လွတ်ကျွတ်ရန် ခြေလှမ်းခုနစ်လှမ်း
၈      လွတ်ကျွတ်ရန် ခြေလှမ်းခုနစ်လှမ်း
            ကယ်တင်ခြင်းဟူသော စကားလုံးသည် ကျွန်တော်တို့အသက်ရှင်သန်ရေးတွင် ဘုရားသခင် လုပ်ဆောင်လိုသော လုပ်ဆောင်စရာဟူသမျှကို ပေါင်းစပ်ထားခြင်းဖြစ်ပါ သည်။ ဂရိဘာသာစကား Sozo ကို ဓမ္မသစ်ကျမ်းတွင် အမျိုးမျိုးအဓိပ္ပါယ်ပြန်ဆိုခြင်းကြောင့် ဤကယ်တင်ခြင်းလုပ်ဆောင်မှုတစ်ခုလုံးကို တစ်မျိုးတစ်ဖုံ မှေးမှိန်စေခဲ့ပါသည်။ Sozo ကို ပုံမှန်အားဖြင့် “ကယ်တင်”ဟု ပြန်ဆိုပါသည်။ သို့သော် အပြစ်ဖြေလွှတ်ခြင်းထက် ကျော်လွန်၍ တစ်မျိုးတစ်မည် အသုံးပြုသောနေရာများစွာရှိနေပါသည်။
            ယခု ဥပမာတစ်ခုပြမည်ဆိုလျှင် Sozo စကားလုံးကို လူများအနာရောဂါငြိမ်းစေ သည့်အမှုများတွင် အသုံးပြုသည်။ နတ်ဆိုးများ၏လက်မှ ကယ်လွှတ်သည့်အမှုနှင့် လူသေ ကို ပြန်ရှင်စေသည့်အမှုတို့တွင်လည်း Sozo စကားလုံးကို အသုံးပြုသည်။ လာဇရုကိစ္စတွင် အသည်းအသန် ဖျားနာရာမှ ပြန်လည်ကျန်းမာခြင်းကို ဖော်ပြရန် အသုံးပြုသည်။ (၂တိ၊ ၄း၁၈)တွင် သခင်ဘုရား၏မကောင်းသောအမှုရှိသမျှတို့မှ ကယ်နုတ်၍ ကောင်းကင်နိုင်ငံ တော်သို့တိုင်အောင် မစပို့ဆောင်မည့်အကြောင်းကို ဖော်ပြရာတွင်လည်း ရှင်ပေါလုသည် ဤစကားလုံးကို အသုံးပြုခဲ့ပါသည်။
            ကယ်တင်ခြင်း၏ လုပ်ရပ်ဟူသမျှသည် လူ၏အသက်ရှင်နေခြင်း ကဏ္ဍအားလုံး တွင် ပါဝင်သည်။ (၁သက်၊ ၅း၂၃)တွင် ရှင်ပေါလု၏ဆုတောင်းပတ္ထနာပြုခြင်းကို ဤကဲ့သို့ လှလှပပပေါင်းချုပ်ထားပါသည်။ “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းတော်မူပါစေသော၊ ငါတို့သခင် ယေရှုခရစ်ကြွလာတော်မူသောအခါ သင်တို့၏ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဉ်အပေါင်းကို အပြစ် တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။” ကယ်တင်ခြင်းသည် လူတစ် ကိုယ်လုံးနှင့် သက်ဆိုင်သည်။ ၀ိညာဉ်၊ စိတ်နှင့် ကိုယ်ခန္ဓာ ခရစ်တော် ဒုတိယအကြိမ်ကြွ လာသည့်အခါ ကိုယ်ခန္ဓာရှင်ပြန်ခြင်းအားဖြင့်သာ စုံလင်စေခဲ့မည် ဖြစ်ပါသည်။
            ကယ်တင်ခြင်းအမှုတော် ပြင်ဆင်ခြင်းအလီလီတွင် မည်သူမှ တစ်ကြိမ်တစ်ခါ တည်းဝင်စားခြင်း မပြုပါ။ ကယ်တင်ခြင်းအမှုကို ကြိုတင်ပြင်ဆင်ခြင်း အဆင့်ဆင့်ကို တစ်ဆင့်မှတစ်ဆင့် တိုးတက်ဖို့ဖြစ်ပါသည်။ ခရစ်ယာန်အမြောက်အမြားတို့သည် အပြစ်ဖြေ လွှတ်ခြင်းကို ကျော်လွှတ်၍ရှေ့သို့ ကြိုတင်မရောက်ဖူးပါ။ အခမဲ့ အဆင်သင့်ရနိုင်သော အခြားကြိုတင်ပြင်ဆင်မှုများကို ခရစ်ယာန်အမြောက်အမြားတို့သည် သတိမထားမိကြပါ။
