အသက်တာနှင့် နားလည်သိတတ်မှု



အခန်း (၁၁)
ယုံကြည်ခြင်းဖြင့် အသက်ရှင်နည်း
(ဟေဗြဲ၊ ၁၁း၁-၆)
====================================
            “ယုံကြည်ခြင်းဖြင့် အသက်ရှင်နည်း” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ ယနေ့အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေဗြဲ၊၁၁း၁-၆) ဖြစ်ပါသည်။
            ယနေ့ လူတို့သည် သိပ္ပံပညာနှင့် ဆင်ခြင်တွေးခေါ်ခြင်းကြီးစိုးသောခေတ်၌ အသက်ရှင်နေရကြသည်။ ၎င်းသည် လူကိုဗဟိုပြုသော ယုံကြည်ချက်များ၌သာ အခြေပြုသည့် သိပ္ပံ ပညာ၏ ဆင်ခြင်တွေးခေါ်ခြင်း အစွမ်းတို့ဖြင့် ကောင်းကင်ဘုံကို တည်ဆောက်လုနီးပါး အမှောင်ဖုံးသော အ၀ိဇာအောက်ရှိလူကို ဗဟိုပြုသော ယဉ်ကျေးမှု၌ ဖခင်များစွာရှိနေသည်။ သို့ ဖြစ်သော်လည်း ယနေ့လောကကြီးသည် မုန်းတီးခြင်း၊ မယုံကြည်ခြင်းစသည်တို့ဖြင့် လွှမ်းမိုးနေသည်။ လောကကမ္ဘာကြီး၏ အပြစ်ဒုစရိုက်သည် အထွဋ်အထိပ်သို့ ရောက်နေပါသည်။ သေခြင်းတရားသည် နေရာတကာ၌ ချောင်းမြောင်းနေသည်။
            ၎င်းသည် အကျိုးအဆက်အဖြစ် လူသည် မိမိ အသက်ရှင်ရခြင်း၏ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်ကို မသိခြင်းပင်ဖြစ်သည်။ မိမိအပေါ်၌ ပျက်ဆီးခြင်းကျရောက်စေပြီး ဘ၀ကို အဆုံးသတ်စေမည့် စစ်ကို ကြောက်ရွံ့ကာ တုန်လှုပ်ကြသည်။ ထိုသို့ အခြေအနေ ရောက်သောအခါ စိုးရိမ်ကြောက်ရွံ့ခြင်း ကင်းပြီး ကြွယ်ဝသောအသက်တာ၌ အသက်ရှင်ရန်အတွက် ဘုရားသခင်ရှေ့တော်၌ အမှန်တကယ် နောင်တရကာ ရန်ငြိမ်းခြင်းကို ပြုပြီး ဘုရားသခင်ကို ဗဟိုပြု ယုံကြည်ခြင်းအသက်တာ၌ အသက်ရှင်ရန်လိုသည်။
            (ဟေဗြဲ၊၁၀း၃၈)၌ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း ရွေ့လျော့လျှင် ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သိမ့်ခြင်းမရှိ” ဟုဆို၏။
            ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် မည်သို့အသက်ရှင်နိုင်ကြမည်နည်း။   
            ပထမဦးဆုံး - ယုံကြည်ခြင်းနှင့် အသက်ရှင်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ အသက်တာ၌ သန့်ရှင်းသော ၀ိညာဉ်တော်ကို လက်ခံရကြမည်ဖြစ်သည်။
