ကောင်းသောအဘို့ကိုရွေးယူခြင်း

လောကတွင်အသက်ရှင် နေထိုင်သာအခါ အဘယ်သို့သောအရာသည် ကျွန်ုပ်တို့အတွက်အရေးကြီးဆုံးဖြစ်သနည်း။ လောကတွင် လူသားတိုင်းသည်ဝမ်းရေးအတွက်အဓိကထား ဖွေရှာအသက်ရှင်ကြသည်။ တရားကိုကိုယ့်ရဲ့အားလက် သောအချိန်တစ်ခု၌ ရှာ ဖွေအားထုတ်တတ်ကြသည်။
ဘုရားသခင်၏နိုင်ငံတော်အတွက် ကျွန်ုပ်တို့များစွာပါဝင်ဆက်ကပ်ကြသည်။ ပေးလှူခြင်း၎င်း၊ လုပ်အားဖြင့်၎င်း၊ အဖက်ဖက်တွင် တထောင့်တနေရာဖြင့် ပါဝင်ဆက်ကပ် နေကြသည်။ သို့သော် ဘုရားသခင်နှင့်မိတ်သသာယဖွဲ့ခြင်း၌ အချိန်ပေးမှုနည်း‌ပါး ပေသည်။ (လုကာ ၁ဝး၄၁-၄၂  ယေရှုက၊ မာသ၊မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်းကိုခံရ၏။ မာရိမူကား၊ ကောင်း သောအဘို့ကိုရွေးယူပြီ၊ ထိုအဘို့ကိုအဘယ်မျှမနှုတ်မယူရာဟု မိန့်တော်မူ၏။) ထိုနှုတ်ကပတ် တော်ကျမ်းပိုဒ်၌ "များစွာသာအမှု" နှင့် ‌"ကောင်း သောအဘို့" ဆိုတာ တွေ့၍ ဆင်ခြင်မိမည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် အသင်း တော်အတွက် သာသနာလုပ်ငန်းအတွက် အဘယ်သို့ပြင်ဆင်ဆောင်ရွက်မည် ဆက်ကပ်မည်ဟု၍ စိတ်အားထက်သန်ကြပေသည်။ ထိုအမှုအရာများဖြင့် တွေးပူ၍ဝန်ထုတ်ဝန်ပိုးဖြစ်လာပေသည်။ ထိုနောက် ဘုရားထံမှ ဆက်လက်လုပ်နိုင်ရန် ခွန်အား တောင်းခံကြ‌ ပေသည်။ ကျွန်ုပ်တို့၏ အသင်း တော်အတွက် သာသနာလုပ်ငန်းအတွက် အဓိကလိုအပ်ချက်မှာ "မာရိကဲ့သို့ ကောင်း သောအဘို့ကို ရွေးယူခြင်း" ဖြစ်ပေသည်။ ထိုသို့သောအရာသည် အဘယ်သူမျှနှုတ်ယူ၍မရသော ကောင်းကြီးမင်္ဂလာဖြစ် ပေသည်။

#ဝိညာဉ်ခွန်အား
#SawDanielHtoo

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

သင်၏တဲရာကို ကျယ်စေလော့

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း