သင်၏တဲရာကို ကျယ်စေလော့



သင်၏တဲရာကို ကျယ်စေလော့
(ဟေရှာယ၊ ၅၄း ၂)
====================================
            “သင်၏တဲရာကိုကျယ်စေလော့” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေရှာယ၊ ၅၄း၂) ဖြစ်ပါသည်။
            ကမ္ဘာ့တန်ခိုးကြီးသောနိုင်ငံများသည် (၁၉)ရာစုနှင့် (၂၀)ရာစုအကြားတွင် နီရဲသောမျက်လုံးများဖြင့် နိုင်ငံငယ်များနှင့် အားနည်း သောနိုင်ငံတို့ကို လက်အောက်ခံ ကိုလိုနီနိုင်ငံများအားဖြင့် သိမ်းပိုက်ရန် စူးစိုက်ကြည့်နေကြပြီး ဒုတိယ ကမ္ဘာစစ်ကြီးအဆုံးတိုင်အောင် သက်ဆိုးရှည်ခဲ့သည်။ ကမ္ဘာ့တန်ခိုးကြီးသောနိုင်ငံများသည် မိမိတို့၏လက်အောက်ခံနယ်ပယ်တို့ကို ချဲ့ခြင်းအားဖြင့် နယ်ချဲ့လိုကြသည်။
            ဘုရားသခင်သည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ခေါ်ဆောင်လာသောအခါ၌ နို့နှင့်ပျားရည်စီးသောပြည်ဖြစ်သည် ခါနန် ပြည်ကို သိမ်းပိုက်ကြရန် မိန့်မှာတော်မူသည်။ ဣသရေလလူတို့သည် သိမ်းပိုက်ကြသော်လည်း ထိုပြည်၌ နဂိုနေထိုင်သောလူမျိုးတို့၏ အ လိုကို လိုက်လျော်ပြီး အပေးအယူလုပ်ကြသောကြောင့် အပြီးအပိုင် မသိမ်းပိုက်နိုင်ကြချေ။
            ယနေ့ခရစ်ယာန်တို့သည် ယုံကြည်ခြင်းနယ်ပယ်ကိုချဲ့ရင်း ယုံကြည်ခြင်းအသက်တာကို ခွန်အားဗလကြီးစွာဖြင့် ရှင်သန်ရန်ဖြစ် သည်။ ထိုသို့ဆိုသော် ကျွန်ုပ်တို့၏တဲရာဖြစ်သည့် ယုံကြည်ခြင်းနယ်ပယ်ကို မည်သို့ကျယ်စေနိုင်မည်နည်း။ ယနေ့ ကျမ်းပိုဒ်အားဖြင့် ယုံ ကြည်ခြင်းနယ်ပယ်ကို မည်သို့ချဲ့ရမည်ကို အသေးစိတ်ဟောပြောလိုပါသည်။
            ပထမအနေနှင့် ကျွန်ုပ်တို့၏တဲရာကို ကယ်တင်ခြင်းအတွက် ကျယ်စေကြရန်ဖြစ်သည်။
            ကယ်တင်ခြင်းအတွက် တဲရာနေရာ၌ ဖော်ပြသောအရာမှာ ယေရှုခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် စီစဉ်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ဤကယ်တင်ခြင်းအတွက် တဲရာကို အပိုင်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ အာဒံနှင့်ဧ၀တို့၏ပြိုလဲသောအချိန် မှစပြီး ဤကယ်တင်ခြင်းအတွက် တဲရာကို မာရ်နတ်က လုယူခဲ့ပြီးဖြစ်သည်။ လူသည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ လူသည် ကျိန်စာသင့်သောသူတစ်ယောက်အလား ငြင်းပယ်ခြင်းကိုခံခဲ့ရသည်။ လူသည် ပစ်ပယ်ခြင်းခံရသည့်အခြေအနေတွင် ရှိသည်။ သို့သော်လည်း ယေရှုသည် လောကသို့ကြွလာပြီး လက်ဝါးကပ်တိုင်၌ ဝေဒနာခံရသောအားဖြင့် ဘုရားသခင်ရှေ့တော်၌ လူ၏အ ပြစ်ဒုစရိုက်တို့ကို နှုတ်ပစ်၍ ကယ်တင်ခြင်းအုတ်မြစ်ကိုချခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏မွန်မြတ်သော အသွေး တော်၏ကုသိုလ်အပေါ်၌ ယုံကြည်ကိုးစားခြင်းအားဖြင့် ထိုကယ်တင်ခြင်းအုတ်မြစ်ကို အပိုင်ယူရန်ဖြစ်သည်။ ယနေ့တွင် သန့်ရှင်းသော ၀ိညာဉ်တော်သည် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအတွက် တဲရာကို ကျယ်စေကြရန် လူမျိုးတကာတို့ကို ဖိတ် ခေါ်သည်။
            ချစ်သော. . .သောတရှင်များခင်ဗျာ -
