မှောင်ရိပ်အောက်မှ အလင်းသို့
၉      မှောင်ရိပ်အောက်မှ အလင်းသို့
            ပြီးခဲ့သောအခန်းက သွန်သင်ချက်များကို သင်လိုက်နာလျှင် မမြင်နိုင်သော နယ်နိ မိတ်တစ်ခုကို သင်ကျော်လွှားခဲ့ပါပြီ။ ကွဲပြားခြားနားသော အရင်းအမြစ်မျိုးစုံမှ ကျိန်ခြင်းမျိုးစုံ တို့၏ အမှောင်ရိပ်အောက်တွင် နယ်ပယ်တစ်ခုလုံးကို သင်နောက်ကျော်ပေးခဲ့ပါပြီ။ သင်၏ ရှေ့တွင် ဘုရားသခင်၏ကောင်းချီးမင်္ဂလာအဖြာဖြာနှင့် ထိန်လင်းနေသော နယ်ပယ်သည် အတားအဆီးမရှိ ပွင့်လျက်ရှိနေပါသည်။
            ခရစ်တော်အားဖြင့် သင်သည် အမွေခံရပါသည်။ သို့သော် ထိုအမွေကို သင်ခံစား ရန် သင်ကိုယ်တိုင် စူးစမ်းရှာဖွေတောင်းဆိုမှရပါမည်။ (တရား၊ ၂၈း၂-၁၃)တွင် မောရှေဖော် ပြခဲ့သော ကောင်းချီးမင်္ဂလာပေါင်းချုပ်ကို ပြန်လေ့လာကြည့်ရအောင်။
            ချီးမြှောက်ခြင်း      ကြီးပွားချမ်းသာခြင်း
            ကျန်းမာခြင်း        အောင်ပွဲခံခြင်း
            မျိုးပွားခြင်း          ဘုရားသခင်ရှေ့တော်တွင် မျက်နှာရခြင်း
            ဤစကားများကို ထပ်ဆိုကာ ဤအမွေများကို သင့်အား အကောင်အထည်ဖော် စေရန် ဘုရားသခင်အား တောင်းလျှောက်ပါ။ ဤအမွေခံခြင်းတစ်ခုစီအတွက် ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည် ယုံကြည်ခြင်းကို အသန့်စင်ဆုံး၊ အရိုးသားဆုံးဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ သင်၏ အသက်တာတွင် ကျိန်ခြင်းဒဏ်ကို ကြာရှည်စွာခံစားခဲ့သည် ရှိသော်၊ သင်၏ဩတ္တပ္ပစိတ်ထဲတွင် ထိုကျိန်ဒဏ်၏အရိပ်အခြေ လက်ကျန်ခိုအောင်းချင် ခို အောင်းနေပါဦးမည်။ တစ်မုဟုတ်ခြင်း ပျောက်ကွယ်သွားချင်မှ ပျောက်ကွယ်သွားပါလိမ့် မည်။ သို့သော် ဤအလားအလာကောင်းသော ကောင်းချီးမင်္ဂလာ စကားလုံးများကို ရေရွတ်နေလျှင် မှောင်မိုက်သော ကွင်းပြင်သို့ အလင်းရောင် မှေးမှိန်စွာ ၀င်လာရာမှ မကြာ မီ ကွင်းပြင်တစ်ခုလုံး လင်းလာသကဲ့သို့ တွေ့မြင်ပါလိမ့်မည်။
            မှောင်ရိပ်အောက်မှ အလင်းသို့ ကူးပြောင်းခြင်းသည် ပုံစံအမျိုးမျိုးဖြင့် ကူးပြောင်း လေ့ရှိပါသည်။ လူအယောက်တိုင်းအတွက် သတ်မှတ်သည့်ပုံစံမရှိပါ။ လူတချို့သည် ခဏ လေးဖြင့် ကျွတ်လွတ်ခြင်းခံစားကာ သမ္မာကျမ်း၏ ကတိတော်များအတိုင်း ချက်ချင်းခံစား သည်ဟု ထင်ရပါသည်။
            အခြားလူအတွက်၊ စိတ်ထားအတူတူ မှန်ကန်လျက်နှင့် ကြာရှည်ရုန်းကန်နေသည့် သဘောရှိသည်။ အထူးသဖြင့် နတ်ဝိဇ္ဇာတွင် လေးနက်စွာ ပါဝင်ပတ်သတ်သူများသည် ပိုမို၍ ရုန်းကန်တတ်ကြပါသည်။
