ကမ္ဘာဦးကျမ်းကိုလေ့လာခြင်း ဇာတ်လမ်း (၁၂)



ဇာတ်လမ်း (၁၂) လောတကို အာဗြံ ကယ်ဆယ်ခြင်း

ကမ္ဘာဦးကျမ်း ၁၄း၈-၁၂, ၁၄-၁၆, ၁၈-၂၄
          ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီး၊ အာဓမောမင်းကြီး၊ ဇေဘိုင် မင်းကြီး၊ ဇောရတည်းဟူသော ဗေလာမင်းကြီးတို့သည် ချီထွက်၍၊ စိဒ္ဒိမ်ချိုင့်၌စစ် ပြိုင်ကြ၏။ ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီး တိဒလ၊ ရှိနာ မင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီး အာရုတ်တည်းဟူသော မင်းကြီးလေးပါးနှင့် မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။ ၁၀စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့်ပြည့်သော တွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည် ပြေး၍ ထိုတွင်းများ၌ ကျ သေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။ ၁၁ အောင်သောမင်းတို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့၌ရှိသမျှသောဥစ္စာနှင့်မြို့ရိက္ခာရှိသမျှတို့ကိုယူ၍ သွားကြ ၏။ ၁၂သောဒုံမြို့၌နေသော အာဗြံအစ်ကို့သား လောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
          ၁၄အာဗြံသည် မိမိအစ်ကို့သားကို ဖမ်းသွားကြောင်းကို ကြားလျှင် မိမိအိမ်၌ ဖွား၍ သွန်သင်သောလူသုံးရာတဆယ်ရှစ်ယောက်တို့ကိုစီရင်၍ ဒန်မြို့တိုင်အောင် လိုက်လေ၏။ ၁၅ညဥ့်အခါ မိမိလူတို့ကိုခွဲ၍တိုက်စေသဖြင့် လုပ်ကြံပြီးလျှင် ဒမာ သက်မြို့မြောက်ဘက် ဟောဘမြို့တိုင်အောင်လိုက်ပြန်လေ၏။ ၁၆ရန်သူတို့သိမ်း သွားသော ဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကို့သား လောတနှင့်သူ၏ဥစ္စာကို၎င်း၊ မိန်းမ များနှင့်လူများကို၎င်း တစ်ဖန်ဆောင်ယူခဲ့လေ၏။ ၁၈အမြင့်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်သောရှာလမင်းကြီး မေလခိဇေဒက်သည်လည်း မုန့်နှင့်စပျစ် ရည်ကို ဆောင်ခဲ့ပြီးလျှင်၊ ၁၉ကောင်းကင်မြေကြီးရှင် အမြင့်ဆုံးသောဘုရားသခင် သည် အာဗြံအား ကောင်းချီးပေးတော်မူပါစေသောဟု အာဗြံအားကောင်းကြီးပေး၍ ၂၀ သင်၏ရန်သူတို့ကို သင်၏လက်၌အပ်နှံတော်မူသော အမြင့်ဆုံးသောဘုရားသ ခင်လည်း မင်္ဂလာရှိတော်မူစေသတည်းဟုမြွတ်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသ မျှတို့ကို ထိုမင်းအား ဆယ်ဖို့တစ်ဖို့လှူလေ၏။
