြည်ခြင်းအားဖြင့်သာ ရရှိနိုင်ပါသည်။
ကိုယ်တော်၏အသက်တာကို ငါတို့ခံစားနိုင်ရန် ယေရှုသည် ကျွန်တော်တို့ကိုယ်စား အသေခံတော်မူ၏။
            အပြစ်တရား၏နောက်ဆုံးအကျိုးသည် သေခြင်းဖြစ်သည်ဟု ကျမ်းတစ်အုပ်လုံးက အထင်အရှားဖော်ပြခဲ့ပါသည်။ ယေရှုသည် ကျွန်တော်တို့၏ အပြစ်နှင့်ထပ်တူထပ်မျှ ဖြစ်လာသည့်အခါ သူလည်း ပုထုဇဉ်လူသား၏ အပြစ်ဒဏ်ဖြစ်သည့် သေခြင်းကို ခံရမည်မှာ ဧကန်မလွဲဖြစ်ပါသည်။
            ပြန်လည်၍ ကိုယ်တော်၏ အစားထိုးယဇ်ပူဇော်ခြင်းကို လက်ခံသောသူအပေါင်း တို့အား ကိုယ်တော်သည် ထာဝရအသက်ကျေးဇူးကို ကမ်းလှမ်းခဲ့ပါသည်။ (ရော၊ ၆း၂၃)၌ ရှင်ပေါလုသည် ဤဆန့်ကျင့်ဘက်နှစ်ခုကို ပြိုင်ထားသည်။ “အပြစ်တရား၏အခကား (တရားသဖြင့်ရရှိသောဆု) သေခြင်းဖြစ်သည်။ သို့သော်လည်း ဘုရားသခင် ပေးတော်မူ သော ဆုကျေးဇူးတော် (ကြိုးစားရှာဖွေခြင်းအားဖြင့် ရရှိခြင်းမဟုတ်)မူကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။”
ကိုယ်တော်၏ကြွယ်ဝခြင်း၌ ငါတို့ကြွယ်ဝချမ်းသာနိုင်ရန်၊ ယေရှုသည် ငါတို့၏ ဆင်းရဲ ခြင်းကို ခံတော်မူ၏။
            (တရား၊ ၂၈း၄၈)တွင် မောရှေသည် ဆင်းရဲနွမ်းပါးခြင်းကို လေးမျိုးခွဲခြင်းဖော်ပြခဲ့ပါ သည်။ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အ၀တ်အချည်းစည်းရှိခြင်းနှင့် အရာရာ၌ ဆင်းရဲခြင်းတို့ ဖြစ်သည်။ ကျွန်တော်တို့သည် ကိုယ်တော်၌ကြွယ်ဝခြင်းကို ခံစားနိုင်ရန် ယေရှုသည် လက် ၀ါးကပ်တိုင်ပေါ်တွင် ဤဆင်းရဲခြင်းလေးမျိုးက ခံစားခဲ့ပါသည်။
            ကျွန်တော်တို့၏ “ကြွယ်ဝခြင်း”သည် ဤမြေကြီးပေါ်တွင် ယေရှုအသက်ရှင်ထင် ရှားလျက်ရှိစဉ်ကကဲ့သို့ ရံဖန်ရံခါဖြစ်ပါလိမ့်မည်။ အင်္ကျီအိတ်ကို ဖောင်းပွအောင် ပိုက်ဆံ ထုတ်ကြီးကို သယ်ယူဖို့ သို့မဟုတ် အောက်တွင် ငွေအမြောက်အမြား စုဆောင်းခြင်းမျိုးကို မဆိုလိုပါ။ သို့သော်လည်း နေ့စဉ် ကျွန်တော်တို့၏ လိုအပ်မှုနှင့် သူတစ်ပါး၏ လိုအပ်မှုကို မစနိုင်လောက်အောင် ပမာဏဖြစ်ပါလိမ့်မည်။
ကိုယ်တော်၏ဘုန်းတော်ကို ကျွန်တော်တို့ ဝေမျှခံစားနိုင်ရန် ယေရှုသည် ကျွန်တော်တို့ ၏အရှက်ကွဲ အကျိုးနည်းခြင်းကို ခံခဲ့ရပါသည်။ ကိုယ်တော်၏ ဘုရားသားအဖြစ် ကို လက်ခံခြင်းအားဖြင့် ကျွန်တော်တို့သည် ဘုရားသခင်သားသမီးများဖြစ်နိုင်ရန် ကျွန်တော်တို့ခံစားရသော ငြင်းပယ်ခြင်းကို ကိုယ်တော်သည်လည်း ခံခဲ့ပါသည်။
            လက်ဝါးကပ်တိုင်ပေါ်တွင် အစားထိုးလဲလှယ်ခြင်းသည် လူတို့၏အပြစ်ဒုစရိုက်မှ ဖြစ်ပေါ်လာခဲ့သော ဒုက္ခမျိုးစုံခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာဝေဒနာမျိုးလည်း ပါဝင်ပါသည်။ ကျွန်တော်တို့၏ အပြစ်ဒုစရိုက်ကြောင့်ဖြစ်ပေါ်လာသော နာကျင်မှုထဲတွင် အရက်စက်ဆုံး နာကျင်မှုတို့မှာ အရှက်တကွဲဖြစ်ခြင်းနှင့် ငြင်းပယ်ခံရခြင်းတို့ ဖြစ်ပါသည်။ လက်ဝါးကပ်တိုင် ပေါ်တွင် အသတ်ခံခြင်းသည် ရှက်စရာအကောင်းဆုံးနှင့် ကျက်သရေအတုံးဆုံး သေခြင်း ဖြစ်ပါသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုသည် ခမည်းတော်၏ ငြင်းပယ်ခြင်းကို ပြင်းပြ စွာ ဝေဒနာခံစားခဲ့ပါသည်။
ကိုယ်တော်ပိုင်ဆိုင်သော ကောင်းချီးမင်္ဂလာကို ကျွန်တော်တို့ ခံစားနိုင်ရန် ယေရှု သည် ကျိန်ခြင်းကို ခံခဲ့ရပါသည်။
