ဘုရားသခင် စီမံတော်မူသော ဖလှယ်ခြင်း (အပိုင်း ၆)
အပိုင်း ၆
ဘုရားသခင်၏ကာကွယ်မှု၌ ယုံကြည်စိတ်ချမှုကို ကြေညာခြင်း
            အကျွန်ုပ်ကို ရန်မူရန်ကြံစည်သော မည်သည့်လက်နက်မဆို မကြီးပွားရပါ။ အကျွန်ုပ်ကို ဆန့်ကျင်၍ တရားစီရင်သော လျှာတိုင်းကို အကျွန်ုပ်ရှုတ်ချပါသည်။ အို၊ ကောင်းကင်ဗိုလ်ခြေထာဝရဘုရား၊ ဤအခွင့်အာဏာသည် သခင်ဘုရား၏ အစေခံအနေ ဖြင့် အကျွန်ုပ်၏အမွေမဟုတ်ပါလော။ အကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် ကိုယ်တော်ထံမှ လာသည်မဟုတ်ပါလော။
            အကျွန်ုပ်ကို ပုတ်ခတ်၍ စကားပြောသောသူများရှိလျှင်လည်းကောင်း၊ အကျွန်ုပ် အား ဆန့်ကျင်၍ ဆုတောင်းပတ္ထနာ ပြုသောသူများရှိလျှင်လည်းကောင်း၊ အကျွန်ုပ်ကို ဘေး ဒုက္ခရောက်စေလိုသောသူများ အပယ်ဘ၀ရောက်စေလိုသောသူများရှိလျှင်လည်းကောင်း၊ သူတို့ကို အကျွန်ုပ်ခွင့်လွှတ်ပါသည်(နာမည်သိလျှင် အမည်ဖော်ထုတ်ပြောဆိုရန်)။ ထိုသူ တို့ကို ခွင့်လွှတ်ပြီးနောက် ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးမင်္ဂလာပေးရန် တောင်းလျှောက်ပါသည်။
            အို၊ ဘုရားသခင် ယခု ကျွန်ုပ်ကြေညာပါသည်။ ကိုယ်သာလျှင် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်မှလွဲ၍ အခြားဘုရားမရှိကြောင်း ယုံကြည်ပါသည်။ ဖြောင့်မတ် သောဘုရားတစ်ဆူအဖြစ်နှင့် ကယ်တင်ရှင်အဖြစ်၊ ခမည်တော်၊ သားတော်နှင့် ၀ိညာဉ်တော် ကို အကျွန်ုပ် ရှိခိုးကိုးကွယ်ပါ၏။
            ယနေ့ ကိုယ်တော့်အား အသစ်တစ်ဖန် နာခံမှုအပြည့်အ၀ဖြင့် ကျွန်ုပ်ကိုယ်တိုင် ထပ်မံဆက်ကပ်ပါငည်။ ဆက်ကပ်ပြီးနောက် အိုအရှင်သခင်၊ ကိုယ်တော်၏နှုတ်ကပတ် တော်သွန်သင်သည့်အတိုင်း ပြုလုပ်ပါမည်။ စာတန်မာရ်နတ်ကို တွန်းလှန်ပါသည်။ သူ၏ ဖိနှိပ်ခြင်းမျိုးစုံ၊ တိုက်ခိုက်မှုမျိုးစုံ၊ လှည့်ဖြားမှုမျိုးစုံနှင့် အကျွန်ုပ်ကို ဆန့်ကျင်ရန် ကြံဖန်သော လက်နက်သော်လည်းကောင်း၊ ကိုယ်စားလှယ်သော်လည်းကောင်း၊ အားလုံးတို့ကို တွန်းလှန်ပါသည်။ အညံ့မခံပါ။ ယေရှု၏နာမတော်အားဖြင့် နတ်ဆိုးကို တိုက်ထုတ်ပါသည်။
၁။ မဿဲ၊ ၅း၄၃-၄၅။ ရော၊၁၂း၁၄။