            ယေရှုသည် လက်ဝါးကပ်တိုင်ပေး၌ အသွေးသွန်းခြင်းဖြင့် ကယ်တင်ခြင်းအတွက် တဲရာကို တည်ဆောက်ခဲ့ပြီးဖြစ်သည်။ အကယ်၍လူသည် တဲရာကို အပိုင်မသိမ်းပါက သူ့အား စီရင်ပြီး ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ ချပစ်ခြင်းကို ခံရမည်ဖြစ်သည်။
            ယာကုပ်၊၄း၁၄ ၌ “မနက်ဖြန်နေ့၌အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ၊ သင်တို့အသက်သည် အဘယ်သို့အရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏”ဟုဆို၏။
            ၁ပေ၊၁း၂၄၌ “လူမျိုးရှိသမျှတို့သည် မြက်ပင်ကဲ့သို့ဖြစ်ကြ၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညိုးနွမ်းသွေ့ခြောက်တတ်၏”ဟု ဖော်ပြထားသည်။
            သုတ္တံ၊၂၇း၁၌လည်း “နက်ဖြန်နေ့ကို အမှီပြု၍မ၀ါကြွားနှင့်၊ တစ်ရက်တွင် အဘယ်သို့ဖြစ်မည်ကို မသိနိုင်” ဟု ဆိုသည်။
            ထို့ကြောင့် လောကက၌ ဧည့်သည်အာဂန္တုဖြစ်သောလူတို့သည် ၀ါကြွားစရာအကြောင်းတစ်ခုမရှိပါ။ ထို့ကြောင့် ယေရှုခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် လက်ခံခြင်းဖြင့် ကယ်တင်ခြင်းအတွက် တဲရာကို ပထမဦးဆုံးအပိုင်သိမ်းပိုက်ရန်နှင့် သင်၏ရှိသမျှ ဖြင့် ထိုတဲရာကို ကျယ်စေရန် ဖြစ်သည်။
            ဒုတိယ - သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျှံစေရန် သင်၏တဲရာကိုချဲ့ရမည်ဖြစ်သည်။
            ယေရှုကို ယုံကြည်ပြီးနောက် သင်သည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့်ပြည့်ဝမလာပါက ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုနက်နဲစွာနားလည်လာမည်မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ရှိသော နက်နဲသောသမ္မာတရားကို သင်နားမလည်နိုင်ပါ။ စိတ်နှင့်သိခြင်းနှင့် လောင်ကျွမ်းသောစိတ်နှလုံးအထဲ၌ တွေ့ကြုံခံစားခြင်းသည် ခြားနားသည်။ ယနေ့များစွာသောလူတို့သည် ယေရှုကို ခေါင်းနှင့်သိကြသော်လည်း စိတ်ဝိညာဉ်ထဲ၌ နက်နဲစွာတွေ့ကြုံခံစားခြင်းမရှိကြပါ။ ထိုသို့ဖြစ်ရသည့်အကြောင်းမှာ သန့်ရှင်းသော ၀ိညာဉ်တော်နှင့်မပြည့်ဝသောကြောင့်ဖြစ်ပါသည်။
            ထို့ကြောင့် ပေါလုသည် တမန်တော် ၁၉း၂၌ “သင်ယုံကြည်သောအခါ၌ သန့်ရှင်းသောဝိညာဉ်တော်ကိုရပြီလား” ဟုမေးပါသည်။
            ဧဖက်လူတို့သည် ယုံကြည်သူများနှင့် တပည့်တော်များဖြစ်ကြပါသည်။ သို့သော် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကို မခံစားကြသေးပါ။
            သူတို့သည် ကယ်တင်ခြင်းသာရသောသူများဖြစ်ကြသော်လည်း ခွန်အားနှင့်ပြည့်သော ယုံကြည်ခြင်းအသက်တာ၌ အသက်မရှင်နိုင်ကြပါ။
            ယနေ့၌လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ ယေရှုကို ယုံကြည်ခြင်းအားဖြင့် သင်သည် ကယ်တင်ခြင်းကိုရမည်ဖြစ်သော်လည်း ခွန်အားနှင့်ပြည့်ဝသောယုံကြည်ခြင်းအသက်တာ၌ အသက်ရှင်နိုင်ရန်အတွက် သန့်ရှင်ေးသာဝိညာဉ်တော်နှင့်ပြည့်လျှံရန် သင်၏တဲရာကို ချဲ့ရန်ရှိသေးသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိုမသိမမှတ်ဘဲ ပင်တေကုတ္တေအယူကို ပယ်သောသူတို့သည် သနားစရာကောင်းသောလူများဖြစ်ကြသည်။ သူတို့သည် ယေရှုပေးသည် တဲရာကို ဆုံးရှုံးသောသူများဖြစ်ကြသည်။