            လူတစ်ယောက်၏ ကြိုတင်ပြင်ဆင်ထားမှုအလီလီကို ရရှိဖို့ အစီအစဉ်ကို ကျွန်တော်တို့ကို ပုဂ္ဂိုလ်တစ်ဦးစီအဖြစ် ပေါင်းသင်းဆက်ဆံသည့် ဘုရားသခင်၏အစိုးရခြင်း ဖြင့် သတ်မှတ်ပိုင်းခြားပါသည်။ ကျွန်တော်ကိုယ်တိုင် သတိမပြုမိသည့်တိုင်အောင်မည် သည့်အချိန်၊ မည်သည့်အရာများကို ကျွန်တော်တို့ အလိုအပ်ဆုံးဖြစ်သည်ကို ဘုရားသခင် သိရှိတော်မူပါသည်။ ကျွန်တော်တို့ အလိုအပ်ဆုံးဖြစ်သည်ကို ဘုရားသခင် သိရှိတော်မူပါ သည်။ ကျွန်တော်တို့ တစ်ယောက်ချင်းအား ရွေးချယ်ပိုင်ခွင့်ပေးထားပါသည်။ ရွေးချယ်ရ မည့်အကြောင်းအရာတို့မှာ ရှင်းလင်းပါသည်။ ၎င်းတို့မှာ အသက်တာနှင့် ကောင်းချီးမင်္ဂလာ သည် တစ်ဘက်တွင်ဖြစ်ပြီး သေခြင်းနှင့်အမင်္ဂလာသည် တစ်ဘက်တွင် ဖြစ်ပါသည်။ မည်ကဲ့သို့သော ခြေလှမ်းဖြင့် ဤကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို ပိုင်းခြားရွေးချယ်တတ်မည် နည်း။ လိုက်နာရမည့် ပုံစံတစ်ခုကို သတ်မှတ်ခဲ့ပါသည်။ မည်သည့်နည်းနှင့်မဆို၊ အမင်္ဂလာမှ လူများလွတ်ကျွတ်နိုင်ရန် ကျွန်တော်အသုံးပြုခဲ့သော ခြေလှမ်းခုနစ်လမ်းတို့ကို အောက်တွင် ဆက်လက်ဖော်ပြပါသည်။
၁။ ခရစ်တော်သည် သင့်ကိုယ်စား ယဇ်ပူဇော်ခြင်း၌ သင်၏ယုံကြည်ခြင်းကို ၀န်ခံပါ။
            (ရော၊၁၀း၉-၁၀)တွင် ရှင်ပေါလုသည် ယေရှု၏ယဇ်ပူဇော်ခြင်း အကျိုးကျေးဇူးကို ခံစားနိုင်ရန် မရှိမဖြစ် ခြွင်းချက်နှစ်ခုရှိသည်ဟု ဤကဲ့သို့ ရှင်းပြခဲ့ပါသည်။ သင်သည် သခင် ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ရောက် ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည် ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ၀န်ခံရ၏။ နှုတ်ဖြင့် မ၀န်ခံမချင်း စိတ်နှလုံးထဲတွင် ယုံကြည်ရုံဖြင့် အပြည့်အ၀ ထိရောက်မှုမရှိဟု ဆိုလိုပါသည်။
၂။ သင်၏ ပုန်ကန်ခြင်းနှင့် အပြစ်အားလုံး နောင်တရပါ။
            ဘုရားသခင်ကို အန်တုသည့်စိတ်နေသဘောထားနှင့် ၎င်းအပြစ်များမှ ဖြစ်ပေါ် လာသော ဆိုးကျိုးများအတွ့် သင့်အတွက် တာဝန်ရှိကြောင်း သင်လက်ခံရပါမည်။ ဘုရား သခင် တောင်းဆိုသော နောင်တရခြင်းကို ဖော်ပြသည့် အကြံပြုဝန်ခံချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