            ဘုရားသခင်၏ ရှုမြင်ခြင်းသည် ကျွန်တော်တို့၏ ရှုမြင်ခြင်းနှင့်မတူပါ။ အထွတ်အထိပ် အစိုးပိုင်သောသူဖြစ်ရကား၊ ကိုယ်တော်၏ လုပ်ဆောင်မှုအခြေအနေကို ကျွန်တော်တို့အနေဖြင့် နားမလည်မသိရပါ။ ကိုယ်တော်သည် သစ္စာတရားနှင့်ပြည့်စုံသော၊ ကတိတော်တည်သော ဘုရားဖြစ်တော်မူပါသည်။ သို့သော်လည်း အမှုကိစ္စအများဆုံးတွင် ကြိုတင်မဖော်ပြသော အကြောင်းအရာနှစ်ခုရှိပါသည်။ လူတစ်ဦးချင်း၏ အသက်တာတွင် မည်ကဲ့သို့ အတိအကျပြုလုပ်မည်ဟူသော အကြောင်းနှင့်မည်သည့်အချိန်အခါတွင် အတိ အကျ လုပ်မည်ဟူသောအကြောင်း ဖြစ်ပါသည်။
            (ဂလာတိ၊ ၃း၁၃-၁၄)တွင် ရှင်ပေါလု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သော အစားထိုးလဲလှယ် ခြင်း၏ ကောင်းသောအလားအလာအပိုင်းကို နောက်တစ်ဖန် ပြန်လေ့လာဖို့ လိုပါသည်။
သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်းကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရ သောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနုတ်တော်မူပြီ။ အကြောင်းမူ ကား၊ အာဗြဟံခံရသော ကောင်းချီးမင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသား တို့၌ သက်ရောက်သည်ဖြစ်၍ ငါတို့သည် ကတိတော်နှင့် ယှဉ်သော ၀ိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံရကြမည့် အကြောင်းတည်း။
            ထိုကတိတော်ပေးထားသော ကောင်းချီးမင်္ဂလာနှင့်ပတ်သက်၍ အရေးကြီးသော အချက်သုံးချက်ကို ရှင်ပေါလုညွှန်ပြပါသည်။ ပထမဆုံး ထိုကောင်းချီးမင်္ဂလာများသည် မရေ မရာ သို့မဟုတ် မရှင်းလင်းသည့်အရာမဟုတ်ပါ။ (ကမ္ဘာ၊ ၂၄း၁)တွင် ဖော်ပြသော အာဗြဟံ ၏ ကောင်းချီးမင်္ဂလာများသည် ပြတ်ပြတ်သားသား သီးခြားစီ ဖော်ပြထားပါသည်။ အားလုံး ခြုံငုံ၍ ဤကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ “ထာဝရဘုရားသည် အာဗြဟံကို အရာရာ၌ ကောင်းကြီးပေးတော်မူပြီ။”
            ဒုတိယအနေငြဖ့် ကောင်းချီးမင်္ဂလာများသည် ခရစ်တော်အားဖြင့်သာ လာသည်။ ကျွန်တော်တို့၏ ကောင်းမှုကုသိုလ်ကြောင့် မရနိုင်ပါ။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှင့် တော်စပ်မှသာရနိုင်သည်။
