ယုံကြည်သောစိတ်မပျက်စေခြင်းငှါ

      သင်၏ယုံကြည်သောစိတ်မပျက်စေခြင်းငှါ ငါသည်သင့်အဘို့ဆုတောင်းလေပြီ။ သင်သည်သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကိုတည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊
ရှင်လုကာ ၂၂း ၃၂
       ယနေ့ကျွန်ုပ်တို့အသက်တာတွင် ပြန်လည်ဆင်ခြင်အောက်မေ့လိုက်လျှောက်ရမည့်အချက်တစ်ခုမှာ ကျွန်ုပ်တို့ ရင်းနှီးသောမိတ်ဆွေများအတွက် သတိရဆုတောင်းပေးပြီလား။ အများအားဖြင့် ဆုတောင်းပေးကြသည်မှာအမှန်ပေ။ သို့သော် သူ၏ယုံကြည်ခြင်းခိုင်မြဲဖို့ ဆုတောင်းပေးရမည်။ လူတိုင်းသည် စုံစမ်းခြင်းကို တွေ့ကြုံကြရမည် စုံစမ်းခြင်းကို အောင်မြင်ခြင်းသည် သော့ချက်သည် ယုံကြည်ခြင်းဖြစ်ပေသည်။ ထိုသို့သော် ယုံကြည်ခြင်းအတွက် သခင်ယေရှုသည် ပေတရုအတွက်ဆုတောင်းပေးသည်ကို သမ္မာကျမ်းအားဖြင့်တွေ့ရသည်။ "သင်၏ယုံကြည်သောစိတ်မပျက်စေခြင်းငှါ ငါသည်သင့်အဘို့ဆုတောင်းလေပြီ။" ယေရှုခရစ်တော်ပြောခဲ့သည်။ နောက်ဆက်ပြောခဲ့သည်မှာ " သင်သည်သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်" ဟုဖြစ်သည်။ ကျွန်ုပ်တို့၏မိတ်ဆွေညီအစ်မောင်နှမများအတွက် သူတို့စုံစမ်းခြင်းနှင့်ရင်ဆိုင်နေရချိန် ကျွန်ုပ်တို့အဘယ်ကဲ့သို့အားပေးမည်နည်း။ ပြစ်တင်မည်လော၊ ဆုတောင်းပေးမည်လော။ ပေတရုသည် စုံစမ်းခြင်း၌မကျဆုံးသွားဖို့ သူ၏ညီအစ်ကိုတွေကို ပြန်လည်တည်ဆောက်ပေးဖို့ ယေရှုခရစ်တော်ဆုတောင်းပေးခဲ့သလို ကျွန်ုပ်တို့သည်လည်း မိတ်ဆွေညီအစ်ကိုမောင်နှမများအတွက် ဆုတောင်းပေးနေရမည်။ စုံစမ်းခြင်းကြောင့်အသက်တာ ယိုင်နဲ့သလိုဖြစ်သွားခဲ့ရှိသော ဆုတောင်းပေးခြင်းကြောင့် သူ၏အသက်တာသည် အများသူငှါအတွက် ပြန်လည်တည်ကြည်သောအသက်တာကို ဖြစ်စေမည့် အောင်မြင်ခြင်းကို ပြန်လည်ရရှိသောအသက်တာကိုဖြစ်ပေါ်စေမည်မှာအမှန်မုချပေတည်း။ 
                ကျွန်ုပ်ပတ်ဝန်းကျင်မှာရှိသော သူများအတွက် သတိရဆုတောင်းပေးပါ သူတို့၏အခက်အခဲပြဿနာတွေထက် သူတို့၏ယုံကြည်ခြင်းကို ဦးစားပေးဆုတောင်းပေးပါ ထိုမှ သူတို့၏အခက်အခဲပြဿနာများကို မည်ကဲ့သို့ဖြေရှင်းအဖြေရှာရမည်ကို သိရှိနားလည်လာမည်။ ထိုအတွက် ယုံကြည်သောစိတ်မပျက်စေခြင်းငှါ ဆုတောင်းပေးကြပါစို့။

#ဝိညာဥ်ခွန်အား
#Daniel Htoo

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

သင်၏တဲရာကို ကျယ်စေလော့

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း