            ကျွန်တော်၏ ပုန်ကန်ခြင်း အပြုအမူဟူသမျှနှင့် အပြစ်ဟူသမျှတို့ကို စွန့်လွှတ်ခဲ့ ပါသည်။ ကျွန်တော်၏ အရှင်သခင်အဖြစ် ကိုယ်တော်အား ကျွန်တော်ကိုယ်ကို အပ်နှံခဲ့ပါ သည်။
၃။ အပြစ်ဒုစရိုက်အားလုံး ဖြေလွှတ်ခြင်းကို လက်ခံပါ။
          ကျွန်တော်တို့၏ ကိုယ်စိတ်ဝိညာဉ်ရှင်သန်ရေးအတွက် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ပိတ်ပင်သည့် ကြီးမားသောအတားအဆီးမှာ မဖြေလွှတ်သော အပြစ်ဖြစ်ပါ သည်။ ကျွန်တော်တို့၏ အပြစ်များကို ဖြေလွှတ်ရန် ဘုရားသခင်သည် ကြိုတင်ပြင်ဆင်ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော်တို့သည် မိမိတို့အပြစ်များကို မ၀န်ခံသမျှ ကိုယ်တော်သည် ခွင့်လွှတ်မည်မဟုတ်ပါ။ သင်ပြုမိသော တစ်စုံတစ်ရာအပြစ်ကြောင့် ကျိန် ဆဲခြင်းခံနေရသည်ကို သင့်အား ဘုရားသခင်ဖော်ပြခြင်း ဖြစ်ကောင်းဖြစ်ပါမည်။ သို့ဖြစ်လျှင် ထိုအပြစ်များကို သီးခြားစီဝန်ခံပါ။ “ကိုယ့်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ် များကို လွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊ ဘုရားသခင်သည် သစ္စာတရားနှင့် ၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။ (၁ယော၊ ၁း၉)။
၎။ သင့်ကို ပြစ်မှားသောသူတစ်ပါးကို ခွင့်လွှတ်ပါ။
            ကျွန်တော်တို့ ကိုယ်စိတ်ဝိညာဉ်သုံးပါး အသက်ရှင်သန်ရေးအတွက် ဘုရားသခင် ၏ ကောင်းချီးမင်္ဂလာကို ပိတ်ပင်သော ကြီးမားသည့် အဟန့်အတားနောက်တစ်ခုမှာ သူ တစ်ပါးအား မိမိတို့စိတ်နှလုံးမှ ခွင့်မလွှတ်နိုင်ခြင်း ဖြစ်ပါသည်။ သူတစ်ပါးကို ခွင့်လွှတ်ခြင်း သည် စိတ်အာရုံလှုပ်ရှားခြင်းမှ ဖြစ်လာသည်မဟုတ်ဘဲ ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်ပါသည်။ မည်သူ့အား ခွင့်လွှတ်စရာရှိသည်ကို ဖော်ပြပေးရန် ဘုရားသခင်အား တောင်းလျှောက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် မစပါလိမ့်မည်။ သို့သော် သင့်ကိုယ်စား ၀ိညာဉ်တော်မှ ခွင့်လွှတ်ပေးမည်မဟုတ်ပါ။ ဘုရားသခင် ကျွန်တော် . . . . . . . . . . . . . ကို ခွင့်လွှတ်ပါ သည်ဟု ကျယ်လောင်စွာ ဆုတောင်းပါ။
၅။ အထက်လမ်းပညာ သို့မဟုတ် စာတန်နှင့်သက်ဆိုင်သော အမှုအရာအားလုံးကို ပယ်ရှားပါ။
