ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ



(၄)
မျက်နှာသာရရှိစေမယ့် စိတ်ထားကို
မွေးမြူပါ

အိုထာဝရဘုရား၊ ကိုယ်တော်သည်
ဖြောင့်မတ်သောသူကို ကောင်းကြီးပေး၍
ကျေးဇူးတော်အားဖြင့်
ကွယ်ကာစောင့်မတော်မူလိမ့်မည်။
(ဆာ၊ ၅း၁၂)
       
          ဣသရေလလူမျိုးတွေရဲ့ ဒုတိယမြောက်ရှင်ဘုရင်ဒါဝိဒ်ဟာ ကြီးမြတ်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ ဒါပေမယ့် သူဟာ အမှားများစွာကျူးလွန်ခဲ့တယ်။ ဗာသရှေဘနဲ့ပြစ်မှားပြီး သူ့ခင်ပွန်း ဥရိယကို စစ်မြေပြင်မှာ စွန့်ပစ်ထားပြီး သေစေဖို့ ကြံစည်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ခဲ့ပါစေ။ သူဟာ နောင်တရပြီး ခွင့်လွတ်ခြင်းကို တောင်းခံတဲ့အခါ ဘုရားသခင်က သူ့ကို ခွင့်လွှတ်ပြီး ဘ၀သစ်ကိုစတင်ခွင့်ပြုလိုက် ပါတယ်။ ကျမ်းစာထဲမှာ ဒါဝိဒ်နဲ့ပတ်သက်ပြီး ဒီလိုမှတ်တမ်းတင်ခဲ့ပါတယ်။
          “ထိုသူအား သက်သေခံတော်မူလျက် စိတ်နှလုံး၌ညီညွတ်သည်ဖြစ်၍ ငါ့ အလိုကိုပြည့်စုံမည့်သူ၊ ယေရှဲ၏သား ဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။” (တမန်၊ ၁၃း၂၂)။
          ဒီလောက်အပြစ်ကြီးတဲ့သူက ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ဒါဝိဒ်ဟာ သူကျူးလွန်ခဲ့တဲ့အရာ၊ သူ့ရဲ့အမှားတွေကို မျက်မှောက်မပြုခဲ့တာတော့မဟုတ်ဘူး။ ဘုရားသခင်ရဲ့စကားကို သူငြင်းဆန်မိတဲ့အခါ ဒါမှမဟုတ် မှားယွင်းတဲ့ရွေးချယ်မှုကို ပြုမိတဲ့အခါ နောင်တရပြီး မှန်ကန်တဲ့ ဦးတည်ချက်ဘက်ကို ပြန်လှည့်သွားပါတယ်။ မျက်နှာသာရစေမယ့်စိတ်ဓာတ်ကို မွေးမြူပြီး ရှေ့ဆက်ခဲ့တယ်။ ဒါဝိဒ်က ဒီလိုရေး သားခဲ့ပါတယ်။
          “အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့်ဂရုဏာတော်ကို တစ်သက်လုံး ခံစား၍” (ဆာ၊၂၃း၆)။
          ဒါဝိဒ်ဟာ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ ဂရုဏာကို အသက်တာရဲ့ တစ်စိတ်တစ်ပိုင်းအတွက်မဟုတ်ဘဲ တစ်သက်လုံး နေ့တိုင်း၊ အချိန်တိုင်းခံစားရဖို့ မျှော်လင့်ခဲ့တာကို သတိပြုပါ။ ဒါဝိဒ်ရဲ့စိတ်နေသဘောထားက “ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းတွေကနေ လုံးဝရုန်းမထွက်နိုင်တော့ဘူး”လို့ ဆိုလိုတာဖြစ်တယ်။
          ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းက သင့်ကို အခက်အခဲအကျပ်အ တည်းထဲကနေလွတ်မြောက်စေနိုင်တယ်။ ရန်သူကိုတောင် မိတ်ဆွေဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ ကျမ်းစာထဲမှာ အခက်အခဲအကျပ်အတည်းကြားထဲ ကျ ရောက်နေတဲ့သူတွေကို ဘုရားသခင်က သူ့ရဲ့မျက်နှာသာပေးခြင်းအားဖြင့် နည်း လမ်းအသစ်ကို သူတို့ရဲ့လိုအပ်သမျှကို ထောက်ပံ့တာတွေ့ရတယ်။
          ဘုရားသခင်က တလောကလုံးကို ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးဖို့ ဆုံး ဖြတ်တဲ့အခါ နောဧကို သင်္ဘောတစ်စီးဆောက်ဖို့အလုပ်ပေးခဲ့ပါတယ်။ နောဧစဟာ စိတ်ဓာတ်ကျဖို့ သွေးဆောင်ခြင်းခံခဲ့ရမယ်ဆိုတာ သံသယရှိစရာလိုမယ်မထင်ဘူး။ အံ့ဩစရာပါပဲ ကျမ်းစာက ဒီလိုမှတ်တမ်းတင်ထားပါတယ်။
          “နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။” (က၊၆း၈)။
          တစ်နည်းပြောရရင်  နောဧကို ဘုရားသခင်နှစ်သက်တဲ့အတွက် သူ့အပေါ် မှာ မျက်နှာသာပေးခြင်းကို သွန်းလောင်းပြီး နည်းလမ်းအသစ်နဲ့ သာမန်လူတွေ ထက် ထူးခြားတဲ့စွမ်းရည်ကို ပေးခဲ့ပါတယ်။ ဘုရားသခင်က သူ့ကို ကူညီခဲ့ပါတယ်။ သူဟာ သူ့မိသားစု၊ တိရစ္ဆာန်တွေနဲ့၊ သူ့ကိုယ်သူ ကယ်တင်ဖို့ သင်္ဘောကို ဆောက် လုပ်နိုင်ခဲ့ပါတယ်။
          ရုသရဲ့အသက်တာကိုလည်း ဆင်ခြင်ကြည့်ပါ။ သူဟာ အစာရေစာခေါင်း ပါးခြင်းကပ်ဆိုက်ရောက်နေတဲ့တိုင်းတစ်ပါးပြည်မှာ မုဆိုးမဘ၀နဲ့ အသက်ရှင်ခဲ့ရ တယ်။ ရုသနဲ့သူရဲ့ယောက္ခမနောမိဟာ အစာငတ်ပြီး သေဆုံးရတော့မဲ့ အခြေ အနေမှာရှိခဲ့ကြတယ်။ ရုသဟာ နေ့တိုင်း လယ်ကွက်ထဲမှာ ကြွင်းကျန်တဲ့စပါးတွေ ကို လိုက်ကောက်ခဲ့ရတယ်။ ရုသဟာ လယ်ပိုင်ရှင်ဗောဇရဲ့မျက်နှာသာပေးခြင်းကို ခံခဲ့ရတယ်(ရုသ၊၂၀း၁၀)။ ဗောဇကအလုပ်သမားတွေကို ရုသအတွက် စပါးနှံတွေ ချန်ထားဖို့ မိန့်မှာခဲ့ပါတယ်။ အခက်အခဲအကျပ်အတည်း ကျရောက်နေတဲ့အချိန်မှာ ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်း ရောက်ရှိလာတာကို သတိပြုမိတယ်မဟုတ် လား။ မကြာခင်မှာပဲ ရုသနဲ့နောမိတို့ရဲ့ ဘ၀အခြေအနေဟာ ပြောင်းလဲသွားပါ တယ်။ သူတို့လိုအပ်သမျှအတွက် ဘုရားသခင်က ကြွယ်ဝစွာထောက်ပံ့ခဲ့ပါတယ်။
          ရန်သူတွေရဲ့ကြားမှာ ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းခံရတဲ့ နောက် ထပ်ပုဂ္ဂိုလ်တစ်ယောက်ကတော့ ယောသပ်ဖြစ်ပါတယ်။ သူဟာ ကျွန်အဖြစ်အီဂျစ် ပြည်မှာ ရောင်းစားခံရတယ်။ အလွဲသုံးစားပြုခြင်းနဲ့ အခွင့်အရေးအားလုံး လုယူခြင်း ခံခဲ့ရတယ်။ ဒါပေမဲ့ ကျမ်းစာက ဒီလိုဖော်ပြပါတယ်။