            သမ္မာကျမ်းစာသည် တမန်တော်ဝတ္ထု၊၁း၅၌ “ယောဟန်သည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ သို့သော်လည်း မကြာမှီ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံကြမည်”ဟု ရှင်းလင်းစွာဖြင့် ပြောပါသည်။
            ဤဂတိတော်ကို ယနေ့ရှိလူအားလုံးတို့အား ဂတိစကားအဖြစ်ပေးပါသည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျှံရန်အတွက် ကျွန်ုပ်တို့၏တဲရာကို အစွမ်းရှိသမျှနှင့် ကျွန်ုပ်တို့ ကျယ်စေကြရန်ဖြစ်ပါသည်။
            တတိယ - ကျွန်ုပ်တို့၏တဲရာကို အနာရောဂါငြိမ်းသော ယုံကြည်ခြင်းဖြင့် ကျယ်စေကြရန်ဖြစ်သည်။
            ယနေ့တွင် လူအချို့တို့သည် ယုံကြည်ခြင်းဖြင့် အနာရောဂါငြိမ်းစေခြင်းကို စွန့်ပစ်ကြသည်။ သို့သော်လည်း ဘုရားသခင်သည် (ထွက်၊၁၅း၂၆) “ငါသည် သင်တို့၏အနာရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်”ဟု ရှင်းလင်းစွာဖြင့် ပြောပါသည်။
            (ဟေရှာယ၊၅၃း၎) သည်လည်း “သို့သော်လည်း ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်ခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း၊ ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြသည်”ဟု ဆိုသေး၏။
            ယေရှုသည် ယုံကြည်သောသူများအား အထူးအခွင့်အာဏာကိုပေးသည်။ ယေရှုသည် ကောင်းကင်သို့ မတက်ကြွမှီ မာကုခရစ်ဝင်ကျမ်း ၁၆း၁၇-၁၈ ၌ “ယုံကြည်သောသူတို့၌ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ် ကြလတံ့။ ထူးခြားသော ဘာသာစကားမျိုးကို ပြောကြလတံ့။ မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သောအဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပါဒ်နှင့် ကင်းလွင်ကြလတံ့၊ မကျန်းမမာသောသူတို့အပေါ်၌ လက်ကိုတင်၍ ချမ်းသာပေးကြလတံ့ဟု မိန်တော် မူသည်။”
            စတုတ္ထ - ကျွန်ုပ်တို့၏တဲရာကို ကြွယ်ဝချမ်းသာရန်အတွက် ကျယ်စေကြရန်ဖြစ်သည်။
            ယနေ့များစွာသောလူတို့သည် ဆင်းရဲခြင်းပြဿနာနှင့် လုံးပန်းကြရသည်။ အာဖရိက၊ အိန္ဒိယ(သို့)ပါကစ္စတန်သို့ သင်သွားရောက်လည်ပတ်မည်ဆိုပါက ဆင်းရဲခြင်း၏အလွန်စိတ်မချမ်းမြေ့ဘွယ်သော အခြေအနေကို သင်သက်သေခံနိုင်မည်ဖြစ်သည်။ ဆင်းရဲဒု က္ခတွေ့ကြုံခံစားရသောသူများသာလျှင် ဆင်းရဲခြင်းသည် မည်မျှဒုက္ခရောက်သည်ကို သိကြသည်။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ ကျိန်ခြင်းဟူသမျှတို့မှ ကျွန်ုပ်တို့ကို ရွေးနှုတ်ခံခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ပြောပါသည်။
            (၂ကော၊၈း၉)၌ “အကြောင်းမူကား၊ ငါတို့ သခင်ယေရှုခရစ်သည် စည်းစိမ်းရှိသော်လည်း ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။”ဟုဆို၏။
            (ဂလာတိ၊၃း၁၃၊၁၄) ၌လည်း “သစ်တိုင်၌ ဆွဲထားခြင်းကိုခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့် အညီ၊ ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းကို ခံသောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ၊ အကြောင်းမူကား အာဗြဟံခံရသောကောင်းကြီးမရင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍ ငါတို့သည် ကတိတော်နှင့် ယှဉ်သော ၀ိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံရမည်အကြောင်းတည်း” ဟုဆို၏။
