စိုးရိမ်ခြင်း

အဘယ်အချိန်တွင် စိုးရိမ်မှုအရှိဆုံးနည်း။ ဘဝ၏ပြဿနာများသည် မနိုင်ဝန်ဖြစ်လာသောအချိန် ဖြေရှင်းနိုင်သာနည်းလမ်းမစဉ်းစားရတော့အချိန်များ၌ စိုးရိမ်မှုသည်ထွက်ပါ်လာသည်။ ဘဝနဲ့ရင်း၍ဖြစ်ပေါ်လာသော စိုးရိမ်မှုကြီးကို သင်ဘယ်လို ဖြေရှင်းမည်နည်း။ 
နှုတ်ကပတ် တော်သမ္မာကျမ်းစာ၌ (ရှင်လုကာ ၈း၄၀-၅၆) တွင် တရားစရပ်မှူး ယာဣရု နှင့် တတယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသာအမျိုးသမီးအကြောင်းကို ဆင်ခြင်ကြည့်ရာ၌ သခင်ယေရှုက ထိုသူနှစ်ဦးဖြစ်သည့် ယာဣရုနှင့်အမျိုးသမီးတို့ကို ပြောသည့်စကား၌ (လုကာ ၈း၄၈ - ကိုယ် တော်ကလည်း ငါ့သမီး မစိုးရိမ်နှင့် သင်၏ယုံကြည်ခြင်းသည် သင်အနာကို ငြိမ်းစေပြီ ငြိမ်ဝပ်စွာ သွား လော့ဟု မိန့်တော်မူ၏။) ထိုအမျိုးသမီးသည် သူ၏ရောဂါပျောက်ကင်းဖို့အတွက် တဆယ်နှစ်နှစ်ပတ်လုံး ဥစ္စာရှိသ မျှအကုန်ခံ၍ ဆေးသမားများစွာကုသခဲ့သာလည်း မပျောက်ကင်းခဲ့ပါ။ ထိုကြောင့် ယခုတကြိမ်တွင် ယေရှုခရစ်တော်၏သတင်းတော်ကြား၍ ‌ယေရှု၏အဝတ်ပန်းပွါးကို တို့ရင် ရောဂါ ပျောက်မည်ဟု ယုံကြည်ကာကြိုးစားတို့ထိခဲ့သည်။ ထိုရလဒ်သည် တဆယ်နှစ်နှစ်မပျာက်သော ရောဂါ ထိုအချိန်၌ပျောက်ကင်းသွားသည်။
တရားစရပ်မှူးမှာလည်း မြော်လင့်ချက်ဖြင့်သွားခေါ်ခဲ့သည် သို့သော် လမ်းတဝက်၌သူ၏သမီးသေဆုံးသွားကြောင်းသတင်းကြားရသည်။ သို့သော် ယေရှုက (လုကာ ၈း၅၀ "ယေရှုသည်ကြားလျှင်မကြောက်နှင့် ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလော့။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့် လွှတ်လိမ့်မည်ဟု တရားစရပ်မှူးအား မိန့်တော်မူ၏"။) 
ကျွန်ုပ်တို့တွေ့ကြုံသော ပြဿနာမည်မျှကြီးမားနေပါ စေ ဖြေရှင်းဖို့အတွက်သောကရောက်စိုးရိမ်ပူပန်နေပါ စေ ထိုအတွက် အ ဖြေရှိပေသည် ထိုအဖြေသည် ယုံကြည်ခြင်းဖြစ်သည်။ သင်သည် ယုံကြည်ခြင်းစိတ်တစ်ခုတည်းဖြင့် ထာဝရဘုရားအား ယေရှုနာမဖြင့်ဆုတောင်းလိုက်ပါ။ မည်သူမှမဖြေရှင်းနိုင် သောပြဿနာ၊ မျှော်လင့်ချက်များကုန်ဆုံးသောဘဝ ထဲက နေ ပြန်လည်၍ ငြိမ်ဝပ်ချမ်းသာ ဘေးရန်အ ပေါင်းမှလွှတ်ခြင်းများကို ခံစားရ နေမည်မှာ အမှန်မုချ ပေသည်။
Saw Daniel Htoo

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့