စိတ်ပါကိုယ်ရောက်

"ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ၊ စိတ်ပါကိုယ်ရောက်ဧကန်အမှန် ချစ်ကြကုန်အံ့။ ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၃း၁၈"
                ယနေ့တွင် စကားကိုအလွန်တကူပြောတတ်လာကြသည် အလွန်တကူ ကတိတွေပေး၍ ပြောတတ်လာကြသည်။ အသက်ငယ်ငယ်ရွယ်ရွယ်များရှိသေးသော ကလေးများပင် ရည်းစားထားတတ်လာကြသည်။ ချစ်တယ်ဆိုတဲ့စကားလုံးကို သေချာနားလည်စွာအဓိပ္ပါယ်မဖွင့်ဆိုတတ်ပေမဲ့လည်း အလွယ်တကူပင် နင့်ကိုငါချစ်တယ်ဆို၍ ရည်းစားစကားပြောတတ်ကြလေသည်။ ယနေ့တွေ့မြင်နေရသော ပတ်ဝန်းကျင်တွင်လည်း တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ပြော၍ နောက်ကွယ်၌ ဖောက်ပြန်နေကြသော သူများစွာရှိလာပေသည်။ လမ်းမှာတွေ့၍ နှုက်ဆက်စကားပြောပြီကာ နောက်ကွယ်ရောက်ကာ အပြစ်ပြောကြသည်မှာ မနည်းပေ။ ပြုံးရွှင်သောမျက်နှာဖြင့် ဖော်ရွေနေသောလည်း စိတ်ထဲ၌ မုန်းတီးနေသော စိတ်ကူးများရှိနေပေသည်။ ဟန်ဆောင်လိမ်ညာနေသော အသက်တာဖြင့် အသက်ရှင်နေသော လောကကြီး၌ စိတ်ပါကိုယ်ရောက်ဧကန်အမှန် ချစ်ကြကုန်အံ့၊ ဟု တိုက်တွန်းနှိုးဆော်နေသောသူများကိုပင် အရူး အပိုအလုပ်တွေဟူ၍ မြင်လာကြသည်။ ဟန်ဆောင်လိမ်ညာခြင်းများသည် မကောင်းဟု သိနေသောလည်း မလွန်ဆန်နိုင်သော အကြောင်းပြချက်များဖြင့် အသက်တာ၌စစ်မှန်သောချစ်ခြင်းမေတ္တာများကို လျစ်လျူရှုကာ အသက်ရှင်နေကြသည်မှာ နှစ်ပေါင်းမည်မျှကြာနေပြီးနည်း။ အကူအညီလိုအပ်သူမှ အကူအညီတောင်းခံမှုကို အလွယ်တကူပင် ကူညီမည်ဟု ကတိပေးလိုက်သောလည်း လက်တွေ့မကူညီသောသူသည် စကားပြောကာမျှအားဖြင့်ချစ်သောသူဖြစ်ပေသည်။ ပတ်ဝန်းကျင်ရှိ မိမိညီအစ်ကိုမိတ်ဆွေများကို ချစ်နိုင်သောသူဖြစ်ဖို့လိုအပ်ပေသည်။ "မိမိညီအစ်ကိုကို မုန်းသော သူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏ လူအသက်ကိုသတ်သောသူ တစုံတယောက်၌မျှ ထာဝရအသက်မတည်သည်ကို သင်တို့သိကြ၏။ ၁ယော ၃း၁၅" နောက်တချက်၌ "အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍ သနားခြင်းကရုဏာစိတ်ကို ချုပ်တည်း၏၊ ထိုသူ၌ဘုရားသခင်၏မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။ ၁ယော ၃း၁၇" ထိုကြောင့် ဘုရားသခင်၏မေတ္တာတော်အစဥ်အမြဲ ခံစားနေရသော "ခရစ်တော်သည် ငါ့တို့အဘို့အလို့ငှါ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍ မေတ္တာတော်ကို  သိရကြပြီ၊ ငါတို့သည်လည်း ညီအစ်ကို ချင်းတို့အဘို့အလိုငှါ အသက်ကိုစွန့်ရကြ၏ ၁ယော ၃း၁၇" သူတိုင်းအတွက် မိမိညီအစ်ကိုချင်း အကူအညီလိုအပ်နေသောအခါ စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ၊ စိတ်ပါကိုယ်ရောက်ဧကန်အမှန်ချစ်ကကြ သောသူများဖြစ်ကြဖို့ တိုက်တွန်းနှိုးဆော်ပါရစေ။ 

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

သင်၏တဲရာကို ကျယ်စေလော့

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း