            ထိုကြောင့် နတ်ဆိုးသိမ်းယူသွားသော ကြွယ်ဝခြင်း၊ ချမ်းသာခြင်းအတွက် တဲရာကို ယေရှုခရစ်တော်၏ကျေးဇူးတော်အားဖြင့် ကျွန်ုပ်ပြန်လည်ရရှိကြရန်ဖြစ်သည်။ အကျွန်ုပ်တို့သည် ဆင်းရဲခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို အဝေးတွင် ချန်ထားရန်ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကောင်းကြီးမင်္ဂလာနှင့် ပြည့်သောအသက်တာ၌ အသက်ရှင်ကြရန်ဖြစ်ပါသည်။
            နောက်ဆုံးအနေနှင့် -  ကျွန်ုပ်တို့၏တဲရာကို ယေရှုဒုတိယအကြိမ်ကြွလာရန်နှင့် ဘုရားသခင်၏ နိုင်ငံတော်အတွက် ကျယ်စေရန်ဖြစ်သည်။
            ဘုရားသခင်သည် ခရစ်ယာန်များအား ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းနှင့် ပတ်သက်၍ ကတိတော်ကို ရှင်းလင်းစွာပြောပြပါသည်။  (၁သက်၊၄း၁၆-၁၇)၌ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုး တော်ကို မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ချီဆောင်ခြင်းခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေကြလိမ့်မည်” ဟု ဆို၏။
            အထက်ပါအတိုင်း ဘုရားသခင်၏နိုင်ငံတော်၌ အသက်ရှင်ရန် ကျွန်ုပ်တိုပအား ခိုင်လုံသောအာမခံချက်ကိုပေးပြီးဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ထိုတဲရာကို ကျယ်စေကြရန်ဖြစ်သည်။ ယနေ့တွင် စစ်တိုက်ခြင်း၊ အစာငတ်မွတ်ခေါင်းပါးခြင်း၊ မြေငလျင်လှုပ်ခြင်း စသည်တို့သည် ကမ္ဘာမြေပေါ်၌ အစဉ်မပြတ်ဖြစ်နေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နောက်တစ်နေ့အတွက် အာမခံချက်၊ မျှော်လင့်ချက်မထားနိုင်သော ခေတ်ကာလထဲ၌ အသက်ရှင်နေကြသည်။ ထိုသို့သော်အချိန်၌ ကျွန်ုပ်တို့ခရစ်ယာန်တို့သည် ယေရှု၏ဒုတိယအ ကြိမ်ကြွလာခြင်းနှင့် နိုင်ငံတော်အတွက် တဲရာကိုအစွမ်းကုန်ကျယ်စေကာ ပျော်မွေ့ကြရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် အသက်ရှင်ရန်အတွက်မက ကြွယ်ဝသောအသက်တာကို ရရှိစေခြင်းငှါ ယေရှုသည် လောကသို့ကြွလာသည်။ ထိုအသက်တာ၏ နယ်ပယ်အကျယ်အ၀န်း ကို ကျယ်စေခြင်းငှါ ယေရှုသည်ထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံပြီး လက်ဝါးကပ်တိုင်ပေါ်မှာ အသွေးတော်ကို သွန်းလောင်းသည်။ ကယ်တင်ခြင်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ခြင်းအနာရောဂါငြိမ်းခြင်း၊ ကြွယ်ဝခြင်း ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းနှင့် ဘုရားသခင်၏နိုင်ငံတော် စသည်တို့အတွက် တဲရာသည် ကျွန်ုပ်တို့အတွက်ဖြစ်သည်။
            ယေရှုသည် ထိုတဲရာကို ပြင်ဆင်ရန်အတွက် လက်ဝါးကပ်တိုင်ပေါ်၌အသေခံသည်။ ထို့ကြောင့် ယေရှုခရစ်တော်လက်ဝါးကပ်တိုင်၏ ကောင်းမှုကုသိုလ်တို့ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ကျွန်ုပ်တို့ ယုံကြည်ခြင်းနယ်ပယ်ကို ရဲရင့်စွာကျယ်စေကြရန်ဖြစ်ပါသည်။

x x x x x x x x x x x x x x x x x x
## အသက်တာနှင့် နားလည်သိတတ်မှု ##
]]}} ဒေါက်တာဒေးဗစ်ယုံကီချို {{[[

Comments