ဇာတ်လမ်း(၅)



ဘုရားအလိုတော်အတိုင်းနေတဲ့မိသားစု

ကမ္ဘာဦးကျမ်း ၅း ၂၁ - ၂၉
          ၂၁ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော် သား မသုရှလကို မြင်လေ၏။ ၂၂မသုရှလဖွားမြင်သောနောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။ ၂၃ဧနောက် အသက် နှစ်ပေါင်း သုံးရာခြောက်ဆယ်ငါးနှစ်တည်း။ ၂၄ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန်သူသည်မရှိ။ အကြောင်းမူကား ဘုရားသခင်သိမ်းယူ တော်မူသောကြောင့်တည်း။
          ၂၅မသုရှလသည် အသက်တရာရှစ်ဆယ်ခုနစ်နှစ်ရှိသော် သားလာမက်ကို မြင်လေ၏။ ၂၆လာမက် ဖွားမြင်သောနောက် မသုရှလသည် အနှစ်ခုနစ်ရာရှစ်ဆယ် နှစ်နှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၇မသုရှလသည် အသက်နှစ် ပေါင်းကိုးရာခြောက်ဆယ်ကိုးနှစ်စေ့သော်သေလေ၏။
          ၂၈လာမက်သည် အသက်တစ်ရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားကိုမြင်၍၊ ၂၉ဤသူသည်ကား၊ ထာဝရဘုရား ကျိန်တော်မူသောမြေ၌လုပ်၍၊ ပင်ပန်းစွာခံရ သော ငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကို နောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။