            အထက်လမ်းပညာ သို့မဟုတ် စာတန်နှင့် သက်ဆိုင်သော အမှုအားလုံးကို ပယ်ရှားရမည့်အရေးသည် အလွန်ကျယ်ပြန့်ပါသည်။ ဤအမှုအရာများတွင် ပါဝင်ခဲ့ဖူးလျှင် စာတန်၏နိုင်ငံထဲသို့ မသိမသာ ၀င်စားခဲ့ခြင်းဖြစ်နေပါပြီ။ ထိုအချိန်မှစ၍ သင်သိသည်ဖြစ် စေ၊ မသိသည်ဖြစ်စေ၊ သင်သည် စာတန်၏ အစေခံဖြစ်နေသည်။ သင့်ကို တရားဝင်ပိုင်ဆိုင် ပြီဟု သူထင်နေသည်။
            စာတန်နှင့်ပတ်သက်မှုဟူသမျှကို အပြီးအပိုင်ဖြတ်တောက်ဖို့ လိုအပ်ပါသည်။ စာတန်နှင့် မည်ကဲ့သို့ ပတ်သက်မိသည်ကို တိတိကျကျမသိလျှင် ရှင်းရှင်းလင်းလင်းသိ အောင် ဘုရားသခင်ကို မေးလျှောက်ပါ။ အထက်လမ်း၊ အောက်လမ်း နတ်ဝိဇ္ဇာပညာနှင့် သက်ဆိုင်သော ပစ္စည်း၊ ပစ္စယဟူသမျှကို ဖျောက်ပစ်ဖို့လိုအပ်ပါသည်။ ရုပ်ပုံ၊ ဓာတ်ပုံ၊ လက်ဖွဲ့အဆောင်အယောင်၊ စာအုပ်စသည်တို့ပါဝင်သည်။ မီးရှို့ပစ်၊ ထုချေပစ်၊ ဖျက်ဆီးပစ် ရန် လိုအပ်ပါသည်။
၆။ ယခု သင်သည် ကျိန်ခြင်းမှ လွတ်ကျွတ်သော ဆုတောင်းပတ္ထနာပြုရန် အသင့်ဖြစ် နေပြီ။
          လက်ဝါးကပ်တိုင်ပေါ်တွင် ကိုယ်တော်ကို ယဇ်ပူဇော်ခြင်းအားဖြင့် သင့်အတွက် ယေရှုရယူထားသော ကောင်းချီးမင်္ဂလာအပေါ်တွင်သာ သင်၏ယုံကြည်ခြင်းကို အခြေပြုရန် အရေးကြီးပါသည်။ ကယ်လွှတ်ခြင်းအတွက် သင် အားထုတ်မရှာဖွေနိုင်ပါ။ သင်သည် ထိုက်တန် ဖို့ မလိုပါ။
            သင့်တော်လျောက်ပတ်မည့် ဆုတောင်းပတ္ထနာကို တင်ဆက်ပါသည်။
            ယေရှုခရစ်ဘုရား ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဘုရားသခင်ထံသို့ တစ်ခုတည်းသောလမ်းဖြစ်၍ ကျွန်ုပ်၏အပြစ်များအတွက် လက်ဝါးကပ်တိုင်တွင် အသေခံပြီး သေခြင်းမှ ပြန်လည်ထမြောက်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။
            ကျွန်ုပ်၏ ပုန်ကန်အန်တုခြင်းဟူသမျှနှင့် အပြစ်ဟူသမျှ စွန့်လွှတ်သော ကိုယ်တော် သည် ကျွန်ုပ်၏အရှင်သခင်အဖြစ် ကျွန်ုပ်ကိုယ်ကို အပ်နှံဆက်ကပ်ခဲ့ပါသည်။
            ကိုယ်တော်၏ရှေ့တော်တွင် ကျွန်ုပ်၏ အပြစ်ဒုစရိုက်များကို ၀န်ခံကာ ကိုယ်တော် ဖြေလွှတ်ပေးဖို့ တောင်းလျှောက်ပါသည်။ အထူးသဖြင့် ကျိန်ခြင်းကို ခံရအောင် ပြုမိခဲ့သော အပြစ်များကို ဖြေလွှတ်ရန် တောင်းလျှောက်ပါသည်။ ကျွန်ုပ်၏ ဘိုးဘေးများ အပြစ်တရားမှ ဖြစ်ပေါ်လာသော ဆိုးကျိုးဟူသမျှတို့မှလည်း ကယ်လွှတ်တော်မူပါ။
