ကမ္ဘာဦးကျမ်းကိုလေ့လာခြင်း (၁၃)



ဇာတ်လမ်း (၁၃) အာဗြံအတွက် ဘုရားပဋိညာဉ်ပေးခြင်း
ကမ္ဘာဦးကျမ်း ၁၅း၁,၅-၁၈
          ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့် ထာ ၀ရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ ရောက်၍ အချင်းအာဗြံမစိုးရိမ်နှင့်။ ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန် ကြီးလှ၏ဟု မိန့်တော်မူလျှင်။ အာဗြံကို ပြင်သို့  ထုတ်ဆောင်တော်မူ၍ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေ တွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့် တော်မူ၏။ အာဗြံဥည် ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
          တစ်ဖန် ငါသည် ဤပြည်ကို သင်အမွေခံစရာဘို့ သင့်အားပေးလိုသောငှါ ခါလဒဲပြည်သားတို့နေသောဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရားဖြစ် သည်ဟု မိန့်တော်မူလျှင်၊ အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်အမွေခံရမည် ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ၏။ ထာဝရဘုရားကလည်း သုံးနှစ်အသက်ရှိသော နွားမတစ်ကောင်၊ သုံးနှစ်အသက်ရှိသောဆိတ်မတကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတစ်ကောင်၊ ချိုးတစ်ကောင်၊ ခိုသငယ်တစ်ကောင် တို့ကို ငါဘို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊ ၁၀ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူ၍ တစ်ကောင်တစ်ကောင်ကို ထက်ဝက်စီခွဲပြီးလျှင် ခွဲသောအသားတို့ကို တစ်ဘက် တစ်ချက်၌ထားလေ၏။ ငှက်ကောင်တို့ကိုမခွဲ။ ၁၁ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ဆင်းလာသောအခါ၊ အာဗြံသည် နှင်လေ၏။ ၁၂နေ၀င်သောအခါ အာဗြံ သည် ကြီးသောအိပ်ခြင်းဖြင့် အိပ်ပျော်လျက် ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ် လန့်အိပ်ခြင်းဖြင့် အိပ်ပျော်လျက် ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့်ခြင်းသို့ ရောက်လေ၏။ ၁၃ထာဝရဘုရားကလည်း သင်၏အမျိုးအနွယ်သည် သူတစ်ပါးပိုင် သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့် သူတစ်ပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ခြင်း၊ ညှင်း ဆဲခြင်းတို့ကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။ ၁၄သူ တို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ သူတို့သည် များစွာ သောဥစ္စာနှင့်ထွက်ကြလိမ့်မည်။ ၁၅သင်သည် ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာ သွား လိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ ၁၆ လူမျိုးလေးဆက် လွန်သောအခါ သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသား တို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။
          ၁၇တဖန် နေ၀င်၍ မိုက်သောအခါ ခွဲထားသောအသားအလယ်၌ မီးခိုးထွက် သောမီးဖို၊ မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာလျှောက်သွားလေ၏။ ၁၈ထို နေ့၌ ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ် ကြီးတည်းဟူသော ဥဖရတ်မြစ်တိုင်အောင် ဤပြည်ကို၎င်း . . . ငါအပ်ပေးပြီးဟု မိန့်တော်မူ၏။

ထာဝရဘုရားသည် ငါ၏အကာအကွယ်၊ ငါ၏ဆုလာဘ်ဖြစ်သည်
          အာဗြံဟာ သူတိုက်ခိုက်နှိမ်နှင်းခဲ့တဲ့ဘုရင်တွေ ပြန်လာပြီး သူ့ဆီကို ကလဲ့ စားချေရောက်လာမှာကို အကြောက်ကြီး၍နေနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ သူ့ရဲ့အကာအကွယ်ဖြစ်ရမည်လို့ ကတိပေးခဲ့တယ်။ အာဗြံက လောကမင်းကြီးမှ သူ့အား ချီးမြှောက်ဆုပေးလာတာကို ငြင်းပယ်ခဲ့တယ်။ အခုချိန်မှာ ဘုရားသခင် ဟာ သူ့အတွက်ဆုလာဘ်ဖြစ်တယ်လို့ဆိုလာတော့ အာဗြံက ကလေးဆုပန်ပါတယ် ဘုရားသခင်က သူ့ကိုယ်ပိုင်ကလေးတစ်ယောက်ရ ရမယ်လို့ကတိတော်ပေးပါ တယ်။ ကျွန်ုပ်တို့သည်လည်း မည်သည့်အန္တရာယ်မျိုးကိုမဆို ကြုံရတဲ့အခါတိုင်း ဘု ရားသခင်ဟာ ကျွန်ုပ်တို့ရဲ့အကာအကွယ်ဖြစ်ကြောင်း ကြွေးကြော်နေနိုင်ပါတယ်။ ``ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံး သည် ထိုဘုရားကို ကိုးစား၍ ငါ့ကိုစောင့်မတော်မူသောကြောင့်၊ ငါ့နှလုံးသည် ရွှင် လန်းလျက်ရှိ၏။ သီချင်းဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်းမည်။´´(ဆာလံ ၂၈း၇)။ ``သင်တို့မူကား အားယူကြလော့။ လက်အား မလျော့စေနှင့်။ သင်တို့ကျင့်သည် အတိုင်း အကျိုးကိုခံရကြမည်ဟုမြွတ်ဆို၏။´´(၆ရာ ၁၅း၇)။ ``ဘုရားသခင်အထံ တော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း ယုံကြည်ရမည်။´´(ဟေဗြဲ ၁၁း၆)

အသွေးပဋိညာဉ်
          ရှေးကာလအခါက လူတွေက တစ်လုံးတစ်ဝသဘောတူညီချက်ရဖို့ ``ပဋိ ညာဉ်ပြုချက်သစ္စာ´´ပြုရတယ်။ နှစ်ဦးနှစ်ဖက်တွေ့ကြရင် . . .