            အထူးသဖြင့် ဤအရာတို့ကို အကျွန်ုပ်ငြင်းဆန်တွန်းလှန်ပါသည်။ မကျန်းမာခြင်း၊ ရောဂါဘယကူးစက်ခြင်း၊ နာကျင်ခြင်း၊ ငန်းမန်းတက်ခြင်း၊ အငြိုးထားခြင်း၊ ထုံကျင်ခြင်း၊ ရောဂါဘယပိုးအမျိုးမျိုး။
၂။ သင့်ကို ဒုက္ခပေးသော ရောဂါအမည်များ၊ နတ်ဆိုးမျးကို ဖော်ပြရန်။ မျက်လှည့်၊ လက် လှည့် စုန်းကဝေအမျိုးမျိုးနှင့် ကိုယ်စိတ်မကျန် အန္တရာယ်ပြုတတ်သော အရာခပ်သိမ်းတို့ကို ငြင်းဆန်တွန်းလှန်ပါသည်။
            အို၊ ဘုရားသခင် နောက်ဆုံးအနေဖြင့် ကိုယ်တော်အားထပ်၍ ကျေးဇူးတင်ပါ သည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုယဇ်ပူဇော်ခြင်းအားဖြင့် ကျိန်ခြင်းအမင်္ဂလာအောက် မှ အကျွန်ုပ်ကင်းလွှတ်သည်သာမက ချီးမြှောက်ခြင်း၊ ကျန်းမာခြင်း၊ ကြီးပွားခြင်း၊ မျိုးပွားခြင်း၊ အောင်နိုင်ခြင်း၊ ဘုရားသခင် မျက်နှာသာရရှိခြင်းနှင့် ဘုရားသခင်နှင့် မိတ်ဆွေ ဖွဲ့ခြင်းစသော ကောင်းချီးမင်္ဂလာအပေါင်းတို့ကို ကိုယ်တော်ချပေးသနားတော်မူသော အာဗြ ဟံကဲ့သို့ ကောင်းချီးမင်္ဂလာအဖြာဖြာကို ခံစားပိုင်ခွင့်ပေးသနားတော်မူပါ။ အာမင်။
ဘုရားသခင် စီစဉ်တော်မူသော ဖလှယ်ခြင်း
            ဤယဇ်ပူဇော်ခြင်းကို အခြေခံ၍ ရှင်ပေါလုသည် ဖိ၊၄း၁၉ တွင် ဤကဲ့သို့ ရေးသား ပါသည်။ “ငါ၏ ဘုရားသခင်သည် ဘုန်းအာနုဘော၌ စံပယ်တော်မူသောစည်းစိမ်ရှိသည် အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။” သင်၏ အလိုရှိသမျှသည် သင်၏အသက်တာတစ်ခုလုံး ခြုံငုံသည်-
            ကိုယ်ခန္ဓာ
            စိတ်အာရုံ
            အသက်ဝိညာဉ်
            ဩတ္တပ္ပစိတ်
            ငွေကြေး
            သင်၏အသက်တာတွင် ဘုရားသခင် စီမံတော်မူသော ဖလှယ်ခြင်းကို မည်ကဲ့သို့ အသုံးချတတ်ရန် လေ့လာသင်ယူပါ။
+ + + + + 
မှတ်ချက်=
အသက်တာပြောင်းလဲစေသော
ဝိညာဉ်ရေးရာ တန်ခိုတော်
(DerekPrince) မှ ကောက်နုတ်ဖော်ပြပါသည်။
+ + + + + + + 
ဘုရားသခင် စီမံတော်မူသော ဖလှယ်ခြင်း အစအဆုံးကို   PDF  ဖိုင်ဖြင့်ရယူလိုပါက
= = = = = 
အပေါ်တစ်ခုဖြင့် အဆင်မပြေပါက
Comments
Popular posts from this blog
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ
ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း
သင်၏တဲရာကို ကျယ်စေလော့