ဘုရားသခင်စီမံတော်မူသော ဖလှယ်ခြင်း (အပိုင်း ၅)



(အပိုင်း ၅)
= == = 
အထက်တွင် ဆွေးနွေးခဲ့သော ဖလှယ်ခြင်း၏အသွင်အပြင်များသည် လူသားဘ၀ ၏အခြေခံအကျဆုံးနှင့် အရေးကြီးလိုအပ်ချက်တစ်ချို့ကို ဖြည့်ဆည်းပေးသော်လည်း ပြည့် ၀စုံလင်သည်မဟုတ်ပါ။ အမှန်တကယ်တွင် ကျွန်ုပ်တို့အား အကောင်းကို ပေးကမ်းနိုင်ရန် ယေရှုအပေါ်အဆိုးကို ကျရောက်စေသည်ဟူသော ဖလှယ်ခြင်းကို နားလည်သဘောပေါက် ခြင်းမရှိသည့်အတွက် ပုန်ကန်ခြားနားခြင်းများ ပြုလာသည်။ ကျွန်ုပ်တို့အသက်ရှင်လှုပ်ရှား ကြရာတွင် ဤအခြေခံမူကို အသုံးချရန် တတ်မြောက်လာသည်နှင့် ကျွန်ုပ်တို့၏လိုအပ်မှုခပ် သိမ်းကို ဘုရားသခင် ပြင်ဆင်ပေးတော်မူမည်ဖြစ်သည်။
            ဂလာ၊၃း၁၃-၁၄ တွင် ရှင်ပေါလု ဖော်ပြသော ဖလှယ်ခြင်း၏လက်စသတ်သည့် အသွင်အပြင် နောက်ဆုံးတစ်ခုသာ ကျန်တော့သည်။
            ဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ဆွဲခြင်းကိုခံရ သောသူတိုင်း ကျိန်ခြင်းကိုခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော် သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကိုခံရသောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ။ အကြောင်းမူကား အာဗြဟံခံရသော ကောင်းချီးမင်္ဂလာသည် ယေရှု ခရစ်အားဖြင့် တပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍ ငါတို့သည် ကတိတော်နှင့်ယှဉ် သော ၀ိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံရမည့်အကြောင်းတည်း။”
            အထက်ပါကျမ်းပိုဒ်တွင် ရှင်ပေါလုသည် တရားဟော၊ ၂၁း၃ ၌ဖော်ပြသော မောရှေ၏ပညတ်တရားတစ်ခုကို လက်ဝါးကပ်တိုင်ပေါ်က ယေရှုအား အသုံးချခြင်းဖြစ် သည်။ ထိုကျမ်းပိုဒ်အရ သစ်တိုင်ပေါ်တွင် အသတ်ခံရှာသောလူတစ်ယောက်သည် ဘုရား သခင်၏ ကျိန်ခြင်းအောက်သို့ ကျရောက်သည်။ တစ်ဖန် ရှင်ပေါလုသည် ကျိန်ခြင်းမှ ထွက် ပေါ်လာသော ဆန့်ကျင်ဘက်ဖြစ်နေသည့် ကောင်းချီးမင်္ဂလာကို ညွှန်ပြပြန်လေသည်။
ဤဖလှယ်ခြင်း၏အသွင်အပြင်ကို ခွဲခြားစိတ်ဖြာဝေဖန်သုံးသပ်သည့်အခါ
ယေရှုသည် ကျိန်ခြင်းအမင်္ဂလာကိုခံတော်မူ။
သို့မှသာ ကျွန်ုပ်တို့ ကောင်းချီးမင်္ဂလာခံစားနိုင်ရန် ဖြစ်သတည်း။