            ယုံကြည်ခြင်းသည် သန့်ရှင်းသော ၀ိညာဉ်တော်ပြသမည့် အသိပညာဖြင့်သာရရှိနိုင်မည်။ သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် ယေရှုကို၎င်း၊ ဘုရားသခင်ကို၎င်း သိလာသော အခါမှသာ ကျွန်ုပ်တို့၌ ယုံကြည်ခြင်းရှိလာနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ယုံကြည်ခြင်းအားဖြင့် နက်နဲစွာအသက်ရှင်လိုပါက သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝကြရန်ဖြစ်သည်။ ကျွန်ုပ်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ဦးဆောင်ရန်လိုသည်။ ထိုသို့ပြုလုပ်ရခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို တိတိကျကျ သိကျွမ်းလာမည်ဖြစ်သည်။
            သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အပေါ်သို့ သက်ရောက်ရခြင်းမှာ ဩတပ္ပစိတ်မှ နေ၍ ကျွန်ုပ်တို့၏အပြစ်များကို ဖေါ်ပြရန် နောင်တရစေပြီး ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်စေရန်ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှုကြောင့် ကျွန်ုပ်တို့သည် နောင်တရပြီး ဘုရားသခင်ထံတော်သို့လာပါ သန့်ရှင်းသောဝိညာဉ်တော် သည် ယေရှုကို ယုံကြည်ရန် မစသွားမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏၀ိညာဉ်ကို သန့်ရှင်းသောဗိမာန်တော်ဖြစ်စေပြီး ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်မည်ဖြစ် သည်။ ထို့နောက် ကျွန်ုပ်တို့သည် ဘုရားသခင်၏သားဖြစ်ကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏၀ိညာဉ်နှင့်အတူ သက်သေခံမည်။
            သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့် အဆက်မပြတ်မိတ်သဟာရဖွဲ့ခြင်းဖြင့် ကျွန်ုပ်တို့မိသားစု တစ်ယောက်နှင့်တစ်ယောက်ချစ်ခင်စွာ ပေါင်းသင်းဆက်ဆံရန် အတွက် မှန်ကန်စွာ မိတ်သဟာရဖွဲ့ခြင်းကို ပြုသကဲ့သို့ဖြစ်သည်။ လူမှုရေး၌ အဆင်ပြေစွာ ဆက်ဆံပေါင်းသင်းနိုင်ရန်အတွက် အခြားသောသူများအပေါ်၌ မိတ်ဆွေသဘောထားရှိသကဲ့ သို့ ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဘုရားသဘာဝအတိုင်းမှန်ကန်စွာ ပေါင်းသင်းဆက်ဆံတတ်မှသာ နက်ရှိုင်းသော မိတ်သဟာယကို တည်ဆောက်ကြမည် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ကို သီအိုလော်ဂျီတစ်ခုအနေဖြင့်သာ ထင်မြင်ပြီး “ငါနှင့်သူ” ဆက်ဆံသကဲ့သို့သာ ပေါင်းသင်းဆက်ဆံရန် သင်ကြိုးစားပါက သင်သည် နက်နဲသော ယုံကြည်ခြင်းအသက်တာ၌ မည်သည့်အခါမျှ ရှင်နိုင်မည်မဟုတ်ပါ။
            ထို့ကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ဘုရားသဘာဝအတိုင်းအစဉ်မပြတ်အသိအမှတ်ပြုပြီး ကြိုဆိုလက်ခံကာ မိသဟာယဖွဲ့ရန်ဖြစ်သည်။ ထိုသို့ပြုသောအခါ မှသာ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အပေါ်သို့ ယေရှုကို ပို၍နက်နဲစွာ ဖော်ပြပြီး နှုတ်ကပတ်တော်များကို ပို၍ ရှင်းလင်းစွာနားလည်စေကာ၊ ယုံကြည်သောအသက်တာ၌ အံ့ဩဖွယ်ရာအသက်ရှင်နိုင်ရန် မစမည်ဖြစ်သည်။
