ကမ္ဘာဦးကျမ်းကို လေ့လာခြင်း (၁၅)



ဇာတ်လမ်း (၁၅) အရေဖျားလှီးခြင်းဟာဘုရားပဋိညာဉ်အမှတ်အသား

ကမ္ဘာဦးကျမ်း ၁၇း ၁ - ၅, ၁၀, ၁၅ - ၁၆, ၂၃
          ထိုနောက် အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘု ရားသည် အာဗြံအား ထင်ရှားတော်မူ၍ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာသွားလာ၍ စုံလင်ခြင်းရှိလော့။ ငါ၏ပဋိညာဉ်ကို သင်နှင့်ငါပြုမည်။ သင့် ကို ငါ အလွန်များပြားစေမည်ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း ပြပ်ဝပ်လျင် ဘု ရားသခင်က၊ ငါပြုသောပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန် သင်၏အမည်ကို အာဗြံဟု မခေါ်ရ။ သင်၏အ မည်ကို အာဗြဟံ ဟုခေါ်ရ၏။ အကြောင်းမူကား ငါသည် သင့်ကို များစွာသောလူအ မျိုးတို့၏အဘအရာ၌ ခန့်ထားပြီ။. . . ၁၀သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအ နွယ်သည် ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား သင်တို့တွင် ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။. .၁၅တဖန်ဘုရားသခင်က သင် ၏ မယားစာရဲကိုမူကား၊ စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာ ဟူသောအမည် ဖြင့် ခေါ်ရ၏။ ၁၆သူ့ကိုငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင်အားသားကို ပေးမည်။ အကယ်စင်စစ် သူ့ကို ကောင်းကြီးပေး၍ သူသည် လူအမျိုးမျိုးဖြစ်လိမ့် မည်။ သူ၏အမျိုးအနွယ်၌လည်း အပြည်ပြည်သောရှင်ဘုရင်ဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏။ . . . ၂၃အာဗြဟံသည်လည်း သားဣရှမေလမှစ၍ ကိုယ်အိမ်၌ဖွားသောသူအပေါင်း၊ ကိုယ်ငွေနှင့်ဝယ်သောသူအပေါင်းတည်းဟူသော အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကို ယူ၍ ဘုရားသခင်မိန့်တော်မူ သည်အတိုင်း တစ်နေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာ ကို ပေးလေ၏။

အလေးထားအာရုံပြုရန်
          ဘုရားက သားတစ်ယောက်ပေးမည်ဆိုတဲ့ကတိတော်ကို ပြည့်စေဖို့ အာဗြံ ကြိုးစားနေပြခဲ့တာ (၁၃) နှစ်ကြာပြီးတဲ့အခါ ဘုရားက အာဗြံကို စကားထပ်ပြောခဲ့ တယ်။ဘုရားသခင်က သူဟာ အနန္တတန်ခိုးတော်ရှင်ဖြစ်ကြောင်း၊ ကတိတော်ပေးခဲ့ တာကို ပြည့်စုံစေအောင် အချိန်မရွေးလုပ်ပေးနိုင်သည်ကို ပြောခဲ့တယ်။ အာဗြံကို လည်း ဘုရားရှေ့၌ စုံလင်စွာ သွားလာနေထိုင်ရန် မိန့်တော်မူခဲ့တယ်။ ကျွန်ုပ်တို့လူ တွေဆိုတာ ဘုရားအရှေ့ တစ်လှမ်းချင်းသွားလာနေထိုင်ပါမှသာလျှင်၊ ရင့်ကျက် လာပြီး၊ ပြည့်ဝလာကြမှာပါ။ သင်တို့ဘ၀အထဲမှာ အနန္တတန်ခိုးတော်ရှင်လက်ထဲပုံ အပ်လိုက်ဖို့လိုတဲ့အမူအရာတွေများရှိပါသလား။ အဲဒါကို ကိုယ်ဟာကိုယ်လုပ်နေ တာ ရပ်လိုက်ပါ။ သင် စိတ်ပူပင်နေတာတွေအားလုံးကို ရေးချလိုက်ပါ။ ဘုရားကို အပ်နှံလိုက်ပါ။ ``ကိုယ်အမှုအရာကို ထာဝရဘုရား၌အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။´´(ဆာလံ ၃၇း၅)။