            ရှင်ပေါလုသည် ဤအစားထိုးဖလှယ်ခြင်း အသွင်အပြင်ကို (ဂလာ၊၃း၁၃-၁၄) တွင် ဤကဲ့သို့ ပေါင်းချုပ်ခဲ့ပါသည်။
သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျိန်ခြင်းခံရသောသူ ဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရ သောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ  ရွေးနုတ်တော်မူပြီ။ အကြောင်းမူ ကား အာဗြဟံခံရသော ကောင်းကြီးမင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသား တို့၌ သက်ရောက်သည်ဖြစ်၍ ငါတို့သည် ကတိတော်နှင့်ယှဉ်သော ၀ိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံရမည်အကြောင်းတည်း။
            ဤအကြောင်းအရာသည် ကျွန်တော်တို့ ကယ်နုတ်ခြင်း၏ အခြေအမြစ်ဖြစ် ပါသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်လုပ်ဆောင်သမျှသည် ယုံကြည်ခြင်းအပေါ် တွင် အခြေခံသည်။ ကိုယ်တော်သည် အပြစ်သားအဖြစ် ခံယူခြင်းအားဖြင့်ကျွန်တော်သည် ဖြောင့်မတ်ရာသို့ ရောက်ရှိသကဲ့သို့ ကိုယ်တော်သည် ကျိန်ခြင်းကို ခံခြင်းအားဖြင့် ကျွန်တော်တို့သည် ကောင်းချီးမင်္ဂလာခံစားနိုင်ပါသည်။ (တရား၊ ၂၁း၂၃)တွင် မောရှေ ပညတ်တရားအဆိုအရ၊ သစ်တိုင်ပေါ်တွင် ချိတ်ဆွဲခြင်းခံရသောသူသည် ကျိန်ခြင်းဖြစ်၏။ မောရှေ၏ပညတ်တရားကိုသိရှိသောယုဒလူမျိုး၊ လက်ဝါးကပ်တိုင်ပေါ်မှာ ဆွဲခြင်းခံရသော ယေရှုကို မြင်သောသူတို့သည် ယေရှုကျိန်ခြင်းခံပြီးဟု သိရှိကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကိုယ်တော်သည် ကျိန်ခြင်းကို ခံရသည့်အကြောင်းမှာ ကျွန်တော်တို့ သည် ကျိန်ခြင်းမှ လွတ်ကင်းနိုင်မည့်အကြောင်းဖြစ်ပါသည်။
            သင်နှလုံးသွင်းရန် လိုအပ်သောအချက်မှာ သင်သည် ကျိန်ခြင်းမှ ကယ်လွတ်ခြင်း ခံယူပြီးနောက် ခြွင်းချက်များကို ဆက်လက်လိုက်နာရန် လိုအပ်ပါသည်။ ထိုခြွင်းချက်တို့မှာ ဘုရားသခင်၏စကားကို နာခံရန်နှင့် အမိန့်တော်အတိုင်း လုပ်ဆောင်ရန် ဖြစ်ပါသည်။ (ယော၊ ၁၀း၂၇)တွင် ယေရှုမိန့်တော်မူခဲ့သည်မှာ “ငါ့သိုးတို့သည် ငါ့စကားနားထောင်၍ ငါ့ နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။”
            ထို့ကြောင့် ယေရှု၏စကားသံကို နားထောင်ခြင်းသည် ကောင်းချီးမင်္ဂလာခံစားဖို့ ဆေးညွှန်းဖြစ်ပါသည်။ သို့သော် ကောင်းချီးမင်္ဂလာခံစား၍ အသက်ရှင်သန်နိုင်ရန် သင့်အပေါ် ကျိန်ဒဏ်တစ်ခုခု ကျရောက်ခဲ့သည်ရှိသော်၊ ရှေးဦးစွာ ထိုကျိန်ခြင်းမှ ကယ်လွှတ်ခြင်းခံရပါမည်။ ယေရှုအသေခံခြင်းအားဖြင့် ကောင်းချီးမင်္ဂလာသည် ကျွန်တော် တို့အတွက် တရားဝင်ဖြစ်နေပါပြီ။ ကျွန်တော်တို့အတွက် ကိုယ်တော်ရယူထားပါပြီ။ ကျွန်တော်တို့ လုပ်ဆောင်ရမည့်အပိုင်းမှာ တရားဝင်ရပိုင်ခွင့်မှ လက်တွေ့ခံစားဖို့ဖြစ်ပါ သည်။ မိမိတို့အသက်တာတွင် လက်တွေ့ဖြစ်စေရပါမည်။ မည်ကဲ့သို့လက်တွေ့လုပ်ဆောင် ရမည်ကို ကျွန်တော်ပြောပါမည်။ တရားဝင် အခြေအမြစ်ရှိခဲ့ပြီးပြီ။ ဘုရားသခင်သည် လုပ်စရာမရှိတော့ပါ။ ကျွန်ုပ်တို့အတွက် ဘုရားသခင်လုပ်ပေးခဲ့သောအရာကို ကျွန်ုပ်တို့ အသုံးချဖို့သာဖြစ်ပါသည်။


Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့