          ၂၁သောဒုံမင်းကြီးကလည်း လူတို့ကို ကျွန်ုပ်အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား ကိုယ်တိုင်ယူပါလော့ဟု အာဗြံအား ပြောဆိုလျှင်၊ ၂၂-၂၄ အာဗြံက မင်းကြီးသည် အာ ဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီးသောအရာ ကို၎င်း၊ ကျွန်ုပ်နှင့်အတူလိုက်လာသောသူအာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိ တို့အဖို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့် သူတို့ယူသောအဖို့ကို၎င်း ထား၍ မင်းကြီး ၏ဥစ္စာအပ်ခြည်တစ်မျှင်ဖြစ်စေ၊ ခြေနင်းကြိုးတစ်ပင်ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူ ဟု ကောင်းကင်မြေကြီးရှင် အမြင့်ဆုံးသော ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်သည် လက်ကိုချီ၍ အဓိဋ္ဌာန်ပြုပါပြီဟု သောဒုံမင်းကြီးအားပြောဆိုလေ၏။

အလေးထားအာရုံပြုရန်
          လောတဟာ ဆိုးညစ်တဲ့နေရာမှာနေထိုင်သောကြောင့် ယင်းဒေသလူတွေ ရဲ့ဘ၀နေထိုင်မှုဆိုးကျိုးကိုခံစားယူခဲ့တယ်။ သင်တို့အနေနဲ့ကော လောကလမ်းအ လိုကျလိုက်သောကြောင့် မလိုအပ်တဲ့ထိပ်တိုက်ဖြစ်ခြင်းအထဲ ပစ်ဝင်သွားမလား။
          ဒီမှာ အာဗြံဟာ ရေကောင်းမြေကောင်းကို ရွေးယူသွားတဲ့လောတကို စိတ် မကွက်တာ အံ့ဩဂုဏ်ယူစရာဖြစ်ရပါတယ်။ သူ့စိတ်က ဒုက္ခရောက်သွားတဲ့လော တကို ကူညီဖို့ ရွှင်လန်းနေသေးတယ်။
          အာဗြံဟာ တိုက်ပွဲအတွက် အသင့်ပြင်ဆင်ခဲ့တယ်။ သူ့မှာ မဟာဗျူဟာနဲ့ တိုက်ပွဲဝင်ဖို့အဆင်သင့်၊ အလွန်ဝေးသော်လည်း အောင်မြင်မှုမရမချင်းလိုက်တယ်။ ကျွန်ုပ်တို့လည်းပဲ စာတန်ဖမ်းချုပ်ခေါ်သွားတဲ့လူတွေ၊ ဒါမှမဟုတ် ခရစ်တော်၌ အောင်မြင်ခြင်းမရ ဖြစ်နေတဲ့လူတွေကို သိကြတယ်။ ၀ိညာဉ်တိုက်ပွဲအတွက် ကျွန်ုပ်တို့ကိုယ်တိုင် ဘယ်လိုလက်နက်တပ်ဆင်နေကြရမလဲ။
          ``၁၂အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့ နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်ပြိုင်တိုက်လှန်ရကြ၏။ ၁၃ထိုကြောင့် ခဲယဉ်းဆိုးယုတ်သောနေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့် ကိစ္စအလုံးစုံတို့ကို ပြီးစီး ၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ယူ ဆောင်ကြလော့။ ၁၄သစ္စာတည်းဟူသောခါးပန်းကို စည်းလျက်၊ ဖြောင့်မတ်ခြင်းပါရ မီတည်းဟူသော ရင်အုပ်တန်ဆာကို ၀တ်ဆင်လျက်၊ ၁၅ ငြိမ်သက်ခြင်းနှင့်ယှဉ် သောဧ၀ံဂေလိတရားကို ဟောပြောအံ့သောငှါ ပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။ ၁၆မာရ်နတ်ပစ်ခတ်သောမီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသောလွှားကိုလည်း ခပ်သိမ်းသောလက် နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။ ၁၇ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ၀ိညာဉ်တော်၏ ထားကို၎င်း ယူကြလော့။ ၁၈ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်းပဌနာပြု ခြင်း အမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုဆုတောင်းခြင်းငှါ အားမလျော့ဘဲ လျက်၊ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဖို့ ဆုတောင်းလျက် စောင့်ရှောက်ကြ လော့။´´ (ဧဖက် ၆း၁၂-၁၈)။