            ယေရှုပေါ်တွင် ကျရောက်သောကျိန်ခြင်းကို “ပညတ်တရား၏ကျိန်ခြင်း” အဖြစ် ဖော်ပြထားသည်။ တရားဟော၊ ၂၈ တွင် မောရှေသည် ပညတ်ရားကနာခံရာမှ ဖြစ်ပေါ်လာ သည့် ကောင်းချီးမင်္ဂလာအဆုံးသတ်စာရင်းနှင့်ပညတ်တရားချိုးဖောက်ရာမှ ဖြစ်ပေါ်လာ သည့် ကျိန်ခြင်းအဆုံးသတ်စာရင်းတို့ နှစ်ခုစလုံး ဖောပြထားသည်။ တရားဟော၊ ၂၈း၁၅-၆၈ တွင် ဖော်ပြသော ကျိန်ခြင်းအမင်္ဂလာစာရင်းကို အောက်ပါအတိုင်း ပေါင်းစပ်နိုင်ပါ သည်။
            နိမ့်ကျစေခြင်း
            မြုံခြင်း၊ သားသမီးမထွန်းကားခြင်း
            စိတ္တကာယ ဝေဒနာခံစားခြင်း
            မိသားစုအတွင်း ပြိုကွဲခြင်း
            ဆင်းရဲနွမ်းပါးခြင်း
            အညံ့ခံ အရှုံးပေးခြင်း
            ညှဉ်းပန်းနှိပ်စက်ခြင်း
            အောင်မြင်မှုမရှိခြင်း
            ဘုရားသခင်၏ အလိုတော်မတွေ့ရှိခြင်း
            သင်၏အသက်တာ နယ်ပယ်တစ်ခုခုတွင် ဤဖော်ပြပါအချက်များမှ တစ်စုံတစ်ခု က ထိတွေ့မိပါသလား။ သင်မျှော်လင့်စောင့်ဆိုင်းနေသော ဘုရားသခင်၏ကောင်းချီးမင်္ဂ လာအလင်းရောင်းကို ဖုံးကွယ်ရန် သင်၏အပေါ်တွင် မှောင်ရိပ်ကဲ့သို့သောအရာများ ရှိပါသ လား။ ရှိခဲ့လျှင်၊ သင်၏ပြဿနာအရင်းအမြစ် အကြောင်းတရားသည် ကျိန်ခြင်းမင်္ဂလာဖြစ် ကောင်းဖြစ်ပါလိမ့်မည်။ ဤကျိန်ခြင်းအမင်္ဂလာမှ သင်လွတ်ကျွတ်ဖို့ လိုအပ်ပါသည်။
            ယေရှုပေါ်တွင် ကျရောက်ခဲ့သော ကျိန်ခြင်းအမင်္ဂလာ၏ စက်ဆုပ်ရွံ့ရှာဖွယ်အလုံး စုံကို သဘောပေါက်နိုင်ရန် လက်ဝါးကပ်တိုင်ပေါ်တွင် ချိတ်ဆွဲထားသော ကိုယ်တော်ကို မြင်ယောင်ကြည့်ပါ။
            ယေရှုကို သူ့လူမျိုးများမှ ငြင်းဆန်ကြသည်။ တပည့်တော်တစ်ယောက်က သစ္စာ ဖောက် ရောင်းစားခဲ့သည်။ ကျန်ရှိသော တပည့်တော်များက စွန့်ခွာကြသည်။ (ကိုယ်တော် ၏ နောက်ဆုံးပြင်းပြစွာ ဝေဒနာခံစားချိန်တွင် တချို့က ပြန်လိုက်လာသည်)။ ကိုယ်တော် သည် ကောင်းကင်နှင့်မြေကြီးအလယ်တွင် အ၀တ်ချည်းစည်း ချိတ်ဆွဲခြင်းခံတော်မူသည်။ ကိုယ်တော်၏ကိုယ်ခန္ဓာ၌မရေတွက်နိုင်သော ဒဏ်ရာဒဏ်ချက် ပျံ့နှံ့နေသည်။ ကိုယ်တော် ၏စိတ်ဝိညာဉ်သည် လူ့ဇာတိအဖြစ်၏ အပြစ်ဒုစရိုက်ဒဏ်ကြောင့်လေးလံတော်မူသည်။ မြေကြီးသည် ကိုယ်တော်ကိုငြင်းပယ်၍ မိုးကောင်းကင်သည် ကိုယ်တော်၏အော်သံကို မတုံ့ ပြန်ပါ။ နေသူရိန်သည် မိမိ၏အလင်းစွမ်းပကားကို ရုတ်သိမ်း၍ ကိုယ်တော်ကို မှောင်မိုက်က ဖုံးလွှမ်းနေသည့် အတောအတွင်း၊ ကိုယ်တော်၏အသွေးစက်သည် ယိုစီး၍ ဖုန်ပေနေသော ကျောက်စရစ်ပေါ်သို့ကျလေသည်။ သို့သော်လည်း ကိုယ်တော်၏အသက်ဝိညာဉ်မထွက်ခွာ မီ တဒင်္ဂလေးတွင် မှောင်မိုက်ကို ထွင်းဖောက်၍ “အမှုပြီးပြီ” ဟု နောက်ဆုံး အောင်မြင် သော အသံတစ်သံ ထွက်ပေါ်လာလေသည်။
            ဂရိဝေါဟာရတွင် “အမှုပြီးပြီ”သည် စကားတစ်လုံးတည်းဖြစ်သည်။ ထိုစကားလုံး မှာ ကြိယာဖြစ်ပြီး “အမှုအရာတစ်ခုခု အဆုံးသတ်အောင်မြင်သည်”ဟု အဓိပ္ပါယ်ရသည်။ အင်္ဂလိပ်ဘာသာစကားအရ “လုံးလုံးလျားလျား အဆုံးသတ်သည်” သို့မဟုတ် “ပြည့်ဝစုံ လင်စေခဲ့ပြီ” ဟု အဓိပ္ပါယ်ရသည်။     
            သင်သည် ယေရှု၏ယဇ်ပူဇော်ခြင်း အကြောင်းအရာ အစုံအလင်ကို ယုံကြည်ခြင်း ဖြင့် လက်ခံနိုင်ပါသလား။ ဤကဲ့သို့ ယဇ်ပူဇော်ခြင်းကြောင့် သင့်အတွက် ပြင်ဆင်တော်မူ သည့် ကောင်းချီးမင်္ဂလာများကို ယုံကြည်ခြင်းဖြင့် လက်ခံနိုင်ပါသလား။ ဘုရားသခင်၏ ပြည့်ဝစုံလင်သော ပြင်ဆင်ပေးတော်မူခြင်းကို ခံစားရန် စိတ်ဆန္ဒရှိပါသလား။
            ကျွန်ုပ်တို့ ရင်ဆိုင်ဖြေရှင်းရမည့် အတားအဆီးတစ်ခုရှိသည်။ ၎င်းမှာ ခွင့်မလွှတ် သော အပြစ်ဖြစ်ပါသည်။ ယေရှု၏ယဇ်ပူဇော်ခြင်းကြောင့် သင်၏အပြစ်ဟူသမျှ ဖြေလွှတ်ပြီး ပြီဟု သေချာသော စိတ်ချမှုရှိပြီးပြီလား။ မရှိသေးပါက သင်အစပြုရမည့်နေရာမှာ ဤနေရာ ပင်ဖြစ်ပါသည်။
            အောက်ပါအတိုင်း ဆုတောင်းခြင်းဖြင့် ဆက်ကပ်နိုင်ပါသည်။
            ဘုရားသခင်၊ ကျွန်တော်ဟာ အပြစ်သားတစ်ယောက်ဖြစ်တယ်လို့ ၀န်ခံပါတယ်။ ကျွန်တော့်အသက်တာမှာ အပြစ်ရှိကြောင်း နားလည်ပါတယ် ကျွန်တော့်အပြစ်များကို ဖြေ လွှတ်နိုင်ရန် ယေရှုသည် အပြစ်ဒဏ်ခံခဲ့ကြောင်း ယုံကြည်ပါတယ်။ ထို့ကြောင့် ကျွန်တော် အပြစ်များကို ယေရှုနာမတော်အားဖြင့် ဖြေလွှတ်ပါရန် တောင်းလျှောက်ပါတယ်၊ ကိုယ် တော်။