            တတိယအနေဖြင့် ကောင်းချီးမင်္ဂလာသည် (သန့်ရှင်းသော) ၀ိညာဉ်တော်၏ ကတိတော်အဖြစ် ထပ်ဆင့်၍ အဓိပ္ပါယ်ဖော်ပြထားပါသည်။ ယေရှု၏ ယဇ်ပူဇော်ခြင်းအား ဖြင့် ကျွန်တော်တို့အတွက် အဖိုးအခပေးထားခဲ့သမျှသော အရာအားလုံးတွင် ကျွန်တော်တို့ နှင့်အတူ ခံစားနိုင်ရန် သုံးပါးတစ်ဆူပေါင်းစပ်ထားသော ပုဂ္ဂိုလ်သုံးပါး ဖြစ်သည့် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်တို့ ပါဝင်ကြသည်။ ကျွန်တော်တို့၏ ဇာတိပကတိအသိဥာဏ်ဖြင့် အားလုံးခြုံငုံမသိနားမလည်နိုင်သော်လည်း ကျွန်တော်တို့ အပြည့်အ၀အမွေခံနိုင်ရန်နှင့် ကျွန်တော်တို့အတွက် ဘုရားသခင်ပြင်ဆင်ပေးခဲ့သော အရာတို့ကို သင့်လျော်သလို သုံးစွဲနိုင်ရန် သန့်ရှင်းသော ၀ိညာဉ်တော်၏ လမ်းပြမှုကို အားကိုးအားထားပြုရပါမည်။
            (ရော၊ ၈း၁၄)တွင် သန့်ရှင်းသောဝိညာဉ်တော်၏ ထူးခြားသောကဏ္ဍကို ဤကဲ့သို့ လေးလေးနက်နက် ဖော်ပြထားပါသည်။ ဘုရားသခင်၏ ၀ိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူ သမျှသောသူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ သန့်ရှင်းသောဝိညာဉ်တော်ဆုံးမပဲ့ပြင် ခြင်းသည် တစ်ကြိမ်တစ်ခါတ်း အပြီးအပိုင် ထိတွေ့ခံစားခြင်းမဟုတ်ပါ။ ပြီးပြည့်စုံခြင်းသို့ တဖြည်းဖြည်း တရွေ့ရွေ့ကြီးပြင်းတိုးတက်သည်နှင့်အမျှ အသက်တာတစ်လျှောက်တွင် ထိတွေ့ခံစားရမည့်အရာဖြစ်ပါသည်။
            အရှေ့ဘက် မလေးရှားစာရ၀ပ်ကျွန်းတွင် နေထိုင်ကြသော လူမျိုးစုထဲတွင် ဘိုင် ဘန်လူမျိုးမှာ အများစုဖြစ်ပါသည်။ သူတို့၏ ယဉ်ကျေးမှုသည် နတ်ပွဲနတ်ကန္နားများကြီးစိုး သည်။ သူတို့ကို အကာအကွယ်ပေးရန် ကျိန်ဆဲခြင်းနှင့် ဘိုးဘေးဘီဘင်များကို ကိုးကွယ်ပ သခြင်းတို့ပါဝင်သည်။ ထိုကဲ့သို့သော ချုပ်နှောင်ခြင်းမှ လွတ်မြောက်ဖို့ သတင်းကောင်းကို ဟောပြောသည့်အခါ များစွာထိရောက်မှုရှိပါသည်။ တောရွာ၊ ဇနပုဒ်အမြောက်အမြားတွင် သတင်းကောင်းဟောပြောမှုကြောင့် အမှားကို ၀န်ခံခြင်း၊ နောင်တရခြင်းရှိသည့်အခါ ဆုတောင်းပေးခြင်းအားဖြင့် နတ်ဆိုးလက်မှ အမြောက်အမြားကယ်လွှတ်ခြင်းခံခဲ့ကြရပါ သည်။ ကျေးရွာတိုင်းတွင် ဘိုးဘွားအဆောင်ယောင် လက်ဖွဲ့မျိုးစုံကို ဂုံနီအိတ်ကြီးအပြည့် ကောက်ခံမီးရှို့ ဖျက်ဆီးခဲ့ပါသည်။
            တစ်နေရာ၌ ဤကဲ့သို့ လုပ်ဆောင်ရသည့်ကြားထဲတွင် ကျကျနနမသန့်စင်စေခဲ့ သော အိမ်တန်းရှည်ကြီးတစ်ခုတွင် နတ်ဆိုးသည် ကြီးစိုးနေဆဲဖြစ်သည်ကို တွေ့ရပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်၏ စေခိုင်းချက်အရ သူတို့အခေါ်အရ ယေရိခေါ ချီတက် ပွဲကို လည်းကောင်း၊ အိမ်တန်းစီပတ်လည်တွင် တစ်ရွာသားလုံး