ယေရှုသည် မေလခိဇေဒက်ကဲ့သို့ယဇ်ပုရောဟိတ်ဘုရင်
          အာဗြံဟာ ဆိုးညစ်၍လောကဆန်တဲ့ သောဒုံမင်းကြီး ချီးမြှောက်၍ ပေး သောဆုကို ယူဖို့ငြင်းခဲ့ပါတယ်။ ကောင်းကင်နှင့်မြေကြီးကို ပိုင်သသော ဘုရားသ ခင်ဟာ သူလိုသမျှအားလုံး သူ့ကိုပေးနိုင်ကြောင်းသူသိပြီးဖြစ်တယ်။ သူဟာလူပေး တဲ့ ချီးမြှောက်ခြင်းကို မခံယူ။ ဘုရားပေးသည်ကိုသာ ယူလိုတယ်။
          သို့သော် အာဗြံဟာ သူ့ရဲ့ဆယ်ဖို့တစ်ဖို့ကို ရှာလမင်းကြီး မေလခိဇေဒက် ကို ပေးခဲ့ပါတယ်။ (ရှာလင်ဟာ ယေရုရှလင်ဟု ထင်ရတယ်။) ရှာလင်အဓိပ္ပါယ်မှာ `ငြိမ်းချမ်းခြင်း´ဖြစ်ပြီး၊ မေလခိဇေဒက်မှာ `ဖြောင့်မတ်ခြင်းအရှင်ဘုရင်´ဟူ၍ဖြစ်၏။ အာဗြံဟာ သူ့၌ရှိတာ ဆယ်ဖို့တစ်ဖို့ကို ပေးခြင်းအားဖြင့်ကောင်းချီးဖြစ်စေခဲ့ပါတယ်။ ``၁၀ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်စားစရာရှိစေ ခြင်းငှါပြုကြလော့။ ငါသည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီး မင်္ဂလာကို အကုန်အစင် သွန်းလောင်းမည် မသွန်းလောင်မည်ကို ထိုသို့စုံစမ်းကြ လော့ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။´´ (မာလခိ ၃း၁၀)
          ယေရှုခရစ်ဟာလည်း ငြိမ်းချမ်းရေးဘုရင်နှင့် ဖြောင့်မတ်ခြင်းအရှင် ဘုရင် ဖြစ်တယ်။ ကိုယ်တော်ဟာ (ဟေဗြဲ ၇ ဖေါ်ပြချက်ထဲမှာ) မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်ကြောင်းသိရတယ်။ ယေရှုဟာ ကျွန်ုပ်တို့ပေးသောဆယ် ဖို့တစ်ဖို့ကို လက်ခံ၍ ကျွန်ုပ်တို့အား ကောင်းချီးပေးနေပါတယ်။ ယေရှုဟာ သူ့ရဲ့ ကျိုးပဲတဲ့ ခန္ဓာကိုယ်နဲ့အသွေးသွန်းခြင်းအားဖြင့် ကျွန်ုပ်တို့အဖို့ မုန့်နဲ့စပျစ်ရည်ပေး၍
 အသက်ကို၎င်းး၊ အမှုဆောင်ရန် ခွန်အားကို၎င်း ပေးနေပါတယ်။ ယဇ်ပုရောဟိတ် မင်းကြီးဖြစ်တဲ့ ယေရှုဟာ ကျွန်ုပ်တို့အား ခန္ဓာကိုယ်ကို ပေးအပ်ခဲ့ပြီး ၍ ယခုအခါ အမြင့်ဆုံးသော ထာဝရဘုရားသခင်၏ ရှေ့တော်မှောက်၌ ကျွန်ုပ်အတွက် ကိုယ်စားပြုဆုတောင်းပေးခြင်း အမှုတော်ရွက် ဆောင်လျှက်ရှိနေပါတယ်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်မှောက်သို့ ယေရှု အားဖြင့် ရဲရင့်စွာဝင်ရောက်နိုင်ကြပါတယ်။ ကျွန်ုပ်တို့၏အရှင်သခင်ယေရှုသည် အံ့ဩဖွယ်ကောင်းသော ယဇ်ပုရောဟိတ်ဘု ရင်ဖြစ်ပေ၏။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့