            “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိ သမျှနှင့်ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့် ၎င်း၊ ပြည့်စုံတော်မူ၏။”(၁ယော၊၁း၉)ဟု ဘုရားသခင်၏နှုတ်ကပတ်တော်က ကတိပြုတော် မူပါသည်။ ဤစာကို ဖတ်ရှုရင်းမှာပင် သင်၏အပြစ်အားလုံးကို အမှန်တကယ်လွှတ်ပြီးပြီဟု ယုံကြည်ပါ။
            စစ်မှန်သော ယုံကြည်ခြင်းကို အလွယ်ကူဆုံး၊ အရိုးရှင်းဆုံး တုံ့ပြန်ရန်မှာ “ကျေး ဇူးတင်ပါတယ် ကိုယ်တော်”ဟု ဆိုရုံမျှသာဖြစ်ပါသည်။
            အခုပင် လက်တွေ့လုပ်ကြည့်ကြပါစို့။ “ကိုယ်တော်၊ ကျေးဇူးတင်ပါတယ်။ သခင် ယေရှု၊ အကျွန်ုပ်၏အပြစ်များကို ဖြေလွှတ်နိုင်ရန် ကျွန်ုပ်ကိုယ်စား အပြစ်ဒဏ်ခံတော်မူတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အပြည့်အ၀ နားမလည်နိုင်သည့်တိုင်အောင် ကျွန်ုပ်ယုံကြည် ပါတယ်။ ကျေးဇူးကြီးလှပါတယ်”ဟု ပြောရန်သာလိုပါတော့သည်။
            အပြစ်အုတ်တံတိုင်းဖယ်ရှားပြီးနောက်၊ လက်ဝါးကပ်တိုင်အားဖြင့် ဘုရားသခင် ဖန်တီးပေးတော်မူသော အခြားအသင့်ပြင်ဆင်မှုများကို ခံစားနိုင်ရန် လမ်းပွင့်နေပါပြီ။ အပြစ် ဖြေလွှတ်ခြင်းနှင့်အလားတူ ဘုရားသခင်ပြင်ဆင်ပေးမှုများ တစ်ခုစီလက်ခံရနိုင်ရန် ဘုရား သခင့်နှုတ်ကပတ်တော်ကိုသာ ယုံကြည်ဖို့လိုအပ်ပါသည်။
            ကျွန်ုပ်တို့အယောက်တိုင်းသည် ကိုယ်စီလိုအပ်ချက်ရှိကြသည်ဖြစ်ရာ၊ ကိုယ်တော် လိုရာကို တောင်းလျှောက်နိုင်ရန် ဘုရားသခင်အား တစ်ဦးချင်း ချဉ်းကပ်ရပါမည်။
            ဤစာအုပ်ငယ်လေးထဲတွင် ဖော်ပြသော အခြားကြိုတင်ပြင်ဆင်ပေးတော်မူချက် များကို တောင်းလျှောက်ရာ၌ အသုံးပြုရန် စကားရပ်အချို့ကို အောက်တွင် ဖောပြပါသည်။
သခင်ယေရှု၊ အကျွန်ုပ်၏အနာရောဂါငြိမ်းစေရန် ကိုယ်တော်သည် ဒဏ်ရာဒဏ် ချက် ခံတော်မူသည့်အတွက် ကျေးဇူးတင်ပါတယ်။
သခင်ယေရှု၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားဖြင့် အကျွန်ုပ်ကို ဖြောင့်မတ်စေ ရန် ကိုယ်တော်သည် အကျွန်ုပ်၏အပြစ်ဒုစရိုက်များကို ဆောင်ယူသည့်အတွက် ကျေးဇူးတင်ပါသည်။
သခင်ယေရှု၊ အကျွန်ုပ်၌ ထာဝရအသက်ရရှိရန် အကျွန်ုပ်ခံရမည့် သေခြင်းတရား ကို ကိုယ်တော်ခံပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
သခင်ယေရှု၊ ကိုယ်တော်၏ကြွယ်ဝချမ်းသာခြင်းကို အကျွန်ုပ်မျှဝေရယူနိုင်ရန် အကျွန်ုပ်၏ဆင်းရဲနွမ်းပါးခြင်းကို ကိုယ်တော်ခံပေးသည့်အတွက် ကျေးဇူးတင်ပါ တယ်။
