ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ



အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ပါနဲ့

ကိုယ်တော်သည်
သူတို့အစွမ်းသတ္တိ၏ဘုန်းဖြစ်တော်မူ၏။
ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏
ဦးချိုသည် ချီးမြှောက်လျက်ရှိပါ၏။
(ဆာလံ၊ ၈၉း၁၇)
       
          တစ်ခါက ဒီဇယ်စက်အမျိုးစားထုတ်လုပ်ရောင်းချတဲ့ဆိုင်ကြီးတစ်ခုမှာ နှစ်ပေါင်း အတန်ကြာမတရားခွဲခြားဆက်ဆံရတဲ့ စက်ဆရာတစ်ယောက်ကို တွေ့ဆုံခဲ့ရတယ်။ သူဟာ လုပ်ဖော်ဆောင်ဖက်တွေရဲ့အမျိုးမျိုးပြက်ရယ်ပြုခြင်းကို အမြဲခံစားရတယ်။ သူဟာ အားလုံးထဲမှာ အတော်ဆုံး စက်ပြင်သမားဖြစ်တယ်။ ဒါပေမဲ့ လုပ်သက်(၇)နှစ်ကြာလာတဲ့ တိုင် လစာတိုးမြှင့်ခြင်းမခံရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ကြီးကြပ်ရေးမှူးက သူ့ကို မကြိုက်တဲ့အတွက်ဖြစ်တယ်။
            သူဟာ ခါးသီးနိုင်ပါတယ်။ အလုပ်ထွက်ပြီး အခြားအလုပ်တစ်ခုကို ရှာဖွေနိုင်ပါ တယ်။ လောကကြီးကို အရွဲ့တိုက်နိုင်ပါတယ်။ ဒါပေမဲ့ သူအဲဒီလိုမလုပ်ခဲ့ဘူး။ အကောင်း ဆုံးဖြစ်ဖို့ ဆက်လက်ကြိုးပမ်းခဲ့တယ်။ ကြီးကြပ်ရေးမှူးကျေနပ်အောင်လုပ်ဖို့ မလိုဘူး။ ဘုရားသခင်ကိုကျေနပ်အောင်လုပ်ဖို့ပဲလိုတယ်ဆိုတာကို သူသိတယ်။
            တစ်နေ့မှာ အလုပ်ရှင်က သူ့ကို ခေါ်တွေ့ပါတယ်။ အလုပ်ရှင်နဲ့သူတစ်ခါမှ မျက်နှာ ချင်းဆိုင်မတွေ့ခဲ့ဖူးဘူး။ အလုပ်ရှင်သူဌေးခေါ်တွေ့ရတဲ့အကြောင်းရင်းက သူ အလုပ်ကနေ အနားယူတော့မှာဖြစ်တဲ့အတွက် စိတ်ချရတဲ့သူတစ်ယောက်ကို လုပ်ငန်းလက်လွှဲပေးဖို့ရှာ ဖွေတဲ့အခါ သူ့ကိုလက်လွှဲဖို့ဆုံးဖြတ်တဲ့အကြောင်း အသိပေးဖို့ပဲဖြစ်တယ်။
            ဒီနေ့ အဲဒီစက်ပြင်သမားဟာ ကုမ္ပဏီပိုင်ရှင်ဖြစ်နေပြီ။ မိတ်ဆွေ၊ အဲဒါဟာ ဘုရား သခင်ယူဆောင်လာတဲ့တရားမျှတခြင်းပဲ ဖြစ်တယ်။ အဲဒါ ဘုရားသခင်က သူ့ကို ပြန်ပြီးပေး ဆပ်ခဲ့တာဖြစ်တယ်။ ဘုရားသခင်က မိတ်ဆွေကိုလည်း အဲဒီလိုဖြစ်စေချင်ပါတယ်။
            ကျွန်ုပ်တို့တောင်းဆိုနိုင်တာထက်၊ စဉ်းစားနိုင်တာထက်ပိုပြီး လုပ်ပေးချင်တဲ့ ဘုရားသခင်ကို အစေခံနေကြတယ်ဆိုတာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ လူတွေ က သင့်အပေါ်ဘယ်လိုဆက်ဆံကြသလဲဆိုတာကို ဂရုမစိုက်ပါနဲ့။ အကောင်းဆုံးသာ ဆက် လက်လုပ်ဆောင်ပါ။ ပြန်မတိုက်ခိုက်ပါနဲ့။ ဒေါသမထွက်ပါနဲ့။ ရန်ငြိုးမထားပါနဲ့။ အဆိုးကို အဆိုးနဲ့မတုံ့ပြန်ပါနဲ့။
            ခွင့်လွှတ်လိုက်ပါ။ မေတ္တာနဲ့ပဲ တုံ့ပြန်လိုက်ပါ။ အဲဒီလိုပြုမူမယ်ဆိုရင်အချိန်တန်တဲ့ အခါ ဘုရားသခင်က သင့်ကို တိုးမြှင့်ပေးပါလိမ့်မယ်။ သင်အနစ်နာခံခဲ့သမျှအရာအားလုံး အတွက် ဘုရားသခင်က သင့်ကို ပြန်ဆပ်ပေးပါလိမ့်မယ်။ သင် မျှော်လင့်ထားတာထက် ပို ပြီးများပြားတဲ့အရာကို ပြင်ဆင်ပေးပါလိမ့်မယ်။ သင်လိုအပ်နေတာထက် ပိုလျှံအောင် ပြင် ဆင်ပေးပါလိမ့်မယ်။ ဘုရားသခင် တစ်ချက်တည်းတို့ထိလိုက်တာနဲ့ သင့်ရဲ့အခြေအနေတွေ အားလုံးပြောင်းလဲသွားနိုင်တယ်ဆိုတာ သတိရပါ။ ဒီနေ့ သင့်အသက်တာအတွက် သူ့ရဲ့အ ကြံအစည်ကို ယုံကြည်စိတ်ချပါ။ သင့်ရဲ့ကိုယ်ပိုင်အစီအစဉ်တွေထက် ဘုရားသခင်ရဲ့ အစီ အစဉ်ကို ရွေးချယ်လိုက်ပါ။ သူ့ရဲ့တို့ထိခြင်း မျက်နှာသာထဲမှာ ကျင်လည်ဖို့ စတင်လိုက်ပါ။

            အဖဘုရား၊ ကိုယ်တော်ရဲ့တစ်ချက်တို့ထိခြင်းက ကျွန်ုပ်ရဲ့ဘ၀အခြေအနေကို ပြောင်းလဲစေနိုင်တယ်ဆိုတာ ကျွန်ုပ်သိပါပြီ။ ကျွန်ုပ်အတွက်သဘာဝလွန်မျက်နှာသာပေးခြင်း ကို သွန်းလောင်းဖို့ ကိုယ်တော်အသင့်ရှိနေတယ်ဆိုတာ ကျွန်ုပ်ယုံကြည်ပါတယ်။ ကိုယ်တော့် ကြောင့် ကျွန်ုပ်အသက်တာထဲမှာ ကောင်းတဲ့အရာတွေ တစ်ခုပြီးတစ်ခုအဆက်မပြတ် သက် ရောက်လာမယ်ဆိုတာကို မျှော်လင့်လို့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။


>>> ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ <<<
)> JOEL OSTEEN <( 
}}} ကျော်သူဇင်(မိုင်းဖြတ်) ဘာသာပြန်သည် {{ 

စာအုပ်မှပြန်လည်ကူးယူဖော်ပြသည်။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့