ယနေ့အတွက် သမ္မာကျမ်းစာ Get link Facebook X Pinterest Email Other Apps - August 31, 2017 ဂလာတိ၊ ၆း၉ ၉၊ ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။ Get link Facebook X Pinterest Email Other Apps Comments
သင်၏တဲရာကို ကျယ်စေလော့ - April 20, 2017 သင်၏တဲရာကို ကျယ်စေလော့ (ဟေရှာယ၊ ၅၄း ၂) ==================================== “သင်၏တဲရာကိုကျယ်စေလော့” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေရှာယ၊ ၅၄း၂) ဖြစ်ပါသည်။ ကမ္ဘာ့တန်ခိုးကြီးသောနိုင်ငံများသည် (၁၉)ရာစုနှင့် (၂၀)ရာစုအကြားတွင် နီရဲသောမျက်လုံးများဖြင့် နိုင်ငံငယ်များနှင့် အားနည်း သောနိုင်ငံတို့ကို လက်အောက်ခံ ကိုလိုနီနိုင်ငံများအားဖြင့် သိမ်းပိုက်ရန် စူးစိုက်ကြည့်နေကြပြီး ဒုတိယ ကမ္ဘာစစ်ကြီးအဆုံးတိုင်အောင် သက်ဆိုးရှည်ခဲ့သည်။ ကမ္ဘာ့တန်ခိုးကြီးသောနိုင်ငံများသည် မိမိတို့၏လက်အောက်ခံနယ်ပယ်တို့ကို ချဲ့ခြင်းအားဖြင့် နယ်ချဲ့လိုကြသည်။ ဘုရားသခင်သည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ခေါ်ဆောင်လာသောအခါ၌ နို့နှင့်ပျားရည်စီးသောပြည်ဖြစ်သည် ခါနန် ပြည်ကို သိမ်းပိုက်ကြရန် မိန့်မှာတော်မူသည်။ ဣသရေလလူတို့သည် သိမ်းပိုက်ကြသော်လည်း ထိုပြည်၌ နဂိုနေထိုင်သောလူ... Read more
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ - March 17, 2017 အခန်း (၄) ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ (ဆာလံ၊ ၉၆း ၁ - ၁၃) ==================================== “ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဆာလံ၊ ၉၆း၁-၁၃) ဖြစ်ပါသည်။ ယနေ့ ယုံကြည်သူများစွာတို့သည် ဘုရားသခင်အလိုတော်အတိုင်း အသက်ရှင်လိုကြသည်။ သို့သော်လည်း ဘုရားသခင် အလိုတော်အ တိုင်းအသက်ရှင်လိုကြသည်။ သို့သော်လည်း ဘုရားသခင်အလိုတော်အတိုင်း အသက်ရှင်ခြင်းသည် အလွန်ခက်ခဲသည်ဟု ကျွန်ုပ်တို့ထင် ကောင်းထင်ကြမည်ဖြစ်သည်။ ကောင်းသောအရာကို ပြုကျင့်ခြင်း သို့မဟုတ် မြင့်မြတ်စွာကျင့်ကြံခြင်းစသည်တို့ဖြင့်လည်းကောင်း မည်သည့်အရာမျှမပါဘဲ ဝေးလဲခေါင်ခိုက်သောနေရာသို့ သာသနာပြုအဖြစ် ထွက်သွားရခြင်းလည်းကောင်း၊ ၎င်းကိုရသည်ဟု ထင်ကောင်း ထင်မှားကြမည်ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အလိုတော်ကား အဘယ်နည်း။ ဘုရားသခင်အပေါ်၌ သစ္စာရှိခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာ၌ သာမန်ကိစ္စရပ်များ၌ပင် ဘုရားသခင်အားကျေ... Read more
ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃) - August 17, 2017 ကျိန်ခြင်း၏ အရင်းအမြစ် ကျိန်ခြင်းတိုင်းတွင် အကြောင်းတစ်ခုခုရှိစမြဲဟု ရှောလမုန်က (သု၊ ၂၆း၂) တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။ စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဧရက်သည်လည်း ပျံသွားသကဲ့သို့ ထိုနည်းတူ အကြောင်းမရှိသောကျိန်ခြင်းသည် မသင့်မရောက်တတ်။ ဤအခြေခံမူကို နှစ်ဖက်ချွန် အသုံးချနိုင်ပါသည်။ တစ်ဘက်တွင် ကျိန်ခြင်းသည် အကြောင်းမရှိလျှင် ထိရောက်မှုမရှိသလို၊ တစ်ဘက်တွင် ဆန့်ကျင်ဘက် မှန်ကန်ပါသည်။ ကျိန်ခြင်းရှိသည့်အကြောင်းတရားကို အတိအကျဖော်ထုတ်ဖို့ရန် သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ပိုင်းခြားသိတတ်ရန် လိုအပ်ပါသည်။ သီးခြားပြဿနာတစ်ခုစီအတွက် အကြောင်းတရားကို ဖော်ထုတ်နိုင်ပါက ထိရောက်စွာ ရင်ဆိုင်နိုင်ပါလိမ့်မည်။ ဤအပိုင်းသည် ကျွန်တော်တို့၏ အသက်ရှင်သန်မှုကို ဒုက္ခဝေဒနာရောက်စေ တတ်သော အဓိကကျိန်ခြင်းဟူသမျှ၏ အကြောင်းတရားများကို လမ်းဖွင့်ပေးပါလိမ့်မည်။ ဖတ်ရှုပြီးလျှင် ပိုမိုနားလည်သဘောပေါက်သည်သာမက ရှေ့ပိုင်းတွင် ေ... Read more
Comments