ဘုရားသခင်နှင့်အတူသွားလာခြင်း
          ``ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘ၀ပြောင်း ရ၏။ ဘုရားသခင်သည် သူ့ကို ဘ၀ပြောင်းစေတော်မူသောကြောင့် သူသည် နောက်တစ်ဖန်မပေါ်မရှိ။ သူသည် ဘ၀မပြောင်းမီ ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကိုရလေ၏။ ယုံကြည်ခြင်းမရှိလျှင်၊ ဘု ရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသော သူအား အကျိုးပေးတော်မူသည်ကို၎င်း ယုံကြည်ရမည်။´´(ဟေဗြဲ ၁၁း၅-၆) ဧနောက်ဟာ ဘုရားစိတ်တော်နဲ့တွေ့တဲ့သူဖြစ်တယ်။ ဘယ်လောက်အံ့ဩဖွယ် သက်သေခံလဲ။ သူ့ဥာဏ်၊ သူ့အစွမ်း၊ သူ့အလုပ်တွေနဲ့ ဘုရားကိုနှစ်သက်စေခဲ့ တာမဟုတ်ပါ။ သူ ဘုရားကိုနှစ်သက်စေခဲ့တာ သူ့ရဲ့ယုံကြည်ခြင်းပါ။ ဘုရားနဲ့အတူ သွားလာတဲ့အခါ ဘုရားသခင်ကောင်းမြတ်ကြောင်းကို သူသိတယ်။
          ကျွန်ုပ်တို့ ဘယ်လို ဘုရားနဲ့အတူ သွားလာနိုင်မလဲ။ ``လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဘော်၍ခရီးသွားနိုင်သလော။´´(အာမုတ် ၃း၃)။ ဘုရားနဲ့ အတူသွားလာမည်ဆိုရင် ဘုရားမကြိုက်တဲ့ဒုစရိုက်လုပ်တဲ့ကိစ္စမှာ ဘုရားနဲ့ညှိဖို့လို မယ်။ ဒါက ကိုယ်တော့်လမ်းအကောင်းဆုံးဆိုတာ ကျွန်ုပ်တို့သိထားဖို့ဖြစ်တယ်။ ``ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည် လျှင်၊ အချင်းချင်းမိဿဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော်ယေ ရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။´´(၁ယော ၁း၇)။ ကျွန်ုပ်တို့ဟာ ဆုတောင်းခြင်းနဲ့ဘုရားကို စကားပြောနိုင်သလို၊ ကျမ်းစာနှုတ် ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ကို ဘုရားစကားပြောခွင့်ပေးရမယ်။ ကျွန်ုပ်တို့ ဘုရားနဲ့တစ်လှမ်းချင်းလမ်းလျှောက်နေတဲ့အခါ ကိုယ်တော်ကို မျှော်လင့်ရင်းနဲ့ အချိန်နှင့်အမျှ ကျွန်ုပ်တို့နှင့်ဘုရားအတူတကွရှိနေတာကို သိလာမယ်။ ဘယ် လောက်အံ့ဩစရာကောင်းလိုက်တဲ့ ဘ၀လဲ။
          ဘုရားသခင်ဟာ သူ့ကို အားစိုက်ရှာဖွေတဲ့ ဧနောက်ကို ဆုကျေးဇူးနဲ့မစခဲ့ တယ်။ ကိုယ်တော်ဟာ အနာဂတ်အကြံအစည်တော်အချို့ကို ဧနောက်နဲ့အတူလုပ် ခဲ့ကြတယ်။ ကမ္ဘာကိုရေလွမ်းမိုးမည့်အကြောင်း ဧနောက်ကို အသိပေးခဲ့တယ်။ ဘာ ကြောင့်ပြောရသလဲဆိုတော့ ဧနောက်ဟာ သူ့သားကို မသုရှလလို့မှည့်ခေါ်တာဟာ ကျမ်းစာပညာရှင်တွေရဲ့လေ့လာချက်အရ လုံးကောက်အဓိပ္ပါယ်ဟာ ``သူသေတဲ့ အခါ ရောက်လာမယ်´´လို့ဆိုတယ်။ မသုရှလဟာ သမိုင်းကလူတွေအထဲမှာ အ သက်ရှည်ဆုံးပါပဲ။ ၉၆၉ နှစ်နေတယ်။ သူသေဆုံးတဲ့နှစ်မှာ ရေလွှမ်းခြင်း ဘုရားပို့ လိုက်ပါတယ်။
          ဧနောက်ကို ခရစ်တော်ကြွလာခြင်းအကြံအစည်တော်ပြောပြခဲ့သေးတယ်။ ``၁၄-၁၅ အာဒံမှဆင်းသက်၍ ခုနစ်ဆယ်မြောက်သောသူဧနောက်က၊ ထာဝရဘုရား သည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ၍ မတရားသောသူတို့သည် မတ ရားသဖြင့်ပြုသော အဓမ္မအမှုရှိသမျှတို့၏အပြစ်ကို၎င်း၊ မတရားသောလူဆိုးတို့ သည် ဘုရားသခင်ကို ပြစ်မှား၍ပြောသောကြမ်းတမ်းသောစကားရှိသမျှတို့၏ အ ပြစ်ကို၎င်း ဖေါ်ပြခြင်းငှါ၊ အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွ ကြွ လာတော်မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။´´(ယုဒ ၁၄-၁၅)
          ဘုရားသခင်ဟာ အတူတကွလမ်းလျှောက်သူတွေနဲ့ သူ့လမ်း၊ သူ့အကြံအ စည်တော်များကို ပြောပြပါတယ်။ ``အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိ ကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။´´(အာ မုတ် ၃း၇)။ ကျွန်ုပ်တို့ တအံ့တဩဖြစ်စရာမရှိပါဘူး။ ``သို့သော်လည်း၊ ညီအစ်ကို တို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ရောက်လာမည်အကြောင်း၊ သင် တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။´´(၁သက် ၅း၎)။ အကယ်၍ခရစ်တော် ပြန်ကြွလာတော်မူတဲ့အချိန် ကျွန်ုပ်တို့အသက်ရှင်နေကြရင်၊ ဧနောက်လို၊ ကျွန်ုပ်တို့ ကို ဘုရားနှုတ်ယူသွားပါလိမ့်မယ်။ ``၁၆သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏တန်ပိုးတော်ကို မှုတ်ခြင်းနှင့် တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန် သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ၁၇ထိုအခါ အသက်ရှင်၍ ကျန်ကြွင်း သော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်း ငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချည်ဆောင်ခြင်းကိုခံရသောအားဖြင့် သခင် ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။´´ (၁သက် ၄း၁၆-၁၇)။
          ယနေ့မှစ၍ ဘုရားသခင်နဲ့အတူ လမ်းလျှောက်ခြင်းအားဖြင့် ထိုနေ့အတွက် အဆင်သင့်ဖြစ်အောင်နေထိုင်သွားကြပါစို့။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့