စီတန်းချီတက်ကြရာ၊ ခုနစ်ပတ် အပြည့်တွင် ခေါင်းဆောင်လုပ်သူက “ရပ်” ဟု အော်ပါသည်။ ဤတွင် သူတို့အမှတ်မဲ့ မေ့ကျန်ရစ်ခဲ့သော လက်ဖွဲ့အဆောင်တစ်ခုသည် ကြမ်းပြင်သို့ ပြုတ်ကြလာခဲ့ပါသည်။ ဤ လက်ဖွဲ့အဆောင်သည် တစ်ရွာလုံးတွင် တန်ခိုးအကြီးဆုံးသော မန္တရားဖြစ်မှန်းသိကြလေ တော့သည်။ ဤမန္တရားအဆောင်ကိုပါ မီးရှို့ဖျက်ဆီးပြီးသည့်အခါ တစ်ရွာလုံးတွင် ကြီးစွာ သော ငြိမ်သက်ဝမ်းမြောက်ခြင်း သက်ရောက်ခဲ့ပါသည်။
            သန့်ရှင်းသောဝိညာဉ်တော်ကို နာခံ၍ လျှောက်လှမ်းရန် ဘုရားသခင့်နှုတ်ကပတ် တော်၏ ကတိတော်များကို ယုံကြည်စိတ်ချစွာ ဖွင့်ဟပြောဆိုရန် သင်ယူတတ်မြောက်လာ သည်နှင့်အမျှ ထိုအရှေ့မလေးရှားစာရ၀ပ်ကျွန်းမှ ငြိမ်သက်ခြင်းနှင့် ၀မ်းမြောက်ခြင်းမျိုးကို သင်လည်း ခံယူနိုင်ပါသည်။ အခန်း(၈)ထဲက ကယ်လွှတ်ရေးဆုတောင်းပတ္ထနာ၌ (ဟေဗြဲ၊ ၃း၁)တွင် ဖော်ပြသည့် “ယေရှုသည် ငါတို့ဝန်ခံသော ယဇ်ပုရောဟိတ်မင်းဖြစ်သည်”ဟူ သော သမ္မာတရားအပေါ်တွင် မူလဗဟိုပြုနေပါသည်။ ဤအခြေခံမူသည် ခရစ်တော်၏ရှေ့ ဆက် မိတ်သဟာယဖွဲ့ရာတွင် အဓိကလိုက်နာရမည့်အချက်ဖြစ်ပါသည်။ ရင်ဆိုင်ရသည့် အခြေအနေတိုင်းတွင် ယေရှုကို ကျွန်တော်တို့၏ ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် အမှုတော် ဆက်လက်ထမ်းဆောင်ရာတွင် အသနားခံရန် သင့်တော်လျောက်ပတ်သော သမ္မာကျမ်းနှင့် ကိုက်ညီသည့် ၀န်ခံခြင်းဖြင့် တုံ့ပြန်ပါသည်။
            အများဆုံး အခြေအနေတွင် တုံ့ပြန်ရန် ဖြစ်နိုင်ဖွယ် လမ်းသွယ်သုံးသွယ်ရှိပါသည်။ အလားအလာကောင်းသော သမ္မာကျမ်းနှင့် ကိုက်ညီသည့် ၀န်ခံခြင်း၊ လုံး၀၀န်မခံခြင်းနှင့် သမ္မာကျမ်းနှင့်မကိုက်ညီသော အလားအလာမကောင်းသော ၀န်ခံခြင်းဖြစ်ပါသည်။ အလား အလာကောင်းသော ၀န်ခံခြင်းကို ပြုလုပ်လျှင် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရာကျရောက်ပါ သည်။ အလားအလာမကောင်းသောဝန်ခံခြင်း ပြုလုပ်လျှင် မကောင်းဆိုးဝါးနတ်ဆိုးတန်ခိုး ကို ဖိတ်ခေါ်ရာရောက်ပါသည်။
            စစ်မှန်သော ယုံကြည်ခြင်းဖြင့် သမ္မာကျမ်းအရ ၀န်ခံခြင်းသည် စိတ်ကူးယဉ်သော အမှုအရာတို့၏ ခြားနားမှုကို ခွဲခြားတတ်ရန် အရေးကြီးပါသည်။ ပထမဆုံး “ကျမ်းစာသ ဘောအရ ၀န်ခံခြင်း”သည် ကျမ်းစာ၏ဖွင့်ဆိုချက်နှင့် ကတိတော်များ၌ ကန့်သတ်ထား သည်။ ကျမ်းစာ၏ ဖွင့်ဆိုချက်နှင့် ကတိတော်များကို မကျော်လွန်နိုင်ပါ။ ဒုတိယအနေဖြင့် ကတိတော်နှင့် ဆက်နွယ်သည့် သင့်တော်လျောက်ပတ်သောအကြောင်းအရာများကို ပြည့်စုံစေမှသာ ၀န်ခံခြင်းသည် အကျုံးဝင်သည်။ ၀န်ခံခြင်းသည် ဘယ်သောအခါမှ နာခံ ခြင်း၏အစားထိုးမဖြစ်ရပါ။