            ဒုတိယကြီးမားသော ယုံကြည်ခြင်းနှင့်အသက်ရှင်နိုင်ရန် ကျွန်ုပ်တို့၌ ရူပါရုံရှိရန် လိုအပ်သည်။
            အာဗြဟံသည် ခိုင်မာသော ယုံကြည်ခြင်းကို ရူပါရုံဖြင့် ရရှိသည်။ နောက်ပိုင်းတွင် အမွေအဖြစ်ရရှိမည့်နေရာသို့ သွားရန် အာဗြဟံအား ရူပါရုံအားဖြင့် ခေါ်သောအခါ အာဗြဟံ သည် ယုံကြည်ခြင်းဖြင့် နာခံကာ ခါလဒဲပြည် ဥရမြို့မှ ထွက်ခွာလာသည်။
            ထို့နောက် အသက်(၉၉)နှစ်ကျော်လွန်သောအခါ အာဗြဟံသည် မျိုးဆက်ရှိလာမည့်အကြောင်း ရူပါရုံတစ်ခုကို ရရှိသည်။ ထိုရူပါရုံအားဖြင့် ယုံကြည်ခြင်းရှိလာသည်။ အသက်(၉၉)နှစ်မှ အာဗြဟံသည် ဖခင်တစ် ယောက်ဖြစ်လာသည်မှာ မည်မျှအံ့ဩဘွယ်ရာကောင်ပါသနည်း။ ထိုရူပါရုံသည် မျှော်လင့်စရာမရှိသော်လည်း အာဗြဟံသည် မျှော်လင့်ယုံကြည်ကာ အသက်တစ်ရာရှိသောအခါ၌ လူမျိုးအပေါင်းတို့၏ ဖခင်ဖြစ်နိုင်ရန် အတွက် သားတစ်ယောက်ရှိလာသည်။
            (ရောမ၊၄း၁၈)၌ “မိမိသည် အဘဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိဘဲ ယုံကြည်လျက်မျှော်လင့်၏”ဟုဆို၏။
            လူမျိုးများစွာ၏ဖခင်ဖြစ်မည်ဟူသော ရူပါရုံကို သူမည်မျှအခိုင်အမာယုံကြည်ကြောင်းနှင့်ပတ်သက်၍ (ရော၊၄း၁၉-၂၁)၌ အောက်ပါအတိုင်းမှတ်တမ်းတင်ထားသည်။
            “ယုံကြည်ခြင်းအားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့ရှိကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ၏ ၀မ်းသည်သေကြောင်းကို၎င်း၊ မအောက်မေ့၊ ယုံမှားသော စိတ်နှင့် ကင်း၍ ဘုရားသခင်၏ကတိတော်ကို တွေးတောခြင်းမရှိဘဲ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်အား ချီးမွမ်း၍ ကတိထားတော်မူသော သူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူကြောင်းကို စိတ်စွဲလန်းလေ ၏။”
            ယခုပင်လျှင် ဘုရားသခင်သည် ရူပါရုံအားဖြင့် ယုံကြည်ခြင်းကိုပေးသည်။ ယုံကြည်ခြင်းသည် ရူပါရုံကို ထားသည့် ခွက်ဖလားဖြစ်သည်။ ထို့ကြောင့် ရူပါရုံမရှိလျှင် ယုံကြည်ခြင်းကို သင်မပိုနိုင်ပါ။
            ထိုသို့ဆိုသော် ရူပါရုံကို သင်မည်သို့ ရရှိနိုင်မည်နည်း။
            ကျွန်ုပ်တို့သည် ရူပါရုံကို ဘုရားသခင်၏နှုတ်ထွက်စကားများမှ ရရှိသည်။ လူ၏အကြံအစည်စိတ်ကူးထက်သာလွန်သော ဘုရားသခင်၏ ကြီးမားသော ကတိတော်များသည်။ သမ္မာကျမ်းစာအုပ်၌ ထုပ်ပိုးထား သည်။
            ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်စကားများအားဖြင့် သင်သည် ကျန်းမာခြင်းကို ခံစားပြီး သင်၏စိတ်ဝိညာဉ်ကောင်းစားသည့်အတိုင်း အရာခပ်သိမ်းတို့၌ ကောင်းစားရန် ယေရှုနာမတော်၌ ကျွန်တော် ဆုတောင်းပါသည်။ သင်၏အသက်တာကို ရရှိရုံမျှမက ပြည့်စုံသောအသက်ကို ရရှိနိုင်ရန်အတွက် ရူပါရုံကို သင်ယုံကြည်ပါမည့်အကြောင်းကိုလည်း ယေရှုနာမ၌ ကျွန်တော် ဆုတောင်းပါသည်။
            တတိယယုံကြည်ခြင်းနှင့် အသက်ရှင်ရန် အစဉ်မပြတ် ဆုတောင်းကြရန်ဖြစ်သည်။ ဆုတောင်းခြင်းသည် အသက်ရှုခြင်းနှင့်တူသည်။ ဆုတောင်းခြင်းဖြင့် ၀ိညာဉ်ရေးရာ၌ အသက်ရှုခြင်းသည် ကျွန်ုပ်တို့၏ ယုံ ကြည်ခြင်းကို ရှင်သန်စေသည်။ ဆုတောင်းခြင်းမရှိလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို သောက်သုံးခြင်းမပြုနိုင်ဘဲ ကျွန်ုပ်တို့၏ယုံကြည်ခြင်းလည်း ဆက်လက်ရှင်သန်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် နေ့စဉ် ဆုတောင်းခြင်းအတွက် အချိန်ကို သတ်မှတ်ထားရန်လိုသည်။ အကယ်၍ သင်သည် တစ်နာရီမကဆုတောင်းပါက သင်၏ယုံကြည်ခြင်းအားကြီးလာကာ သင်၏ယုံကြည်ခြင်းသည် ပို၍ ခိုင်ခံ့လာမည်ဖြစ်သည်။
            ကိုရီးယားခရစ်ယာန်တို့သည် အခြားနိုင်ငံရှိ ခရစ်ယာန်များထက် ယုံကြည်ခြင်း၊ ခိုင်ခံ့ခြင်း၌ စံနမူနာဖြစ်ကြရသည့်အကြောင်းမှာ တစ်နှစ်လုံးနေမထွက်မှီ တနင်္ဂနွေနေ့တိုင်း အသင်းတော်ဆုတောင်းသည့်အချိန် ကို သက်သက်ယူသောကြောင့်ဖြစ်သည်။ သူတို့သည် နေ့စဉ်နေ့တိုင်း နေမထွက်မှီဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ဖတ်ခြင်းကို ပြုကြသောကြောင့် သူတို့၏ယုံကြည်ခြင်း ခိုင်ခံ့သည်။
            သို့သော်လည်း ခရစ်ယာန်များစွာတို့သည် ဆုတောင်းနေသောအချိန်၌ ဘုရားသခင်ထံမစခြင်း၊ အကူအညီကို တောင်းဆိုနေကြသေးသည်။ ၎င်းကို ယုံကြည်ခြင်းအမြင်အားဖြင့် ကြည့်ပါ။ ကလေးဆန်ပါသည်။
            ယုံကြည်ခြင်း ရင့်ကျက်သောခရစ်ယာန်တို့သည် ဆုတောင်းသောအခါ၌ ပထမဦးဆုံးအနေနှင့် ကျေးဇူးတင်ချီးမွမ်းခြင်းကို ဆက်သကြသည်။ ထို့ကြောင့် ကိုယ်နှင့်နီးစပ်သောသူအတွက် ဆုတောင်းသည်။ ချီးမွမ်း ခြင်း၊ ကျေးဇူးတင်ခြင်းတို့ကို ဘုရားသခင်အား ဆက်သပြီးနောက် ကိုယ်နှင့်နီးစပ်သောသူများ၊ မိသားစုများ၊ မိတ်ဆွေများ၊ သူငယ်ချင်းများ၊ အသင်းတော်နှင့် ဘုရားသခင်၏လုပ်ငန်းတော်များအတွက် စိတ်အားထက်သန် စွာ ဆုတောင်းပေးရသည်။ ထို့နောက် ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာပြဿနာများအတွက် ဆုတောင်းရသည်။ ဆုတောင်းသောအခါ၌ ရေနစ်သော လူတစ်ယောက်သည် အသက်ရှင်နိုင်ရန်အတွက် အစွမ်းကုန်ရုန်းကန် နေရသည့်အတိုင်း ဘုရားသခင်အား ကြိုးစားဆုတောင်းရမည်ဖြစ်သည်။ ထိုသို့ဆုတောင်းပါက သင်၏ ဆုတောင်းချက်သည် ဘုရားသခင်ထံတော်သို့ တက်သွားကာ ဘုရားသခင်၏ပလ္လင်တော်ကို လှုပ်စေမည်ဖြစ်သည်။