သခင်ယေရှု၊ ကိုယ်တော်၏ဘုန်းအသရေကို မျှဝေရယူနိုင်ရန် အကျွန်ုပ်၏အရှက် ကွဲအကျိုးနည်းခြင်းကို ကိုယ်တော်ယူတင်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူး တင်ပါတယ်။
သခင်ယေရှု၊ အကျွန်ုပ်ကို ခမည်းတော်မှ ပြန်လည်လက်ခံစေနိုင်ရန် အကျွန်ုပ်၏ အပယ်ခံခြင်းကို ကိုယ်တော်ခံပေးတော်မူသည့်အတွက် ကျေးဇူးတင်ပါတယ်။
သခင်ယေရှု၊ အကျွန်ုပ်ကောင်းချီးမင်္ဂလာခံစားနိုင်ရန် ကိုယ်တော်သည် ကျိန်ခြင်း အမင်္ဂလာခံတော်မူသည့်အတွက် ကျေးဇူးတင်ပါတယ်။
            သင်တောင်းဆိုသော ကြိုတင်ပြင်ဆင်ချက်တစ်ခုစီသည် အစဉ်လိုက် ရှေ့တိုးခြင်း ဖြစ်ပါသည်။ မူလဆုတောင်းချက်သည် သင်၏အသက်တာထဲသို့ ဘုရားသခင်၏ ဘုန်းတန် ခိုးစီးဝင်စေရန်ဖြစ်သည်။ ဤသို့ဆိုစေကာမူ၊ အစပျိုးခြင်းမျှသာ ဖြစ်ပါသည်။ သင်လိုလား တောင့်တသော ပြင်ဆင်ပေးတော်မူချက်ကို အပြည့်အ၀ အသုံးချနိုင်ရန် လိုအပ်သော အချက်(၃)ခုမှာ၊-
၁။ ဤသမ္မာတရားများကို ကျမ်းစာအုပ်ထဲတွင် သင်ကိုယ်တိုင်လေ့လာဖတ်ရှုပါ။
၂။ သင်၏လိုအပ်ချက်နှင့်ကိုက်ညီသော ဖလှယ်ခြင်း၏အသွင်အပြင် တိတိကျကျ၊ ဆက်ခါ ဆက်ခါ အခိုင်အမာပြောဆိုပါ။
၃။ သင်ရယူသောပြင်ဆင်ပေးတော်မူချက်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို အ ဆက်မပြတ် ချီးမွမ်းပြောဆိုပါ။
            ဘုရားသခင်အား ကျေးဇူးတင်လေလေ၊ သင့်အတွက် ကိုယ်တော်ဘာလုပ်ပေး တော်မူသည်ကို ပို၍ယုံကြည်ပါလိမ့်မည်။ ယုံကြည်လေလေ၊ ကိုယ်တော်အား ကျေးဇူးတင် လိုသောစိတ်ဆန္ဒ ပိုလာလိမ့်မည်။
            ဤအမှုအရာနှစ်ခု - ယုံကြည်ခြင်းနှင့်ကျေးဇူးတင်ခြင်း၊ ကျေးဇူးတင်ခြင်းနှင့် ယုံ ကြည်ခြင်းတို့သည် ဘုရားသခင်၏အသင့်ပြင်ဆင်တော်မူခြင်း အပြည့်အ၀ကို ခံစားနိုင်ရန် သင့်ကို လှေကားထစ်ပမာမြင့်သည်ထက်မြင့်အောင် အထက်သို့ပို့ဆောင်သွာပါလိမ့်မည်။
+ + + + + + 
## (အပိုင်း ၆) ကို ဆက်လက်ဖော်ပြသွားပါမည်။ ##

+ + + + + 
မှတ်ချက်=
အသက်တာပြောင်းလဲစေသော
ဝိညာဉ်ရေးရာ တန်ခိုတော်
(DerekPrince) မှ ကောက်နုတ်ဖော်ပြပါသည်

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့