          ဘုရားသခင်ဆီက အမည်သစ်ရဖို့ အာဗြံ ဘာခြေလှမ်းနဲ့လှမ်းခဲ့ရသလဲ။ အာဗြံဆိုတဲ့အဓိပ္ပါယ်က ``လူအများရဲ့ဖခင်´´လို့ဆိုတယ်။ ဒါနဲ့ အာဗြံဟာ သူစီမံ ချက်နဲ့ သူ့ကိုယ်ပိုင်သားတစ်ယောက်သာရလိုက်တဲ့အတွက် အဲဒီအမည်နဲ့ဆို စိတ် ကသိကအောက် ဖြစ်သွားခဲ့သလား။ အခု သူ့အမည်သစ်က အာဗြဟံဖြစ်လာတော့ အဓိပ္ပါယ်က ``မြောက်များစွာသောလူများ၏ဖခင်´´လို့ဆိုတယ်။ ကြည့်စမ်းဘုရား သခင်ဟာ ကျွနု်ပ်တို့ရဲ့ ယုံကြည်ခြင်းကို မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ မျက်နှာစာမှာပင် ဆွဲဆန့်ထုတ်ချင်နေပါတယ်။
          အာဗြဟံဟာ ဘုရားသခင်နှင့်ပဋိညာဉ်တည်စေလိုတဲ့အနေနဲ့ အိမ်ကရှိသ မျှယောက်ျားအပေါင်းတို့ကို အရေဖျားလှီးရမည်ဆိုတဲ့ ဘုရားမိန့်တော်မူခြင်းကို ချက်ချင်း အာဗြဟံ လိုက်လုပ်ခဲ့ပါတယ်။
          အရေဖျားလှီးတယ်ဆိုတာ တကယ်ပဲလက်တွေ့ အသားကို လှီးဖြတ်ရတာ ပါ။ ၀ိညာဉ်ရေးမှာလည်း အရေးပါတာရှိပါတယ်။ ၀ိညာဉ်ရေး၌ အရေဖျားလှီးတယ် ဆိုရာမှာ ဘုရားသခင်မှ ၀ိညာဉ်ခွဲစိတ်ခြင်းနဲ့ ဘုရားက လုပ်ပေးတာ။ လူကလုပ်တာ မဟုတ်။ ကျွန်ုပ်တို့ရဲ့ အပြစ်လုပ်ချင်တဲ့ဇာတိစိတ်ကို လှီးဖြတ်ပစ်တာဖြစ်လို့ လူ့အ သားလှီးဖြတ်ခြင်းမရှိတော့ပါဘူး။ ``သင်သည် အသက်ရှင်မည်အကြောင်း သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်စေခြင်းငှါ သင့်နှလုံးနှင့် သင့် အမျိုး၏နှလုံးအရေဖျားကို လှီးဖြတ်တော်မူလိမ့်မည်။´´(တရား ၃၀း၆)။ သင်ဟာ ဘုရားသားတစ်ယောက်ဖြစ်လာတာကိုပြတာ အပြင်ပန်းအရေဖျားလှီးဖြတ်ခြင်း ကြောင့်မဟုတ်ဘဲ၊ အတွင်းပိုင်းမှ ပြုသောအမှုတော်ကြောင့်ဖြစ်တယ်။ ``အရေဖျား လှီးခြင်းသည်လည်း ကျမ်းဟောင်းတရား အားဖြင့်မဟုတ်ဘဲ၊ ၀ိညာဉ်တော်တရား အားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။´´(ရောမ ၂း၂၉)။ ကျွန်ုပ်တို့ဟာ ခရစ်တော်၌ပြည့် စုံ၍ စုံလင်ခြင်းရှိခဲ့ပါတယ်။ ``၁၁ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပက တိအပြစ်၏ ကိုယ်ကို ပယ်ရှင်း၍ လက်ဖြင့်မလုပ်သောအရေဖျားလှီးခြင်းကို ထိုသ ခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊ ၁၂ဗတ္တိဇံအားဖြင့် ထိုသခင်နှင့် အတူသင်္ဂြိုဟ် ခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့် ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့် အတူထမြောက်ခြင်းသို့ ရောက်ကြ၏။´´(ကော၊ ၂း၁၁-၁၂)။ လက်ဝါးကပ်တိုင်ပေါ် မှာ ခရစ်တော်အသေခံတော်မူခဲ့ခြင်းဟာ ကျွန်ုပ်တို့ရဲ့ဘ၀ဟောင်းအပြစ်ခန္ဓာကိုယ် သည် သေရန်တတ်နိုင်ပါသည်။ ခရစ်တော်ပြန်လည် အသက်ရှင်မှုဟာလည်း ဘ၀ အသစ်ဖြင့် ကျွန်ုပ်တို့ နေနိုင်ရန် အင်အားဖြစ်စေပါတယ်။ ကျွန်ုပ်တို့ဟာ အပြစ်၏ ကျေးကျွန်အဖြစ် ဘယ်တော့မှ ပြန်မရောက်တော့ပါ။ ``ထိုကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ် မက်ခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသောမြေ ကြီးပေါ်မှာ ရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။ ယခုမူကား၊ ထို အမှုအလုံးစုံတို့ကို၎င်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူးသောစကားကို သုံးခြင်းတို့ကို၎င်း၊ သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။အချင်းချင်းမုသာစကားကို မပြောမသုံးကြနှင့်။ အကြောင်းမူ ကား၊ သင်တို့သည် လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကို ချွတ်ပယ်၍၊ ၁၀ဖန်ဆင်းတော်မူသော သူ၏ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ် ပြုပြင်သောလူသစ်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။´´(ကော၊ ၃း၅,၈-၁၀) ``မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်း၊ လော ဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားမျှ ဖြင့် မဆက်ဆံကြနှင့်။ မတော်မလျော်သောညစ်ညူးပြက်ပြယ် ပြက်ယယ်သောစ ကားများကိုလည်း ပယ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။ မတ ရာသောမေထုန်၌မှီဝဲသောသူ၊ ညစ်ညူးစွာပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ ဖြစ်သော လောဘလွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသ ခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့သိကြ၏။´´(ဧ၊ ၅း၃-၅)။ ``ဒါဝိဒ်သည် ရည်မှတ်၍ဆိုသည်ကား၊ အပြစ်မှလွတ်ခြင်းဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက် သောသူတို့သည် မင်္ဂလာရှိကြ၏။´´(ရောမ ၄း၇)။ သူပြောတာ ကိုယ့်ဟာကိုယ် ဖြောင့်မတ်စွာမနေနိုင်တဲ့လူဟာ ဘုရားသခင်က အပြစ်မရှိကြောင်းမှတ်ယူတော်မူ သည်အတွက် မင်္ဂလာရှိတယ်လို့ပြောတာဖြစ်တယ်။ ကျွန်ုပ်တို့လေ့လာလိုက်ရတာ က အာဗြဟံဟာ အရေဖျားလှီးခဲ့တဲအတွက် ဖြောင့်မတ်တယ်လို့ မှတ်ယူခံရတာမ ဟုတ်ဘူး။ ယုံကြည်ခြင်းကြောင့်သာဖြစ်တယ်။ ဘုရားကအာဗြဟံကို ဖြောင့်မတ် တယ်လို့ မှတ်ယူပြီး၊ တံဆိပ်ခတ်တော်မူပြီးနောက်မှသာ အရေဖျားလှီးခြင်းကို အာ ဗြဟံပြုခဲ့တာဖြစ်တယ်။ ``၁၁အရေဖျားလှီးခြင်းကိုမခံဘဲ ယုံကြည်သောသူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်းရှိစေခြင်းငှါ၊ ၁၂ငါတို့အဘ အာဗြဟံ သည် ထိုသူအပေါင်းတို့၏အဘ ဖြစ်အံ့သောငှါ၎င်း၊ အရေးဖျားလှီးခြင်းကို ခံသည် သာမက ငါတို့အဘ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမီရှိသောယုံကြည်ခြင်း လမ်းသို့ လိုက်သောသူတို့၏အဘဖြစ်အံ့သောငှါ၎င်း၊ အာဗြဟံသည် အရေဖျားလှီး ခြင်းကို မခံမီရှိသောယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်းတံဆိပ်တည်းဟူသော အရေ ဖျားလှီးခြင်း၏လက္ခဏာကိုခံရသတည်း။´´(ရောမ ၄း၁၁-၁၂)။ ကျွန်ုပ်တို့ဟာ ကိုယ် ၌မကောင်းတဲ့အကျင့်များကို ဖြတ်တောက်လှီးဖြတ်ပြီး ကိုယ့်ဟာကိုယ် ဖြောင့်မတ် တယ်ပြောလို့မရနိုင်ပါဘူး။ ခရစ်တော်ဆီ အပြစ်သားတစ်ယောက်အနေနဲ့ ကျွန်ုပ်တို့ ရောက်လာပြီး၊ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏ဖြောင့်မတ်ခြင်းဆုကျေးဇူးကို လက်ခံရယူဖို့လိုတယ်။ ယေရှုဟာ ကျွန်ုပ်တို့၏အပြစ်များကိုယူ၍ အသေခံပေးခဲ့တဲ့ အကြောင်းကို လက်ခံယုံကြည်လိုက်တဲ့အခါ၊ ကျွန်ုပ်တို့အပြစ်လုပ်ထားတာတွေအ ကုန်၊ ခရစ်တော်နဲ့အတူ ကားတိုင်ပေါ်တင်၍အပြစ်လည်း ခွင့်လွတ်ခြင်းခံရပြီဖြစ် ကြောင်းကို ယုံကြည်ခြင်းနှင့် လက်ခံလာကြရပါတယ်။ ဆက်ပြီး ကျွန်ုပ်တို့ဘ၀၌အ ပြစ်ထပ်လုပ်မိကြောင်းသိလိုက်ရင်၊ ဒါမှမဟုတ် ဘုရားမကြိုက်တာတစ်ခုခုလုပ် လိုက်မိပြီဆိုရင်၊ လက်ဝါးကပ်တိုင်ပေါ်ကို တစ်ဖန်ပြန်တက်၍ မိမိကိုယ်မိမိ သေပြီ လို့မှတ်ရပါမယ်။ ဒါက ယေရှု၏အသက်ပြန်ရှင်ထမြောက်ခြင်းတန်ခိုးဟာ ကျွန်ုပ်တို့ ထံ သက်ရောက်လာတာကြောင့် ကျွန်ုပ်တို့သည်လည်း ဖြောင့်မတ်ခြင်းနဲ့ ဘုရား သခင်ကို ကျွန်ုပ်တို့လွတ်လွတ်လပ်လပ်အစေခံဖို့ ဖြစ်လာစေပါတယ်။ ``ဘုရားသ ခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍ ဇာတိပကတိအတိုင်းမ ကျင့်၊ ၀ိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏။ ယေရှုခရစ်၌တည်၍အသက်ရှင်စေသောဝိညာဉ်တော်၏တရားသည် အပြစ်တရား ၏လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကို ကယ်လွှတ်ပြီ။. . .၁၃သင်တို့ သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင် သေရကြမည်။ ၀ိညာဉ်တော်တော် အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။´´ (ရောမ ၈း၁-၂,၁၃)။ ခရစ်တော်၏ဖြောင့်မတ်ခြင်းဟာ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ် တို့ရပြီးဖြစ်တယ်။ ဒါပေမဲ့ အရေးကြီးတာက ပညတ်တော်ချက်များကို ဘာမဆို ကျွန်ုပ်တို့၌ရသောဝိညာဉ်တန်ခိုးအားဖြင့် လှီးဖြတ်ယူပြီးကြောင်းသည် ဘုရားသခင် နှင့် ကျွန်ုပ်တို့၏ပဋိညာဉ်ပြုခြင်း အမှတ်သင်္ကေတဖြစ်နေစေရမယ်။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့