            စတုတ္ထအနေနှင့် -  ယုံကြည်ခြင်းဖြင့် အသက်ရှင်နိုင်ရန်အတွက် နှုတ်ကပတ်တော်များကို တိကျမှန်ကန်စွာ အသုံးပြုရန်လိုသည်။
            ယုံကြည်ခြင်းကို နှုတ်ကပတ်တော်က ကြီးစိုးရသည်။ သင်၏လျှာကို မှန်ကန်စွာအသုံးမပြုနိုင်ဘဲ အသက်တာ၌ အောင်မြင်ခြင်းရနိုင်သည်ဟု သင်ထင်မြင်ယူဆနေသေးပါက သင်သည်ကြီးမားသော အမှားတစ်ခု ကို ပြုနေခြင်းဖြစ်သည်။ “ငါမလုပ်နိုင်ဘူး” ဟူ၍ သင်၏နှုတ်ပါးစပ်နှင့် ပြောနေသရွေ့ သို့မဟုတ် သင်သည် ညည်းတွားနေသရွေ့သင်သည် ခိုးခြင်း၊ သတ်ခြင်းနှင့် ပျက်စီးခြင်းငှါလာသော မာရ်နတ်ကို ခြေကုတ်စရာပေး ခြင်းဖြစ်ပါသည်။
            အာဗြဟံသည် အသက်တရာရှိပြီး၊ စာရာ(၉၉) နှစ်ရှိသောအခါ ဘုရားသခင်သည် သူတို့၏လျှာကို တင်းကြပ်စွာဖြင့် စည်းထားပေးသည်။ ဘုရားသခင်သည် သူ၏နာမည်ကို အာဗြံမှ လူမျိုးများစွာတို့၏ဖခင်ဟူ သော အာဗြဟံသို့ ပြောင်းပေးသည်။ ဘုရားသခင်သည် စာရဲမှ လူမျိုးများ၏မိခင်ဟူသော စာရာသို့ ပြောင်းပေးသည်။ ထိုအချိန်မှစပြီး အာဗြဟံနှင့်စာရာတို့သည် အချင်းချင်းလူမျိုးများ၏ဖခင်၊ လူမျိုးများ၏မိခင်ဟုခေါ်ကြ သည်။ သူတို့၏နှုတ်ပါးစပ်နှင့်ဝန်ခံကြသည်အတိုင်း သူတို့သည်လည်း လူမျိုးများ၏ဖခင်၊ လူမျိုးများ၏မိခင် အမှန်ဖြစ်လာကြသည်။
            ဘုရားသခင်သည် သေသောသူကို အသက်ပေးပြီး သူတို့၌မဖြစ်သေးသော်လည်း ဖြစ်နေသကဲ့သို့ ခေါ်သည်။
            ထို့ကြောင့် သင်သည် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၏ကြီးစိုးမှုကို မခံဘဲ ဘုရားသခင်နှုတ်ကပတ်တော်အပေါ်၌ ရပ်တည်ပါမည်အကြောင်း ယေရှုနာမ၌ ကျွန်တော်ဆုတောင်းပါသည်။ သင်သည် ဘုရားသခင်၏ ကြီးမားသောနိမိတ်လက္ခဏာတို့ကို တွေ့ကြုံခံစားနိုင်ရန်အတွက် သင်သည် အပြုသဘောဆောင်ပြီး မှန်ကန်သောစကားကိုသာ အသုံးပြုနိုင်ပါမည်အကြောင်း ကျွန်တော်ဆုတောင်းပါသည်။
            ယုံကြည်ခြင်းနှင့် အသက်ရှင်ခြင်းတို့သည်မှာ ကျွန်ုပ်တို့ အသက်ရှင်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်ခံပြီး ယုံကြည်ခြင်းအသက်တာအားဖြင့် အံ့ဘွယ်သောအရာတို့ကို ပြုမည်ဖြစ်သည်။

x x x x x x x x x x x x x x x x x x
## အသက်တာနှင့် နားလည်သိတတ်မှု ##
]]}} ဒေါက်တာဒေးဗစ်ယုံကီချို {{[[

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့