          “ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းဟာ ယောသပ်အပေါ်မှာ ရှိတယ်။ (က၊၃၉း၅၊၂၁-၂၂)။ လူတွေက သူ့အပေါ်မှာဘာတွေပဲလုပ်ခဲ့လုပ်ခဲ့၊ သူဟာ ဆက်လက်တိုးပွားခဲ့တယ်။ မတရားစွပ်စွဲခံရပြီး ထောင်ထဲအကျဉ်းချခံရတဲ့အခါမှာ တောင် ဆက်လက်ပြီး အောင်မြင်တိုးပွားခဲ့တယ်။ ဘုရားသခင်က သူ့ရဲ့ဘုန်းတော် ကို ယောသပ်အားဖြင့် အီဂျစ်ပြည်မှာ ထင်ရှားစေခဲ့တယ်။
          အထက်ပါသာဓကတွေကို ကြည့်တဲ့အခါ ဘုရားသခင်ရဲ့မျက်နှာသာပေး ခြင်းဟာ အခက်အခဲအကျပ်အတည်းကြားထဲမှာ သက်ရောက်လာတာကို တွေ့ရပါ တယ်။ ဘ၀ရဲ့စိန်ခေါ်မှုတွေ ကြားထဲမှာ သက်ရောက်လာတာကို တွေ့ရပါတယ်။ သင်ဟာ ယောသပ်ကို အလွဲသုံးစားပြုခြင်းကို ခံရတဲ့အခါ (သို့) ရုသလိုငွေရေး ကြေးရေး၊ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ (သို့) နောဧလို တလောကလုံးရဲ့ ဆန့် ကျင်တိုက်ခိုက်ခြင်းကိုခံရတဲ့အခါ စိတ်ဓာတ်ကျမယ့်အစား သူတို့နည်းတူ ပြန်လည် တုံ့ပြန်မယ့်အစား၊ မျက်နှာသာရရှိစေမယ့်စိတ်ဓာတ်ကို မွေးမြူလိုက်ပါ။ ဒီနေ့ပဲ အစပြုလိုက်ပါ။ ယခုဟာ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်း သင့်အပေါ်သက်ရောက် လာဖို့ အခွင့်ပေးရမယ့်အချိန်ဖြစ်တယ်။ ဒီနေ့ သင်ရင်ဆိုင်နေရတဲ့ စိတ်ခေါ်မှုတွေ အလယ်မှာ ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်း သက်ရောက်လာဖို့ မျှော်လင့်ချက် နဲ့ စတင်ကြွေးကြော်လိုက်ပါ။
          အဖဘုရား၊ ကိုယ်တော့်ဆီက အကောင်းဆုံးအရာတွေကို မျှော်လင့်တတ်ဖို့၊ အရာရာကိုအဆိုးမြင်တဲ့စိတ်နဲ့ကြည့်မယ့်အစား အကောင်းမြင်တဲ့ စိတ်နဲ့ကြည့်တတ် ဖို့၊ မျက်နှာသာပေးခြင်းခံရတဲ့ စိတ်ဓာတ်နဲ့အသက်ရှင်တတ်ဖို့ မစတော်မူပါ။ အခက် အခဲတွေရဲ့အလယ်မှာ ကျရောက်တဲ့အခါမှာတောင် ကျွန်ုပ်မှာ ကိုယ်တော်ရဲ့မျက်နှာ သာပေးခြင်းရှိတယ်။ ကိုယ်တော်က ကျွန်ုပ်ကို ပိုပြီး သန်မာစေတယ်။ ပိုပြီး ကောင်း တဲ့အရာနဲ့ ပိုပြီးအောင်မြင်တိုးပွားစေတယ်ဆိုတာကို ကျွန်ုပ် ယုံကြည်စိတ်ချရဲလာပါ တယ်။


>>> ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ <<<
)> JOEL OSTEEN <( 
}}} ကျော်သူဇင်(မိုင်းဖြတ်) ဘာသာပြန်သည် {{ 

စာအုပ်မှပြန်လည်ကူးယူဖော်ပြသည်။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့