            ဘုရားသခင်သည် ကျွန်ုပ်ကို ခွင့်လွှတ်ရန်အလိုရှိသကဲ့သို့ ကျွန်ုပ်ကို စိတ်နာကြည်း အောင် ပြုလုပ်သောသူများ၊ သို့မဟုတ် ပြစ်မှားသူများကို ကျွန်ုပ်၏အလိုဆန္ဒအလျောက် ခွင့်လွှတ်ပါသည်။ သီးခြားဖော်ပြမည်ဆိုလျှင် . . . . . . . . . . . . . ကို ခွင့်လွှတ်ပါ။
            အထက်လမ်း၊ အောက်လမ်း၊ နတ်ဝိဇ္ဇာ၊ မှော်အတတ် သို့မဟုတ် စာတန်မာရ်နတ် နှင့်ပတ်သက်၍ လုပ်မိကိုယ်မိခြင်းရှိခဲ့လျှင် ယခု ပယ်ရှားပါ။ ၎င်းကိစ္စပတ်သက်သော “ရုပ် ပစ္စည်းများ” ရှိခဲ့လျှင် အားလုံး ဖျက်ဆီးပစ်ရမည်ဟု မိမိကိုယ်ကို ဆက်ကပ်ခဲ့ပါပြီ။ အကျွန်ုပ် ကို စာတန်တောင်းဆိုပိုင်ခွင့်ဟူသမျှ ဖယ်ရှားပစ်ပါသည်။
            သခင်ယေရှုဘုရား၊ ကျွန်ုပ်ကို ထိခိုက်နိုင်သည့် ကျိန်ခြင်းဟူသမျှကို ကိုယ်တော် သည် လက်ဝါးကပ်တိုင်ပေါ်တွင် ယူတင်ဆောင်ရွက်ခဲ့ပြီဟု ကျွန်ုပ်ယုံကြည်ပါသည်။ ထို့ ကြောင့် ကိုယ်တော်၏ နာမတော်အားဖြင့် ကျွန်ုပ်အသက်တာကို ထိခိုက်နေသော ကျိန်ခြင်း အမင်္ဂလာဟူသမျှတို့ကို ကျွတ်လွတ်ပေးပါရန် တောင်းလျှောက်ပါသည်။ သခင်ယေရှုဘုရား
            ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်သည် ကျိန်ခြင်းအမင်္ဂလာမှ ကျွတ်လွတ်ခဲ့ပြီဖြစ်သော ကြောင့် ကျေးဇူးတင်ပါသည်။ အာမင်။
၇။ လက်ခံရရှိပြီးပြီဟု ယုံကြည်ကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ၌ကျင်လည်ပါ။
          ဤအခြေအနေ၊ ဤအဆင့်တွင် ဘုရားသခင်သည် သင့်အား မည်ကဲ့သို့သော ကောင်းချီးမင်္ဂလာကို မည်ကဲ့သို့ ပေးကမ်းမည်ကို ဆန်းစစ်ဖို့ မကြိုးစားပါနှင့်။ ဘုရားသခင်၏ လက်ထဲတွင် ထားပါ။ ကိုယ်တော်၏ အလိုဆန္ဒအတိုင်းလုပ်ပါစေ။ သင်စိတ် ပူစရာမလိုပါ။ သင်၏တာဝန်မှာ မိမိစိတ်နှလုံးတံခါးကိုဖွင့်၍ ခြွင်းချက်မရှိကိုယ်တော်ပြုသမျှ ကို ယုံကြည်လက်ခံဖို့ဖြစ်ပါသည်။ ကိုယ်တော်၏ ကောင်းချီးမင်္ဂလာကြောင့် ဖြစ်ပေါ်လာ မည့်အကျိုးကျေးဇူးတို့ကို မျက်မြင်ကိုယ်တွေ့ခံစားဖို့မှာ အလွန်စိတ်စိတ်ရွှင်လန်းစရာဖြစ်ပါ လိမ့်မည်။
## ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ ##
## By Derek Prince ##
Comments
Popular posts from this blog
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ
ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း
သင်၏တဲရာကို ကျယ်စေလော့