            တတိယအနေဖြင့် ၀န်ခံခြင်းကို ပုထုဇဉ်လူသား၏ ဆန္ဒ သို့မဟုတ် စိတ်ဓာတ်ခိုင် မာမှုဖြင့် အဆင်ပြေသလို “စနစ်” သို့မဟုတ် “ထုံးဖွဲ့မှု” အဖြစ် မလျှော့ချနိုင်ပါ။ ဘုရားသခင်ကို ကိုယ်ကြိုက်သလို လက်တစ်လုံးကြား ကြိုးဆွဲကိုင်တွယ်၍မရပါ။ စိတ်နှလုံး ထဲတွင် စစ်မှန်သောယုံကြည်ခြင်းကို သန့်ရှင်းသော ၀ိညာဉ်တော်က ဖြစ်စေနိုင်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ကြောင့် စိတ်ထဲ၌ဖြစ်ပေါ်လာသော ယုံကြည်ခြင်းသည် ၀န်ခံသောအရာကို ဖြစ်မြောက်စေရန် တန်ခိုးအားဖြင့် သွင်းထားသော စကားလုံးများကို ဖြစ် ပေါ်စေသည်။ (ဟေဗြဲ၊ ၁၀း၂၃)တွင် ကျွန်တော်တို့၏ ယုံကြည်သက်ဝင်ခြင်း၌ ဇွဲရှိရန် ဤကဲ့ သို့ တိုက်တွန်းသည်။ မျှော်လင့်ခြင်းအကြောင်းကို ၀န်ခံ၍ မတိမ်းမယိမ်းဘဲ တည်ကြည်ကြ ကုန်အံ့။ အကြောင်းမူကား၊ ကတိထားတော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။
            မည်သို့ဖြစ်စေ ယုံကြည်ခြင်းကို အပြည့်အ၀ အောင်အောင်မြင်မြင် ဖော်ထုတ်ဖွင့် ဆိုနိုင်ရန် ၀န်ခံခြင်းကို ကျော်လွန်သော အဆင့်မြင့် သမ္မာကျမ်း အတွေးအခေါ်တစ်ခုရှိပါ သည်။ အကြောင်းအရာမှာ ကြော်ငြာခြင်းဖြစ်ပါသည်။ မည်သည့် ဆန့်ကျင့်မှု၊ လှုံ့ဆော်မှုမှ မငြိမ်းသတ်နိုင်သော စိတ်ချယုံကြည်မှုကို ဖော်ပြသည်။ ခုခံနေရာမှ တိုက်စစ်အသွင်သို့ ကူး ပြောင်းခြင်းကို ဆိုလိုပါသည်။
            ကျွန်တော်တို့ ဇနီးမောင်နှံတို့ အမှုတော်ဆောင်ရာတွင် နေ့စဉ် မိမိတို့ကိုယ်ကို မည် ကဲ့သို့ အကာအကွယ်ပြုကြသည်ကို မေးမြန်းကြပါသည်။ စုပေါင်း၍ဖြစ်စေ၊ တစ်ယောက် တည်းဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြော်ငြာဖို့ မှန်မှန်ကျင့်သုံးကြပါသည်။ ညစဉ်ညတိုင်း အိပ်ရာမ၀င်မီ ကျွန်တော်တို့ ဇနီးမောင်နှံ၏ ကြေညာချက်ကို ရှေ့အခန်းတွင် ဖော်ပြထားပါသည်။ သင်တို့သည်လည်း အမှောင်ရိပ်မှ အလင်းသို့ ကူးပြောင်းနိုင်ရန် ကျိန်ဆဲခြင်းမှ ပြည့်ဝသော ဘုရားသခင်၏ကောင်းချီးမင်္ဂလာသို့ ကူးပြောင်းနိုင်ရန် ဤအတိုင်း လိုက်နာကျင့်သုံးဖို့ တိုက်တွန်းပါသည်။
Comments
Popular posts from this blog
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ
ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း
သင်၏တဲရာကို ကျယ်စေလော့