          ၁။ အင်္ကျီချွတ်ပေးလိုက်ကြရင် - အဓိပ္ပါယ်က . .
                    ``ကျုပ်မှာရှိတာအကုန် သင့်ကိုပေးမယ်။´´
          ၂။ ဓား၊ ခါးပတ်၊ လေးမြားလက်နက်ကိုချွတ်ပေးလိုက်ကြရင် - အဓိပ္ပါယ်က
                   ``ကျုပ်ရဲ့ ခွန်အားဗလတွေဟာ သင့်အဖို့ဖြစ်တယ်။´´
          ၃။ အမည်နာမ အလဲအလှယ်လုပ်ကြရင် - အဓိပ္ပါယ်က -
                   ``ကျွန်ုပ်ဘ၀ဟာ သင့်အဖို့ ဖြစ်တယ်။´´
          ၄။ အသွေးဖေါက်၍ပြကြရင် - အဓိပ္ပါယ်က -
                   ``ကျွန်ုပ်အသက်ဟာ သင့်အဖို့ဖြစ်တယ်။´´
          ဒီမှာ ဘုရားသခင်သည် အာဗြံနဲ့ အသွေးပဋိညာဉ်လုပ်တာကို ကျွန်ုပ်တို့ တွေ့ရပါတယ်။ ဦးဆုံး အာဗြံကို ဘုရားပြောပါတယ်။ ``ငါသည် သင်၏အကွယ်အ ကာဖြစ်၏။´´ ဒီအဓိပ္ပါယ်ဟာ ဘုရားအစွမ်း၊ ဘုရားခွန်အားကို အာဗြံအသုံးရယူဖို့ ဖြစ်တယ်။ နောက်တစ်ခါ ဘုရားပြောတယ်။ ``သင်၏အကျိုးသည်အလွန်ကြီးလှ ၏။´´ ဒီအဓိပ္ပါယ်ကလည်း ဘုရားသခင်က အာဗြံ လိုအပ်တာတွေအကုန်ပေးမည် ဆိုတာပဲ။ ကမ္ဘာဦးကျမ်းအခန်းကြီး(၁၇) ဇာတ်လမ်း(၁၅)မှာ အာဗြံကို အာဗြဟံဟူ ၍ အမည်သစ်ပေးခဲ့တယ်။ ဘုရားဟာ အာဗြဟံ၏အမည်ကို YAHWEH ဆိုတဲ့ ယေ ဟောဝါ (ငါဖြစ်သည်အတိုင်းငါဖြစ်သည်) နာမတော်အစိတ်အပိုင်းထဲမှာ ပါဝင်စေခဲ့ တယ်။ ဘုရားဟာ အာဗြဟံ၏အမည်ကို ယူ၍ ``အာဗြဟံ၏ဘုရား´´ဆိုပြီး၊ နောင် အခါ ကိုယ်တိုင်ထင်ရှားမှတ်သားစေတော်မူခဲ့တယ်။ နောက်ဆုံးတွင် ယဇ်တင်ပူ ဇော်ထားသော တိရစ္ဆာန်များ နှစ်ပိုင်းခွဲထားပြီး၍ ပဋိညာဉ်ပြုကြသူနှစ်ဦးနှစ်ဖက်တို့ က ထုံးစံရှိသည်အတိုင်း ထိုအသားအပိုင်းနှစ်ပိုင်းအကြား၌ အင်္ဂလိပ်အက္ခရာ 8 ပုံစံ ဖြင့် (ထာဝရသင်္ကေတအမှတ်ဖြင့်) လှည့်ပတ် လမ်းလျှောက်ဝင်ကြရပါတယ်။ ဤ သို့ပြုသည်မှာ ထာဝရပဋိညာဉ်တစ်ရပ်ချုပ်ဆိုခြင်းဖြစ်တယ်။ အာဗြဟံဟာကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်သည်မှာ ဘုရားသခင်နှင့်လောကအလင်းဖြစ်တဲ့ ယေရှုတို့က၊ အာဗြဟံနေရာ၌ ``ပဋိညာဉ်ထွင်းခြင်း´´ကို ပြုလေသည်။
          ဘုရားသခင်အားယုံကြည်သည်ဆိုသည်မှာ ဘုရားကိုနာခံခြင်းအားဖြင့် သက်သေထူရပါတယ်။ အာဗြဟံဟာ ဘုရားကို ယုံကြည်တဲ့အကြောင်းသက်သေခံ ရာတွင် ဘုရားမှာဆိုသောတိရစ္ဆာန်အပေါင်းကို နာခံခြင်းဖြင့် ယူလာသလို၊ အသေ ကောင်ပေါ်ဆင်းလာတဲ့ ငှက်ရဲတို့ကိုလည်း မောင်းထုတ်ခဲ့ပါတယ်။ နောင်အခါ အာဗြဟံဟာ အရေပြားလှီးခြင်းခံ၍ အသွေးပဋိညာဉ်ထဲသို့ဝင်ရောက်ခြင်းဖြင့် ဘု ရားသခင်အားနာခံခြင်းပြရပါလိမ့်မည်။ အာဗြဟံသို့ ဘုရားကတိတော်အားလုံးဟာ ဘုရားပြောခဲ့သည်အတိုင်းလည်း ဖြစ်ခဲ့ပါတယ်။
          ယေရှုကြွလာတော်မူခြင်းဟာ ကျွန်ုပ်တို့အဖို့ ဘုရားနှင့်ဆက်ဆံရေးပဋိ ညာဉ်ထဲသို့ဝင်ရနိုင်ရန်ဖြစ်တယ်။ ယေရှုဟာ ကျွန်ုပ်တို့အပြစ်တွေကို ကိုယ်တိုင်ခံယူ ပြီး၊ သူ့ဖြောင့်မတ်ခြင်းဝတ်စုံကို ကျွန်ုပ်တို့အပေါ်ဝတ်ဆင်ပေးခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ အားနည်းခြင်းများဟာ ယေရှုအစွမ်းနှင့်အားပြည့်စေပါတယ်။ ကျွန်ုပ်တို့အား ၀ိညာဉ် တော်ဓားကိုပေးထား၍ ရန်သူအပေါ်၌အုပ်စိုးရခြင်းရှိစေတယ်။ ကျွန်ုပ်တို့ကို သူ့ရဲ့ထာဝရ၊ ကျွန်ုပ်တို့ရဲ့လည်း ထာဝရအမြဲရှိနေမည်လို့ ကတိပေးပါတယ်။ ကျွန်ုပ်တို့အတွက် အသွေးတော်သွန်းခဲ့တယ်။ အသက်ကို အသေခံပေးခဲ့တယ်။ မိတ်ဆွေလို့လည်း သတ်မှတ်ခေါ်ဆိုခဲ့တယ်။ အံ့ဩဖွယ်ဒီအပေးအယူအထဲကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ဝင်ရတယ်။ အာဗြဟံ ပြုလုပ်ခဲ့သည်အတိုင်းပါပဲ။ ``၂၉ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ ကတိတော်အ တိုင်း အမွေခံ၏အရာ၌တည်ကြ၏။´´(ဂလာတိ ၃း၂၉)။ ကျွန်ုပ်တို့အား ကတိထား တဲ့ ဘုရားနှုတ်ကပတ်တော်ဟာလည်း ဖြစ်လာပါလိမ့်မယ်။ ``ယုံကြည်ခြင်းရှိ သောသူသည် အာဗြဟံ၏သားဖြစ်သည်ဟု အမှန်သိမှတ်ကြလော့။´´(ဂလာတိ ၃း၇)။ ``သို့ဖြစ်၍ ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သောအာဗြဟံနှင့်အ တူ ကောင်းချီးမင်္ဂလာကိုခံရကြ၏။´´(ဂလာတိ ၃း၉)။
          ကျွန်ုပ်တို့ ဘာတုံ့ပြန်ပြုမူသင့်သလဲ။ ယုံကြည်ခြင်းသက်သေခံလား။ `` ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ် သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ် သောဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကို ထောက်ထား၍ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေး၏။´´(ရောမ ၁၂း၁)။ ခပ်မြင့်မြင့် ခေါ်ယူခြင်းမ ဟုတ်ပါလား။ အာဗြဟံကဲ့သို့ ကျွန်ုပတို့သည်လည်း ဘုရားအကြံအစည်တော်ကို ဟန့်တားနှောင့်ယှက်လာနိုင်တဲ့ ``ငှက်ရဲကောင်´´လို ဘာကိုမဆို မောင်းထုတ်ပစ် ဖို့ အရေး အရာအားလုံးကို ကျွန်ုပ်တို့လုပ်ကြရမယ်။
          ``ထိုကြောင့် ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။ ဘုရား သခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။ . . .  သင်တို့လက်ကို စင်ကြယ်စေကြလော့။ . . . . သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြ လော့။´´(ယာကုပ် ၄း၇-၈)။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့